သံတွဲမြို့နယ် ငပလီ ကမ်းခြေရှောင်ကွင်းလမ်းဖောက် လုပ်ရာတွင် လမ်းနှင့်မလွတ်ကင်း သည့် မြေယာများအတွက် လျော် ကြေးငွေ ကျပ် ၈၃ သန်းကျော်ကို ပြည်နယ်အစိုးရအဖွဲ့က တောင် သူများအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
‘‘ငပလီရှောင်ကွင်း လမ်း ဖောက်လုပ်တဲ့အခါ ပါသွားတဲ့ လယ်ယာမြေ ပိုင်ရှင် ၃၂ ဦးအ တွက် ဒီဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံ ငွေထဲက ပေးလျော်ခဲ့တာဖြစ်ပါ တယ်။ လမ်းနဲ့ မလွတ်တဲ့ စက်မှု ၀န်ကြီးဌာနပိုင် ရော်ဘာခြံမြေအ တွက် လျော်ကြေး ၁၉ သန်းကျော် ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်က ပေးလျော်ထားပြီးဖြစ်ပါတယ်’’ဟု ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုပေးအပ်ခဲ့သည့် လျော်ကြေးငွေမှာ လယ်ယာမြေ ၇ ဒသမ ၅၈ ဧကအတွက်ဖြစ်ပြီး တစ်ဧကလျှင် လျော်ကြေးငွေ ကျပ် ၁၁ သန်းနှုန်းရရှိကြကြောင်း ရှောင်ကွင်း လမ်းဖောက်လုပ်ရာ တွင် လယ်ယာမြေ ပါဝင်ခဲ့သူ တောင်သူတစ်ဦးက ပြောသည်။
ငပလီ ရှောင်ကွင်းလမ်းသည် အရှည် ၅ မိုင်ကျော်ရှိပြီး လက်ရှိ လမ်းဖောက်လုပ်မှုမှာ ၇၅ ရာခိုင် နှုန်းကျော်ရှိနေပြီဖြစ်ကြောင်း သံ တွဲမြို့နယ် လမ်းဦးစီးဌာနမှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။
ငပလီကမ်းခြေသည်ပြည်တွင်း ပြည်ပ ခရီးသည်များအများဆုံး လာရောက် လည်ပတ်နေသည့် ကမ်းခြေတစ်ခုဖြစ်ပြီး ဟိုတယ် များတည်ရှိရာနေရာသို့ အဆင် ပြေစွာ သွားလာနိုင်ရန် ရှောင် ကွင်းလမ်း ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။