ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
Miss Universe Myanmar ပြိုင်ပွဲ ရေကူးဝတ်စုံနှင့် ယှဉ်ပြိုင်မည့်အစီအစဉ်ကို ရုပ်သံ လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသ နိုင်ရန် ညှိနှိုင်းနေကြောင်း ယင်း ပြိုင်ပွဲ၏ National Director ဒေါ်စိုးယုဝေကပြောသည်။
‘‘အစ်မတို့ရှေ့မှာ လုပ်သွား တဲ့အလှမယ်ပြိုင်ပွဲရဲ့ ဖျော်ဖြေ ရေးအစီအစဉ်တချို့မှာ မသင့် တော်တာပါတယ်ဆိုပြီး ရုပ်သံ လိုင်းတွေအကုန်လုံးကို ဒီပွဲတွေ လွှင့်မယ်ဆိုရင် မသင့်တော်တာ တွေမထည့်ရဘူး။ ဖြစ်လာရင် ကိုယ့်ဟာကိုယ်တာဝန်ယူရမယ် ဆိုပြီး သတိပေးထားတာတွေရှိ တော့ တိုက်ရိုက်လွှင့်ရင် အဲဒီ Round ကိုဖြတ်ရမယ့်သဘောဖြစ် နေတာ။ အဲဒါ အခု အစ်မတို့လွှင့် ခွင့်ရဖို့ ကြိုးစားနေတယ်’’ဟု ဒေါ်စိုးယုဝေကပြောသည်။
Miss Universe Myanmar ပြိုင်ပွဲတွင် ရေကူးဝတ်စုံနှင့် ယှဉ် ပြိုင်သည့်အစီအစဉ်၌ ဆန်ခါ တင်ဆယ်ဦးရွေးချယ်ခြင်းဖြစ်၍ ယင်းအစီအစဉ်မပါက တိုက်ရိုက် လွှင့်အစီအစဉ်ကို ကြည့်ရှုနေ သည့်ပရိသတ်များအတွက် အဆင်ပြေမည်မဟုတ်ဟုဆို သည်။
‘‘ပွဲမှာက ဘာပြီးရင်ဘာဆို ပြီး တင်ဆက်မှုအစီအစဉ်တွေကို ချိတ်ထားတာဆိုတော့ အဲဒီအစီအစဉ်မပါရင် ပရိသတ်တွေ အတွက်လည်း ကြည့်ရတာ အရသာပျက်သွားလိမ့်မယ်’’ဟု ဒေါ်စိုးယုဝေက ပြောသည်။
သြဂုတ် ၃၀ ရက်ကပြုလုပ် ခဲ့သော Miss Myanmar Inter- national 2015 ပြိုင်ပွဲတွင်ပါဝင် သည့် ဖျော်ဖြေရေးအစီအစဉ် အချို့၌ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် ဝတ်စားဆင်ယင် မှုများပါဝင်ခဲ့သောကြောင့် ပြိုင်ပွဲ ကျင်းပသည့်အဖွဲ့အစည်းက နိုင်ငံပိုင်သတင်းစာများမှ ပြန် လည်တောင်းပန်ခဲ့သည်။
Miss Universe Myanmar ၂၀၁၅ နှင့် ၂၀၁၆ အလှမယ်နှစ်ဦး တစ်ပြိုင်တည်းရွေးချယ်မည့်ပြိုင်ပွဲကို အောက်တိုဘာ ၃ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး မြို့အသီးသီးမှ ရွေးချယ်ထားသည့် အလှမယ်များ အပါအဝင် ဆန်ခါတင်အလှ မယ်နှစ်ဆယ်ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။
ထို့ပြင် ယင်းပြိုင်ပွဲတွင်ပါဝင် သည့် ဆန်ခါတင်အလှမယ်များ ၏ National Costume ပြိုင်ပွဲနှင့် အမှတ်တရပစ္စည်းရောင်းချသည့် ပွဲကိုလည်း စက်တင်ဘာ ၃၀ ရက် ၌ပြုလုပ်မည်ဖြစ်သည်။
‘‘National Costume ပြိုင်ပွဲ အတွက် သူတို့လုပ်ထားတာတော့ တော်တော်စိတ်ဝင်စားဖို့ကောင်း တယ်။ ဒီဇိုင်နာတွေကလည်း တော်တော်လေးလုပ်ထားကြ တယ်။ အဲဒီနေ့မှာ သူတို့ရဲ့အမှတ် တရပစ္စည်းလေးတွေကိုလည်း လေလံတင်ပြီးရောင်းမယ်။ ဖျော် ဖြေရေးအစီအစဉ်တွေလည်းပါ မယ်’’ဟု ဒေါ်စိုးယုဝေကပြော သည်။ ယင်းပြိုင်ပွဲအတွက် လက် မှတ်များကို ကျပ်ငါးထောင်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး လက် မှတ်ရောင်းရငွေများနှင့် အမှတ် တရပစ္စည်းရောင်းရငွေအားလုံး ကို ကလေးဆေးရုံနှင့် အမျိုးသမီး အားကစားအဖွဲ့သို့ လှူဒါန်းမည်ဖြစ်သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။