ကိုရီးယား အမျိုးသမီး အဆိုရှင်အဖွဲ့ Girls' Generation ၏ ပရိုမိုးရှင်းများ အောင်မြင်သည် ဟု ပြောလျှင် လျှော့ပြောရာ ရောက်ပါလိမ့်မည်။ ၎င်းတို့၏ အထူးလူကြိုက်များသော ဂီတ ဗီဒီယို Lion Heart မှာ ကြည့်ရှုမှု အကြိမ်ရေ သန်း ၂၀ ကျော်သွား သည့် ရှားပါးသောမှတ်တမ်းရရှိခဲ့ သည်။
အချိန်တစ်လကျော်အတွင်း ယင်းမှတ်တမ်းရရှိခဲ့ခြင်းဖြစ် သည်။ ယခုနှစ် နွေရာသီ ၎င်းတို့ ၏ ပရိုးမိုးရှင်းများမှာလည်း အ ကောင်းဆုံးထဲက တစ်ခုဖြစ်ခဲ့ သည်။
ယင်းအဖွဲ့၏ လူကြိုက်များမှု မှာ ထိုမျှမကဘဲ ၂၀၁၂ က All MyLove is For You သီချင်းမှာ လည်း မကြာသေးမီကကြည့်ရှုမှု အကြိမ်ရေသန်း ၂၀ ပြည့်သွားခဲ့ သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။