တိုင်းရင်းဘာသာစကားဖြင့် ရွေးကောက်ပွဲ အသိပညာပေးရာတွင် ရခိုင်ဘာသာစကားကို ဖယ်ထုတ်ထား၍ IDEA ကို ရခိုင်မီဒီယာများ ဝေဖန်

ဝဏ္ဍခွာညို
ရန်ကုန်၊ စက်တင်ဘာ ၁၄

International IDEA မှ တိုင်းရင်းဘာသာစကားဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး စာစောင်နှင့် CD များဖြန့်ဝေရာတွင် ရခိုင်ဘာသာစကားကို ဖယ်ထုတ်ထား၍ ရခိုင်မီဒီယာများက ဝေဖန် လိုက်သည်။
ယခုလ ၁၁ ရက် နေ့ လယ် ၂ နာရီအချိန်တွင် IDEA မှ ရွေးကောက်ပွဲဆိုင်ရာအသိပညာဆွေးမှုတစ်ခုကို တိုင်းရင်းသား မီဒီယာများကို ဖိတ်ကြားပြီး ၎င်းတို့၏ ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ရှမ်း၊ ကချင်၊ ချင်း၊ ကရင်နှစ်မျိုး မွန်၊ ကယား တိုင်းရင်းဘာသာစကားဖြင့် ရွေးကောက်ပွဲ အသိ ပညာပေး စာစောင်နှင့် CDများဖြန့်ဝေမည် ဖြစ်ကြောင်း International IDEA မှ ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်သူ Ms Carine jaquet က ပြောကြားခဲ့သည်။ သို့သော် ရခိုင်ဘာသာစကားကို ယင်းအစီအစဉ်မှ ချန်လှပ်ထားသည်ကို တွေ့ရှိခဲ့ရသည်။

ယင်းရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး CDခွေတွင် တစ်ခြား တိုင်းရင်း ဘာသာ(၇) မျိုးကို ထည့်သွင်းထားသော်လည်း ရခိုင်ဘာသားစကားကို မည်သည့် အတွက်ကြောင့် ထည့်သွင်းခြင်းမရှိရပါသလဲဟု နိရဉ္စရာသတင်းဌာနမှ သတင်းထောက် ၀ဏ္ဍခွာညိုက မေးမြန်းရာ ရခိုင်ဘာသာစကားနှင့် ဗမာစကားမှာ တူညီနေ သဖြင့် ဖော်ပြထားခြင်းမရှိကြောင်း ၀ါရင့် နည်းပညာ အကြံပေး အရာရှိ Ms Carine jaquet က ပြောဆိုခဲ့ကြောင်း သိရသည်။

၎င်းအပြင် IDEA မှ စီမံခန့် ခွဲသူတစ်ဦးဖြစ်သူ ကိုဇော်ထက်အောင်ကလည်း ဗမာစကားနှင့် ရခိုင်စကားမှာ တူနေ သောကြောင့် ယခုလို တိုင်ရင်းသား ဘာသာစကားများတွင် ရခိုင်ဘာသာစကားကို သီးသန့်  ထည့်သွင်းထားခြင်း မရှိကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ရခိုင့်အသံ အယ်ဒီတာချုပ် ဒေါ်မြတ်နိုးသာမှ ရခိုင်စကားနှင် ဗမာစကားမှာ လုံးဝ မတူကြောင်း၊ ရခိုင်စကားနှင့် ဗမာစကားသာတူညီခဲ့လျင် ရခိုင်စကားဖြင့် ဂျာနယ်များ၊ စာအုပ်များ၊သမိုင်းစာအုပ်များ ထုတ်ဝေစရာ အကြောင်း မရှိကြောင်းပြောဆိုခဲ့ကြောင်း သိရသည်။

၎င်းအပြင် သူမက ယခုကဲ့သို့ တိုင်းရင်းဘာသာစကားများထဲတွင် ရခိုင် ဘာသာ စကားဖြင့်မထည့်သွင်းဘဲ ဖယ်ထုတ်ထားခြင်းမှာ လူအခွင့် အရေးအရ ချိုးဖောက် ရာရောက်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။

နိရဉ္စရာသတင်းဌာနမှ ၀ဏ္ဍခွာညိုကလည်း IDEA မှ Ms Carine jaquet ကို ရခိုင် စကားဖြင့် ရွေကောက်ပွဲဆိုင်ရာ ရှင်းလင်း အသိပညာပေးရာတွင် စာစောင်များ၊ CD များကို ရခိုင်ဘာသာ စကားဖြင့် ထည့်သွင်းသင့်ကြောင်း ထပ်မံအကြံပြုခဲ့သည်ဟု သိရသည်။

IDEA မှ Senior Technical Advisor ဖြစ်သူ Ms Carine jaquet က နောက်ပိုင်းတွင် ရခိုင်ဘာသာ စကား ကိုထည့်သွင်းဖော်ပြမည်ဖြစ်ကြောင်း၊ သို့သော်လည်း နည်းနည်းအချိန်ယူ ရမည်ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။

၎င်းအခမ်းအနားသို့ နိရဉ္စရာသတင်းဌာနမှ အကြီးတန်း သတင်းထောက် ၀ဏ္ဍခွာညို၊ ကောင်းမြတ်နိုင် (မောင်တော)နှင့် ရခိုင့်အသံအယ်ဒီတာချုပ် ဒေါ်မြတ်နိုးသာတို့ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။