ကမ္ဘာပေါ်တွင် ဒုတိယအများဆုံး မူးယစ်ဆေးဝါးမှုအတွက် ရဲတပ်ဖွဲ့က အလိုရှိနေသူကို မဲဆောက်တွင် ဖမ်းမိ

မင်္ဂလာဒုံ စက်မှုဇုန်အ တွင်း ပိုင်ရှင်မဲ့တွေ့ခဲ့သည့် အမေ ရိကန်ဒေါ်လာသန်းချီသော မူး ယစ်ဆေးဝါးအမှုတွင် ရဲတပ်ဖွဲ့က အလိုရှိသည့် ကုမ္ပဏီဒါရိုက်တာ တစ်ဦးကို ထိုင်းနိုင်ငံ မဲဆောက် မြို့တွင် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
မြန်မာ-ထိုင်းနယ်စပ် မြ၀တီ မြို့ တစ်ဖက်ကမ်း မဲဆောက်မြို့ တွင် စက်တင်ဘာ ၁၅ ရက်က ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး နေပြည် တော်သို့ တိုက်ရိုက်ခေါ်၍ စစ် ဆေးနေသည်ဟု နေပြည်တော်မှ ရဲမှူးကြီးတစ်ဦးက ပြောကြား သည်။
‘‘မဲဆောက်မှာ မိတယ်။ နေပြည်တော်ကို ခေါ်သွားပြီ။ သတင်းက အတည်ဖြစ်ပါတယ်။ အသေးစိတ်မပြောနိုင်ပါဘူး’’ဟု ၎င်းက ဆိုသည်။
ထိုင်းရဲတပ်ဖွဲ့၏ အကူအညီ ဖြင့် မြန်မာရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်သူသည် ကုလားတန်မြစ် ၀ှမ်းဒေသဖွံ့ဖြိုးရေး ကုမ္ပဏီ ဒါရိုက်တာ ဦးမင်းခိုင်ဦးဖြစ် ကြောင်း သတင်းရရှိသည်။
‘‘ဖမ်းမိမိချင်း ပြည်နယ် ရဲစခန်းထဲကိုတောင် မသွင်းတော့ ဘူး။ နေပြည်တော်ကို တိုက်​ရိုက်ခေါ်သွားတာ’’ဟု ကရင်ပြည်နယ် ရဲတပ်ဖွဲ့ကဆိုသည်။
 အမေရိကန်ဒေါ်လာ သန်း ၁၄၀ ခန့်တန်ဖိုးရှိသည့် စိတ်ကြွ ဆေးပြားများကို မင်္ဂလာဒုံစက်မှု ဇုန်ဝင်းအတွင်း ဇူလိုင် ၂၆ ရက်က ပိုင်ရှင်မဲ့ ဖမ်းမိခဲ့ပြီးနောက် ဦးမင်း ခိုင်ဦးအပါအ၀င် ၁၁ ဦးကို ရဲတပ် ဖွဲ့က ဖမ်းဝရမ်းထုတ်ပြန်ထားခဲ့ ခြင်းဖြစ်သည်။ ထို့ပြင် သံသယရှိ သူ ခြောက်ဦးကိုလည်း ဖမ်းဆီး စစ်ဆေးနေသည်ဟု သတင်းရရှိ သည်။

 ကမ္ဘာပေါ်တွင် ပမာဏ ဒုတိယအများဆုံး မူးယစ်ဆေးဝါး များ ဖမ်းမိခဲ့သော အမှုဖြစ်ပြီးမူးယစ်ဆေးဝါး ပပျောက်ရေးပူး ပေါင်းဆောင်ရွက်နေသည့် ဒေသ တွင်း နိုင်ငံများကလည်း မြန်မာ နိုင်ငံအပေါ် ဖိအားပေးခဲ့သည်။ အဆိုပါ အမှုဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး မူးယစ် တပ်ဖွဲ့မှ အရာရှိအချို့ ရာထူး ဌာနအလွှဲအပြောင်းဖြစ်ခဲ့သည် ဟု ရဲတပ်ဖွဲ့အသိုင်းအ၀ိုင်းမှ သိရ ပြီး တိုက်ရိုက်သက်ဆိုင်မှု ရှိ၊ မရှိ ကို သီးခြားအတည်ပြုချက်မရရှိ ပေ။
အဆိုပါ အမှုစစ်ဆေးပေါ် ပေါက်ပါက နေပြည်တော် (သို့ မဟုတ်) ရန်ကုန်မြို့တွင် သတင်း စာရှင်းလင်းပွဲပြုလုပ်မည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။