၁။ ဥက္ကဋ္ဌ - ဦးအေးမြင့်။
၂။ ပါတီဝင်အရေအတွက် - ၅၀,၀၀၀ ခန့်။
၃။ မဲဆန္ဒနယ် - ပဲခူးတိုင်းဒေသကြီးတွင် မဲဆန္ဒနယ် သုံးနေရာနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် မဲဆန္ဒနယ်နှစ်နေရာတို့မှ ၀င်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ - ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်မည်။ ပြည်သူများ၏ စားဝတ်နေရေးချောင်လည်စေရန်၊ ပညာရေးစနစ်များ တိုးတက်မြင့်မားစေရန်နှင့် နိုင်ငံတော်စီးပွားရေးဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်မည်။ စိုက်ပျိုးရေးကဏ္ဍတွင်သာမက စက်မှု ထုတ်ကုန်လုပ်ငန်းတိုးမြှင့်လုပ်ကိုင်နိုင်ရေးနှင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့ကို ပြည်သူများက အားဖြည့်ဆောင်ရွက်ပေးရန် တိုက်တွန်းသွားမည်။ နောင်တက်လာသည့် လူငယ်များစည်းကမ်းတကျ လုပ်ဆောင်တတ်ရန်နှင့် လွှတ်တော်ထဲရောက်ရှိအောင် လုပ်ဆောင်သွားမည်။
၅။ ပါတီဆောင်ပုဒ် - လူဝါဒကို အားမထားဘဲ မူဝါဒကို အားထားသည်။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - နယ်မြေခံကိုယ်စားလှယ်လောင်းများကို အဓိကရွေးချယ်သည်။ ထို့ပြင် လူငယ်လူလတ်များကို ဦးစားပေးရွေးချယ် ထားပြီး ပညာအရည်အချင်း ကန့်သတ်မထားပေ။ ဘ၀အတွေ့အကြုံနှင့် စဉ်းစားတွေးခေါ်တတ်သည့်သူ၊ အများပြည်သူ လေးစားသည့်သူများကို ရွေးချယ်ထားသည်။
၇။ ပါတီရန်ပုံငွေ− ပါတီအဖွဲ့ဝင်များက ကိုယ်ထူကိုယ်ထစနစ်ဖြင့်ရန်ပုံငွေကို သုံးစွဲသည်။
၈။ ပါတီနောက်ခံသမိုင်းကြောင်း - တောင်သူလယ်သမားများနှင့် အခြေခံပြည်သူလူထုအကျိုးကို ဆောင်ရွက်ရန် ၂၀၀၇ ဖေဖော်ဝါရီ ၂ ရက်တွင် လမ်းပြကြယ်အဖွဲ့ကို ပထမဦးဆုံးဖွဲ့စည်းခဲ့သည်။ လမ်းပြကြယ်ပါတီတည်ထောင်ရန် ၂၀၁၅ မေလတွင် ပါတီမှတ်ပုံတင်ရရှိခဲ့သည်။
ပါတီဥက္ကဋ္ဌနှင့်အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုးစွမ်းဆောင်နိုင်မလဲ။
အခြေခံဥပဒေကတော့ ပြင်ဆင်ရမှာပဲ။ ရှေ့ကလူတွေ လုပ်သွား တာကို အပြစ်မပြောလိုပါဘူး။ ပုဒ်မ ၄၃၆ ကိုလည်း ပြင်ရမှာပဲ။ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ထောက်ခံမှုရရင် ပြင်ဆင်ခွင့်ရမယ်ဆိုလို့ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်ကြတာ။ အခြေခံဥပဒေပြင်ဆင်ချင်ရင် ကိုယ့်ဘက်က အရင်ဆုံးမှန်အောင်လုပ်ရမယ်။ ကိုယ့်ဘက်က စည်းကမ်းရှိမှ ပြင်ဆင်လို့ရမယ်။ တောင်းဆိုတဲ့သူက စည်းကမ်းမရှိရင် အစိုးရ ဘက်ကလည်း စည်းကမ်းရှိမှာမဟုတ်ဘူး။ နှစ်ဦးနှစ်ဖက်စလုံး စည်းကမ်းရှိမှရမယ်။ အန်ကယ်တို့ကတော့ အခြေခံဥပဒေပြင်ဆင်ဖို့အတွက် ကြိုးစားလုပ်ဆောင်သွားမယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ငြိမ်းချမ်းရေးရရှိဖို့အတွက် စားပွဲပေါ်မှာ ဆွေးနွေးနေမယ့်အစား ကိုယ်ကငြိမ်းချမ်းရေးလိုချင်ရင် ဆန့်ကျင်တဲ့သူဆီကို သွားရမှာ။ အခုက အပေါ်စီးကနေခေါ်တော့ ဆွေးနွေးချင်တဲ့သူက မလာချင်ကြတော့ဘူး။ တစ်ဖက်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဆွေးနွေးဖို့လာရင် လည်း ကိုယ့်ဘက်က နွေးထွေးစွာ ကြိုဆိုရမယ်။ တိုင်းရင်းသားတွေရဲ့ ရင်ဖွင့်သံတွေကိုလည်း အစိုးရဘက်က အလေးထားဖော်ပြပေးရမယ်။ ပြည်သူတွေသိအောင်၊ ဒါမှ ပြည်သူတွေဆီကို အကြံဉာဏ်တွေ ရရှိလာ မှာပါ။ အန်ကယ်တို့ကတော့ ဒီလိုမျိုးဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှတဖို့ဆိုတာက အစိုးရဘက်က ဥပဒေနဲ့အညီလုပ်ဆောင်ပေးမှ ပြည်သူတွေရဲ့ စားဝတ်နေရေအဆင်ပြေ မှာပါ။ လယ်သမားတွေကိုလည်း လွတ်လပ်စွာလုပ်ကိုင်ခွင့်ပြုရင် ပြေ လည်သွားမှာပါ။ အခုလည်း အလုပ်သမား၊ လယ်သမားတွေရဲ့ စားဝတ် နေရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်နေပါတယ်။
ပြည်သူတွေက လမ်းပြကြယ်ပါတီကို ဘာကြောင့်မဲပေးသင့်သလဲ။
တစ်ပြည်လုံးကို လမ်းပြကြယ်အနေနဲ့ အိမ်တိုင်ရာရောက်လိုက် လံဆောင်ရွက်ပေးနေပါတယ်။ နောက်ပြီးအန်ကယ်တို့ပါတီက ရွေးချယ် ထားတဲ့ ကိုယ်စားလှယ်လောင်းတွေက သူတို့နယ်မှာ သြဇာရှိပြီးသားပါ။ ပြည်သူတွေကလည်း လေးစားကြတယ်။ အလုပ်သမား၊ လယ်သမားအ ရေးကိုလည်း ဆောင်ရွက်ပေးနေတော့ ပြည်သူတွေ အားကိုးရမယ့် ပါတီကို ရွေးချယ်လာကြမှာပါ။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
စစ်တပ်ထဲကပဲဖြစ်ဖြစ်၊ ဗိုလ်ချုပ်ထဲကပဲဖြစ်ဖြစ် တစ်ယောက်မှ မရွေးဘူး။ တစ်ပြည်လုံးမှာ လူထုသြဇာလွှမ်းမိုးတဲ့သူကိုပဲ သမ္မတအဖြစ် ရွေးချယ်မယ်။ လူထုသြဇာ မလွှမ်းမိုးနိုင်တဲ့ ပုဂ္ဂိုလ်မျိုးကို မရွေးချယ်ဘူး။
ဥက္ကဋ္ဌကိုယ်ရေးအကျဉ်း။
အသက် - (၆၆) နှစ်
ပညာအရည်အချင်း - ဥပဒေဘွဲ့။
လက်ရှိအလုပ်အကိုင် - တရားလွှတ်တော်ရှေ့နေ။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ - ၁၉၆၇-၆၈ တွင် ကျောင်းသားဘ၀ တည်းက နိုင်ငံရေးလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည်။ ဦးနေ၀င်းလက်ထက် တရုတ်-မြန်မာ အရေးအခင်းတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ၂၀၀၁ တွင် ပဲခူးတိုင်းမှ တောင်သူလယ်သမားများကို အစည်းအဝေးဟု ဆိုပြီး လိမ်ညာခေါ်ဆောင်၍ တိုက်ပွဲများဖြစ်နေသည့် ရှေ့တန်းကို ပေါ် တာအထမ်းသမားများအဖြစ်ပို့ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ကို တိုင်ကြားမှုကြောင့် နိုင်ငံတော် ပုန်ကန်မှု စွဲချက်ဖြင့် ၂၀၀၃ တွင် သေဒဏ်ချမှတ်ခံခဲ့ရသည်။ အပြည်ပြည် ဆိုင်ရာ အလုပ်သမားသမဂ္ဂများ၏ ဖိအားပေးတောင်းဆိုမှုများကြောင့် ၂၀၀၅ ဇန်န၀ါရီတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ရှစ်လအကြာ တွင် ပဲခူးတိုင်းမှ မြေယာများ အဓမ္မသိမ်းခံရသော တောင်သူလယ်သမား များကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်ရုံးသို့ ခေါ်ဆောင်တိုင် တန်းခဲ့မှုဖြင့် ထောင်ဒဏ် ခုနစ်နှစ်ထပ်မံချမှတ်ခြင်းခံခဲ့ရသည်။ ILO ၏ ကူညီမှုကြောင့် တစ်နှစ်အကြာတွင် ထပ်မံလွတ်မြောက်လာခဲ့သည်။
စံပြပုဂ္ဂိုလ် - သခင်ကိုယ်တော်မှိုင်း။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- အမှတ် (၁၅၃၆)၊ (၆)လမ်း၊ အလင်းရောင်(၁)ရပ်ကွက်၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး။
ဖုန်း ၀၉-၃၂၃၉၇၀၄၅၊ ၀၉-၄၂၈၁၆၈၂၉၇။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။