အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးသာအောင် ပွဲဦးထွက် မဲဆွယ်စည်းရုံးမှု မင်းပြား၌ စတင်

စံမောင်သန်း
စစ်တွေ၊ စက်တင်ဘာ ၁၁

ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအေးသာအောင်၏ ပွဲဦးထွက် မဲဆွယ်စည်းရုံးမှုကို စက်တင်ဘာလ ၁၁ ရက်နေ့က မင်းပြားမြို့နယ်တွင် ခွေးတောက်ချောင်း ကျေးရွာတွင် စတင် ပြုလုပ်ခဲ့သည်။

ယင်းမဲဆွယ် စည်းရုံးပွဲသို့ အနီးအနားကျေးရွာများမှ ရွာသားများအပါအ၀င် လူပေါင်းတစ်ထောင်ခန့် တက်ရောက်နားထောင်ခဲ့သည်ဟု မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် လိုက်ပါခဲ့သူ ဦးသိန်းဇံကပြောသည်။

“ဒီကနေ့ နေ့လည် ၁ နာရီကနေပြီးတော့ ညနေ ၅ နာရီထိ ခွေးတောက်ချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအောက် မှာ ပြုလုပ်ခဲ့ပါတယ်။ ခွေးတောက်ချောင်း ကျေးရွာက ရွာသားတွေအပြင်၊ အုတ္တရာ၊ အိုင်ဝမ်းနဲ့ နောက်ကျေးရွာတစ်ရွာက ရွာသားတွေ လာရောက် နားထောင်ခဲ့ကြပါတယ်။ လူပေါင်း တစ်ထောင်ခန့် ရှိပါတယ်” ဟု ဦးသိန်းဇံကပြောသည်။

ဟောပြောရာတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်ကြသော ဦးအေးသာအောင်၊ ဦးစစ်နိုင်၊ ဦးလှအောင်ညွန့်နှင့် ရခိုင်အမျိုးသားပါတီ မင်းပြားမြို့နယ် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ဟောပြောခဲ့ကြသည်ဟု သိရသည်။

“အဓိက ဟောပြောခဲ့တာတွေကတော့ ရခိုင်အမျိုးသားပါတီဟာ ရခိုင်အမျိုးသားတစ်ခုလုံးကို ကိုယ်စားပြုတဲ့ ပါတီဖြစ်တယ်လို့ပြောပြီးတော့ ပါတီရဲ့မူဝါဒတွေကို ချပြပါတယ်။ ဥပဒေဘောင်တွင်းထဲကပဲ မဲဆွယ် စည်းရုံးနေခြင်းဆိုတာရယ်၊ ဒီပါတီကို မဲပေးကြပါဆိုတာတွေကို စည်းရုံးဟောပြောခဲ့ကြပါတယ်”ဟု ဦးသိန်းဇံကပြောသည်။

ကျေးရွာသားများက ဤကဲ့သို့လာရောက် မဲဆွယ်စည်းမှုအပေါ် ၀မ်းမြောက်ကြောင်းနှင့် လမ်းနှင့် ကျောင်းများပျက်စီးနေမှုများကို ပြန်ပြင် င်ပေးအောင် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
ဦးအေးသာအောင် ဦးဆောင်သောအဖွဲ့သည် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျောက်ခုပ်ကျေးရွာတွင် ဟောပြောခဲ့ကြောင်း သိရှိရသည်။

( မင်းပြားမြို့ ANP ရုံးကိုတွေ့ရစဉ်- ဓာတ်ပုံ/ Narinjara)

____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။