ကမ္ဘာ့ကုလသမဂ္ဂမှ အကူအညီရရှိသော အမိုးစများကို ၀ံလက်နှင့် IOM တို့က မင်းပြားမြို့နယ် ကျေးရွာများသို့ပေးအပ်

စံမောင်သန်း
စစ်တွေ၊ စက်တင်ဘာ ၁၃

ကမ္ဘာ့ကုလသမဂ္ဂ၏ Central Emergency Respond Fund မှ ရခိုင်ရေဘေးသင့်ပြည်သူများသို့ ကူညီသော အမိုးစများကို ၀ံလက်ကျေးလက်ဒေဖွံ့ဖြိုးရေးနှင့် IOM တို့က မင်းပြားမြို့နယ်ရှိ ကျေးရွာတစ်ချို့သို့ မကြာသေးမီက သွားရောက် ပေးအပ်ခဲ့သည်ဟု သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ Central Emergency Respond Fund မှ အကူအညီရရှိထားသော ယာယီတဲတည်ဆောက်ရာတွင် အသုံးပြုသည့် အမိုးစ ၅၀၀ ထဲ ၁၀၁ ခုကို ပထမအကြိမ်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ၀ံလက်ကျေးလက် ဒေသဖွံ့ဖြိုးရေးဖေါင်းဒေးရှင်းမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ခိုင်ကောင်းစံက နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

“ကျွန်တော်တို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ Central Emergency Respond Fund မှ အကူအညီရရှိထားတဲ့ အမိုးစ ၅၀၀ ထဲမှ ၁၀၁ ခုကို မင်းပြားမြို့နယ်မှာရှိတဲ့ မင်းဇီချောင်း ကျေးရွာအုပ်စုနဲ့ ရွှေကမာ ကျေးရွာအုပ်စုတွေကို သွားပေးခဲ့တာဖြစ်ပါတယ်”ဟု ခိုင်ကောင်းစံကပြောသည်။

ထိုသို့ပေးအပ်ရာတွင် မင်းဇီချောင်းကျေးရွာအုပ်စုတွင် မြင်းကဆိပ်ကျေးရွာသို့ ၁၃ ခု၊ မင်းဇီချောင်း (ခ) အာသေကာလကျေးရွာသို့ ၂၆ ခု၊ မင်းဖူးကျေးရွာသို့ ၄၀ ခုနှင့် ရွှေကမာကျေးရွာအုပ်စုသို့ ပေးအပ်ရာတွင် ရွှေကမာကျေးရွာသို့ ၄ ခုနှင့် လက်မ ကျေးရွာသို့ ၁၈ ခု စုစုပေါင်း ၁၀၁ ခုဖြစ်ကြောင်း သိရသည်။

ယင်းအမိုးစများကို လုံးဝပျက်စီးသွားသောအိမ်များထဲမှ ဆင်းရဲသားမိသားစုများ၏ ဓနိမိုးအိမ်များအတွက်သာ ပေးအပ်ခြင်းဖြစ်သည်ဟု သိရသည်။

“UN က ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရခိုင်လူထုတွေ ဆုံးရှုံးနေတဲ့အတွက် IOM နှင့်ပူးပေါင်းပြီး အမိုးစတွေ တကယ်လိုအပ်နေတဲ့ ရခိုင်လူထုတွေ လက်ထဲရောက်ရှိအောင် ကျွန်တော်တို့ ၀ံလက်ဖေါင်ဒေးရှင်းအနေနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်”ဟု ခိုင်ကောင်းစံကပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ Central Emergency Respond Fund မှ အကူညီရရှိထားသော အမိုးစ ၅၀၀ ခုထဲမှ ၃၀၀ ကို မင်းပြားမြို့နယ်ရှိ ကျေးရွာများသို့ ပေးအပ်သွားမည်ဖြစ်ပြီး၊ ကျန် ၂၀၀ ခုကို မြောက်ဦးမြို့နယ်ရှိ ကျေးရွာများသို့ ပေးအပ်သွားမည်ဟု သိရှိရသည်။

____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။