၁။ ဥက္ကဋ္ဌ - ဒူဝါမရန်ဇော်ဆိုင်း။
၂။ ပါတီဝင်အရေအတွက် - ၁၃,၀၀၀ ခန့်။
၃။ မဲဆန္ဒနယ်- ကချင်ပြည်နယ် မြို့နယ် ၁၃ မြို့နယ်။
၎။ ပါတီမူဝါဒ- ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံဖြစ်ပေါ်လာရေးသည် ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်။
၅။ ဆောင်ပုဒ်- ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် တည်ဆောက်ဖို့ KNCD ကို မဲထည့်စို့။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားသည့် အချက်အလက်များအရ ရွေးချယ်သည်။
၇။ ပါတီရန်ပုံငွေ− ပါတီအဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ၏ ထည့်ဝင်ငွေဖြင့် ရပ်တည်သည်။
၈။ ပါတီနောက်ခံသမိုင်း- KNCD ပါတီသည် ၁၉၄၉ ဇန်န၀ါရီ ၁၀ ရက်တွင် KNC (Kachin National Congress) အမည်ဖြင့် စတင်မှတ်ပုံတင်သည်။ ပြီးနောက် ၁၉၆၂ တွင် အာဏာသိမ်းချိန်ပါတီအား ဖျက်သိမ်းခံလိုက်ရသည်။ ပြီးနောက် ၁၉၉၀ ပြည့်နှစ်တွင် KNCD ဖြင့် ထပ်မံမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ခဲ့ရာ မဲဆန္ဒနယ် သုံးနေရာ အနိုင်ရခဲ့သည်။ ပြီးနောက် ပါတီကိုပြန်လည်ရုပ်သိမ်းခဲ့ရသည်။ KNCD ပါတီသည် UNA အဖွဲ့ဝင်ပါတီလည်းဖြစ်သည့်အတွက် ၂၀၁၀ တွင် NLD ကဲ့သို့အခြား မဟာမိတ်ပါတီများ ရွေးကောက်ပွဲမ၀င်သည့်အတွက် KNCD လည်း ၀င်ရောက်ခြင်းမရှိခဲ့။ ပြီးနောက် ၂၀၁၃ တွင် ပါတီမှတ်ပုံတင်ပြန်လည်ပြုလုပ်ပြီး ၂၀၁၅ ၌ ရွေး ကောက်ပွဲဝင်ရန် ပြင်ဆင်ခဲ့သည်။
ပါတီဒုဥက္ကဋ္ဌ (၁) ဒေါက်တာစီစီအောင်ဒွန်းနှင့်အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်းဆောင်နိုင်မလဲ။
လွှတ်တော်ထဲရောက်လို့ရှိရင် KNCD ပါတီအနေနဲ့ မဟာမိတ် ပါတီတွေနဲ့ ပူးပေါင်းပြီးမှ ဖက်ဒရယ်နိုင်ငံဖြစ်ပေါ်လာရေးအတွက် ကျွန် တော်တို့က ကြိုးစားသွားမှာပဲ။ အခြေခံဥပဒေကတော့ အများပြည်သူလူ ထုလိုလားတဲ့အတိုင်း ပြင်ဆင်သွားဖို့ ကျွန်တော်တို့ပါဝင်သွားမှာပဲ။

လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
လွှတ်တော်ထဲမှာက ဒီပြည်တွင်းငြိမ်းချမ်းရေးအတွက်က အခွင့် အရေးရရင်ရသလောက် ကျွန်တော်တို့ ပါဝင်သွားဖို့ ရည်ရွယ်ထားပြီး သားပါ။

ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထား ပါသလား။
စဉ်းစားထားတယ်။ ပြည်သူလူထုဟာဆိုရင် များသောအားဖြင့် ဆင်း ရဲကြတယ်။ သူတို့ရဲ့ နေ့စဉ်ဝင်ငွေပုံမှန်ရရှိဖို့အတွက် မိသားစုတိုင်းရဲ့ဝင် ငွေရရှိမှုနှုန်းကို စာရင်းကောက်ယူပြီးမှ သူတို့ရဲ့ ဖြစ်ပေါ်နေတဲ့ အနေအ ထားကို ကျွန်တော်တို့ချင့်ချိန်တွက်ဆမယ်။ ပြီးလို့ရှိရင် နေ့စဉ်ဝင်ငွေရတဲ့ အလုပ်ကို အိမ်ထောင်ရှင်မ အမျိုးသမီးတွေကို ကျွန်တော်တို့ကပညာ သင်ပေးမယ်။ အေး...ဒီအတတ်ပညာတွေကြောင့် သူတို့ဟာဝင်ငွေရတဲ့ အလုပ်တွေကို သူတို့လုပ်နိုင်ပြီးမှ သူတို့ရဲ့မိသားစုဝင်ငွေကို ပြေလည် အောင်လုပ်နိုင်မယ်လို့ ယူဆတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ဒီအသက် မွေးဝမ်းကျောင်းပညာတွေကို သင်ပေးဖို့အတွက် ရည်ရွယ်ချက်တွေ၊ပြင် ဆက်ချက်တွေရှိပါတယ်။

ပြည်သူတွေက KNCD ပါတီကို ဘာကြောင့်မဲပေးသင့်သလဲ။
KNCD ပါတီက အခုမှပေါ်တဲ့ပါတီမဟုတ်ဘူး။ KNC ဆိုပြီးမှ ၁၉၄၉ ကတည်းကနေပေါ်တယ်။ ဖျက်သိမ်းခံရပြီးနောက်လည်း ပြည် သူလူထုက ထောက်ခံနေတဲ့အတွက်ကြောင့် ကျွန်တော်တို့က အခွင့်အ ရေးရရင်ရသလို ဒီပါတီဟာပေါ်လာတယ်။ တခြားပါတီနဲ့ ခေတ်ပြိုင် ပေါ်လာတဲ့ ပါတီတွေဟာတစ်ခုမှမရှိတော့ဘူး။ ကျွန်တော်တို့ KNCD ပါတီဟာ ဘယ်တော့မှ ပြည်သူတွေကို မပစ်ထားဘူး။ ပြည်သူတွေက လည်း KNCD ပါတီကိုအမြဲတမ်း ထောက်ခံနေသည့်အတွက်ကြောင့် ပါတီဟာလည်းယနေ့အထိ အသက်ရှင်ရပ်တည်နေသည့်ပါတီဖြစ်တယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ကချင်အမျိုးသားခေါင်းဆောင်တွေဟာ ပင်လုံ မှာ ချုပ်ဆိုထားခဲ့သော်လည်း ယနေ့အထိပင်လုံစာချုပ်ကို အကောင်အ ထည်မဖော်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ကချင်ပြည်သူလူထုရဲ့ အရေးကို ဆက်ပြီးမှ ဖော်ဆောင်ဖို့အတွက်က ပင်လုံစာချုပ်က အရေး ကြီးတယ်။ ဒါကြောင့် ပင်လုံစာချုပ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ကို အကောင်အထည်ဖော်ဖို့အတွက် KNCD ဟာဆိုရင် တာဝန်ရှိတယ် ဆိုတဲ့သဘောရှိတယ်။ အေး ... ဒါကြောင့် ကချင်ပြည်သူလူထုက အရင် တုန်းကလို လိုလားတဲ့အခွင့်အရေးတွေကို ပြန်ရဖို့အတွက် မူလအခွင့် အရေးတွေကို ပြန်လည်အကောင်အထည်ဖော်ဖို့အတွက် ကချင်ပြည်သူ လူထုတစ်ရပ်လုံးက ဒီပါတီကိုမဲပေးသင့်တယ်လို့ ယူဆတယ်။

သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
သမ္မတလုပ်သူက တိုင်းရင်းသားအားလုံးကို တန်းတူညီမျှလုပ်နိုင်တဲ့ လူ။ ပြီးလို့ရှိရင် ဗမာအပါအ၀င် တိုင်းရင်းသားအားလုံးဟာဆိုရင် ညီတူ ညီမျှပဲတန်းတူအခွင့်အရေးရှိတယ်လို့ ခံယူထားတဲ့ ပုဂ္ဂိုလ်မှသာလျှင် သမ္မတဖြစ်သင့်တယ်လို့ ယူဆပါတယ်။

ဒုဥက္ကဋ္ဌကိုယ်ရေးအကျဉ်း။
အသက်-(၆၈) နှစ်
ပညာအရည်အချင်း - M.B,B.S
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ခေတ်အဆက်ဆက် နိုင်ငံရေးကို စိတ်ဝင်တစားလေ့လာခဲ့ပြီး KNCD ပါတီဒုဥက္ကဋ္ဌ (၁) တာဝန်ကို ၂၀၁၃ မှ ထမ်းဆောင်ခဲ့သည်။
လက်ရှိအလုပ်အကိုင်- ဆရာဝန်။
စံပြပုဂ္ဂိုလ်- အေဗရာ ဟယ်လင်ကွန်း၊ ဂျော့ရှ်ဝါရှင်တန်။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- အမှတ် (၆၉)၊ ဒူကတောင်ရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ၀၉- ၄၃၁၅၇၃၈၂၊ ၄၄၀၀၀၁၈၄၇
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။