ကောင်းမြတ်နိုင်
ရန်ကုန်၊ စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ်ရှိ ရေဘေးသင့် ဒေသမှ ကျောင်းသား ကျောင်းသူများအတွက် နိရဉ္စရာ သတင်းဌာနမှ တစ်ဆင့် ကျောင်းသုံး စာအုပ် စာတန်း များနှင့် ကျောင်းသုံးကရိယာများ လာရောက်လှူဒါန်းနေကြရာ ရန်ကုန်မြို့မှ ဒေါ်ဝင်းမင်းသိန်းနှင့် သူငယ်ချင်းများကလည်းကောင်း၊ မအိရွှေဇင်သင်း၊ ကိုငြိမ်းချမ်းထွန်းနှင့် မမြရည်ညို၊ မသဲသဉ္စာဦး တို့မှလည်းကောင်း ဒေါ်လမင်းနှင့် အပေါင်း အသင်းများကလည်းကောင်း ပေးပို့ လှူဒါန်းခဲ့ကြသည်။
စစ်တွေ ဇာတိ ဒေါ်ဝင်းမင်းသိန်းမှ သူငယ်ချင်းများက တန်ဖိုး သုံးသိန်းကျော်ဖိုးခန့်ရှိ ဗလာစာအုပ် ၅၀ ဒါဇင်၊ ဘောလ်ပန် ၂၅၀ ချောင်း၊ ကျောင်းလွယ်အိတ် ၅၀နှင့် ကွန်ပါဗူး ၅၀ တို့ကို စမ်းချောင်းမြို့နယ် မင်းလမ်းရှိ နိရဉ္စရာ ဂျာနယ်တိုက်သို့ ယခုလ ၈ ရက်နေ့က လာရောက် လှူဒါန်းခဲ့သည်။
အလားတူ မအိရွှေဇင်သင်း၊ကိုငြိမ်းချမ်းထွန်းနှင့် မမြရည်ညို မိသားစု၊ မသဲသဉ္ဖာဦးတို့မှ တန်ဖိုး တစ်သိန်းခန့်ရှိ ကလေးဆောင်း ထီးများ၊ ကျောင်းသုံး ဗလာစာအုပ်များ၊ သူငယ်တန်းမှ သတ္တမ တန်းထိ ကျောင်းသုံး ဖတ်စာ အုပ်များကိုလည်းကောင်း လာရောက် လှူဒါန်းခဲ့ကြသည်။
ဦးတင့်လွှင်နှင့် ဆရာမ ဒေါ်တင်မဉ္ဖူ မိသားစုကလည်း ကျပ် ၃၀၀၀၀ ဖိုးခန့် စာအုပ်စာတန်းများကိုလည်းကောင်း၊ MCC မိတ္ထိလာ မိသားစုမှလည်း ကျပ် ၃၀၀၀၀ ဖိုးရှိ စာအုပ်စာတန်းများကိုလည်းကောင်း ဒေါ်မြရည်ညိုမှ တစ်ဆင့် ပေးပို့ လှူဒါန်းခဲ့ကြသည်။
ရန်ကုန် တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်မှ မလမင်းနှင့် အပေါင်းအသင်း များကလည်း စက်တင်ဘာလ ၁၅ ရက်နေ့က တန်ဖိုး ၈၀၀၀၀ ဖိုးခန့်ရှိ စာအုပ်စာတန်းများ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ခဲဖျက်၊ကွန်ပါဗူး ခဲတံများကို နိရဉ္စရာ ရခိုင်သတင်း ဌာနသို့ ပေးပို့ လှူဒါန်ခဲ့ကြောင်း သိရသည်။ ယင်းကျောင်းသုံးပစ္စည်းများကို အလှူရှင် မလမင်းမှ လှူဒါန်းရာ နိရဉ္စရာ သတင်းဌာန ကိုယ်စား ဂျာနယ်၏ ပင်တိုင် ဆောင်းပါးရှင် မောင်ခိုင်မင်းက လက်ခံရယူခဲ့သည်။
ရေဘေးကြောင်းပျက်စီးသွား ခဲ့သည့် ရခိုင်ပြည်နယ်ရှိ ကျောင်းများ အပျက်အစီးများကို နိရဉ္စရာ သတင်း ဌာန၏ Facebook စာမျက်နှာဖြစ်သည့် Arakan State တွင် သတင်း နှင့် ဓာတ်ပုံများကို တင်ပေးခဲ့ကို မြင်တွေ့ခဲ့ရပြီးနောက် ယခုလို ကူညီလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်ဟု ဒေါ်လမင်းက ပြောသည်။
စေတနာရှင်များမှ နိရဉ္စ ရာ သတင်းဌာနသို့ ဆက်သွယ်လာရောက်လှူဒါန်း ထားသည့် ပစ္စည်းများ ကို အလှူရှင်များ ကိုယ်စား နိရဉ္စရာ သတင်းဂျာနယ် အယ်ဒီတာချုပ် ကိုခိုင်မြတ်ကျော်ကိုယ်တိုင် စက်တင်ဘာလ နောက်ဆုံးအပတ်တွင် ရခိုင်ပြည်နယ် ရေဘေးသင့် ကျေးရွာများသို့ သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသုံးစာအုပ်များ၊ ကရိယာများ ဆက်လက် လှူဒါန်းလိုသူများသည် နိရဉ္စရာ သတင်းဌာနမှ ကိုတင့်ဆွေမောင် (ဖုန်း ၀၉၂၅၀၁၃၈၂၆၀ ) သို့လည်းကောင်း၊ ကိုကောင်းမြတ်နိုင်- ( ၀၉၇၉၀၉၇၄၀၀၃) သို့လည်းကောင်း ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
___Narinjara

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။