မြောက်ဦးမြို့နယ်အတွင်း ရေဘေးသင့်ခဲ့သည့် လယ်မြေများအတွက် မျိုးစပါးဖိုးထောက်ပံ့မှု အပြည့်မရဟုဆို

မြောက်ဦးမြို့နယ်ရှိ ရေဘေးသင့်လယ်မြေအချို့၌ လုပ်ငန်းခွင်ဝင်နေကြသော စပါးစိုက်နေသူအချို့ (ဓာတ်ပုံ − မောင်ကံ)
မိုးစပါးစိုက်ချိန်ရေ ကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော ရခိုင် ပြည်နယ်မြောက်ဦးမြို့နယ်မှ ရေဘေးသင့် လယ်ယာမြေများ အတွက် မျိုးစပါးဖိုးကို သက်ဆိုင်ရာက ထောက်ပံ့ပေးရာတွင် ပျက်စီးဆုံးရှုံးခဲ့သည့်အတိုင်း အပြည့်မရရှိကြောင်း စပါးစိုက်တောင်သူများ ထံမှ သတင်းရရှိသည်။
‘‘ကျွန်တော်တို့ရွာမှာ ရေနစ် မြုပ်လို့ ပျက်စီးသွားတဲ့ စပါးစိုက် ဧက တစ်ရာ့ရှစ်ဆယ်ကျော်ရှိတဲ့ အထဲမှာ ဧက တစ်ရာ့သုံးဆယ် ကျော်ဖိုးပဲ ထောက်ပံ့ပေးပါတယ်။အဲဒီလို ပျက်စီးသွားတဲ့ စပါးစိုက် ဧကအတိုင်း ထောက်ပံ့မပေးတဲ့ အတွက် ဧကအနည်းသာ ရှိတဲ့ တောင်သူတွေ မျိုးစပါးဖိုးလုံးဝမရ လိုက်တာတွေရှိနေပါတယ်’’ ဟု မြောက်ဦးမြို့နယ် လိပ်ဆင့်ပြင် ကျေးရွာမှ တောင်သူ တစ်ဦးက ပြောသည်။
မြောက်ဦးမြို့နယ်တွင် ရေ နစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ သည့် လယ်မြေဧက ခုနစ်သောင်း ကျော်ရှိခဲ့သည်။ တောင်သူအများ စုသည် မိုးစပါးအချိန်မီစိုက်ပျိုးနိုင် ရန် မျိုးစပါးများကိုရသည့် နည်းလမ်းဖြင့် ၀ယ်ယူစိုက်ပျိုးခဲ့ ၍ သက်ဆိုင်ရာက ထောက်ပံ့ပေးသည့်မျိုးစပါးများကို စပါးမယူတော့ဘဲ ငွေများသာ လက်ခံရယူနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဆိုင်ရာ စိုက်ပျိုးရေးဦး စီးဌာနက ရေနစ်မြုပ် လယ်မြေတစ်ဧကအတွက် မျိုးစပါးတစ်တင်းနှုန်းဖြန့်ဝေပေးပြီး ငွေကြေးယူလိုသူများအတွက် တစ်ဧကလျှင် ခုနစ်ထောင်ကျပ် ပေးနေကြောင်း မြောက်ဦးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘ရေနစ်မြုပ်လို့ တောင်သူ တွေက တင်ပြလာတဲ့စာရင်းတွေ က အရမ်းဖောင်းပွနေပါတယ်။ အမှန်တကယ် ပျက်စီးဆုံးရှုံးမှုကို ကွင်းဆင်းစစ်ဆေးဖို့ကလည်း အ ဆင်မပြေခဲ့ပါဘူး။ အဲဒီအတွက် ရရှိလာတဲ့မျိုးစပါးအတွက်ငွေကို အညီအမျှ ခွဲဝေပေးခဲ့တာဖြစ်ပါ တယ်’’ ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။