မဲစာရင်းများ မှားယွင်းနေချိန်တွင် သမ္မတက မဲပေးခွင့်ရှိသူအားလုံး မဲပေးရန်တိုက်တွန်း

နောက်ဆုံးအကြိမ် ပြင်ဆင်ခွင့်ရမည့် မဲစာရင်းကို ဗဟန်းမြို့နယ်နေပြည်သူအချို့ ကြည့်ရှုစစ်ဆေးနေစဉ် (ဓာတ်ပုံ - နစ်ကီ)
ထပ်မံထုတ်ပြန်သော မဲစာရင်းများတွင် မဲဆန္ဒပေးပိုင် ခွင့်ရှိသူများ ပါဝင်လာခြင်းမရှိဘဲ ယခင်ထုတ်ပြန်စဉ်ကကဲ့သို့ပင် အမှားအယွင်းများဖြစ်နေကြောင်း  ဝေဖန်မှုများထွက်ပေါ်လာချိန်၌ သမ္မတဦးသိန်းစိန်က လာမည့်ရွေး ကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ ပြည်သူအားလုံး မပျက်မကွက် ဆန္ဒမဲပေးကြရန် တိုက်တွန်းပြော ကြားသည်။

စက်တင်ဘာ ၁၅ ရက်တွင် ပြုလုပ်သော ၂၀၁၅ အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့အထိမ်းအ မှတ်အခမ်းအနားသို့ ပေးပို့သည့်  နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာ ၌ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည့် အတည်ပြုမဲဆန္ဒ ရှင်စာရင်း၌ ယခင်ထုတ်ပြန်ခဲ့ သည့် အခြေခံမဲဆန္ဒရှင်စာရင်းကဲ့ သို့ပင် အမှားအယွင်းများဖြစ်ပေါ် နေဆဲဖြစ်ပြီး အမှန်တကယ် မဲ ပေးခွင့်ရှိသူများ၏ အမည်များမပါ ၀င်ခြင်း၊ မှတ်ပုံတင်အမှတ်များ၊ အခြားအချက်အလက်များမှား ယွင်းနေခြင်း၊ သေဆုံးသူများပြန် လည်ပါဝင်ခြင်းစသည့် ကိစ္စများရှိ နေကြောင်း မဲဆန္ဒရှင်အချို့နှင့် နိုင်ငံရေးပါတီအချို့က ဝေဖန် ပြောကြားမှုများ ရှိသကဲ့သို့ အင် တာနက်လူမှုကွန်ရက်စာမျက်နှာ ၌ ကျယ်ကျယ်ပြန့်ပြန့် ပြောကြား မှုများရှိနေသည်။
    ‘‘ကျွန်မတို့ကအရင်တစ်ခေါက်မဲစာရင်းကပ်ကတည်းက မှားနေ လို့ နာမည်မပါလို့ သွားပြင်ထား တယ်။ အခုတစ်ခေါက်မဲစာရင်း ထပ်ကပ်တော့လည်း နာမည်ပါမ လာဘူး။ အဲဒါကြောင့် သတ်မှတ် ပုံစံတွေဖြည့်ပြီး တစ်ခါထပ်ပြင်ရ ဦးမယ်’’ဟု တာမွေမြို့နယ်တွင်နေထိုင်သည့် မမိုးမိုးက ပြောသည်။
 အတည်ပြုစာရင်း သွား ရောက်ကြည့်ရှုရာတွင် မိမိ၏ အမည်နေရာ၌ အမျိုးသမီးတစ်ဦး ၏အမည်ကို ရေးထားပြီး အခြားအချက်အလက်များလည်း မှား ယွင်းနေကြောင်း မြောက်ဥက္ကလာ ပမြို့နယ်နေ ကိုထွန်းထွန်းကပြော သည်။
ယခုထုတ်ပြန်သည့် မဲစာရင်းများသည် ယခင်တစ်ကြိမ်ကကဲ့သို့ပင် အမှားအယွင်းများဖြစ်ပေါ်နေသည်ဟုသိရပြီး အောက်ခြေပါတီအဆင့်ဆင့်ကလည်း အမှန်တကယ်မဲပေးခွင့်ရှိသူများစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးနေ ကြောင်း အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ များဖြစ်စေရန် နိုင်ငံတော်အစိုးရ အနေဖြင့် အစွမ်းကုန်ကူညီဆောင် ရွက်မည်ဖြစ်ပြီး အနာဂတ်နိုင်ငံ တော်သစ်တစ်ရပ် ဖန်တီးတည် ဆောက်နိုင်ရန် မဲဆန္ဒရှင် ပြည်သူ များအားလုံးကလည်း တာဝန် ကျေပွန်ကြရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက အထက်ပါ သ၀ဏ်လွှာ၌ ထည့်သွင်းပြော ကြားထားသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။