ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဆင်မကျေးရွာ၊ ဆင်မကျွန်းအနောက်ဘက်ကမ်း ခြေတွင် စက်တင်ဘာ ၂၂ ရက် ညနေမှစ၍ လူအသုံးအဆောင်ပစ္စည်းများ၊ သင်္ဘောအပျက်အစီးအပိုင်းအစများဟု ယူဆရသည့် သစ်စများ မျောပါလာကြောင်း ဒေသခံများက ပြောသည်။
ပင်လယ်ကမ်းစပ်သို့ မျောပါလာသည့် လူသုံးကုန်ပစ္စည်းများ တွင် ဒီဇယ်ပီပါများ၊ အချိုရည် ဘူးများ၊ ဇီးထုပ်များ၊ ခေါက်ဆွဲ ခြောက်များနှင့် တစ်လီတာဆံ့ ဆီ ဘူးများပါဝင်ကြောင်း ဒေသခံများက ပြောသည်။
‘‘ပစ္စည်းတွေ မျောလာတာ ဟုတ်ပါတယ်။ မျောလာတဲ့အထဲ မှာ အစားအသောက်တွေက များ တယ်။ ပြည်တွင်းက ထုတ်တဲ့ ပစ္စည်းတွေလို့ သုံးသပ်ကြတယ်။ ဒီပစ္စည်းတွေ ရရှိထားတဲ့သူတွေ ကိုလည်း လာပြီးအပ်ဖို့ ကျေးရွာကို ပြောထားတယ်’’ဟု ဆင်မကျေး ရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်က ပြောသည်။
အဆိုပါပစ္စည်းများအား ပင် လယ်အတွင်း ရေလုပ်ငန်းလုပ် ကိုင်နေသည့် ရေလုပ်သားများက ရရှိခဲ့ခြင်းဖြစ်ပြီး ရေစီးနှင့်အတူ မျောပါနေသည့် အချို့ပစ္စည်းများမှာ ကမ်းစပ်တွင် တင်လျက်ရှိကြောင်း သတင်းရရှိသည်။
လွန်ခဲ့သည့် ရက်က ပင်လယ်အတွင်း ရာသီဥတု ဆိုးရွားမှုကြောင့် ပြည်တွင်းပြေးဆွဲနေသည့် ရေယာဉ်တစ်စီး ပင်လယ်ပြင်၌ တိမ်းမှောက်ရာမှ ပစ္စည်းများယခုကဲ့သို့ မျောပါလာခြင်း ဖြစ်နိုင်ကြောင်း အုပ်ချုပ်ရေးပိုင်းက သုံးသပ်သည်။
သို့သော် ဆင်မကျေးရွာအပါအ၀င် အနီးပတ်ဝန်းကျင်ဒေသ များတွင် သင်္ဘောတိမ်းမှောက်ခဲ့ သည်ဆိုသည့်သတင်း ကြားသိမိခြင်းမရှိသေးကြောင်း ဒေသအုပ်ချုပ်ရေးပိုင်းက အတည်ပြု ပြောသည်။ ပင်လယ်ကမ်းခြေတွင် ပင် လယ်လှိုင်းနှင့်အတူ မျောပါသည့် ပစ္စည်းများ မကြာခဏ တွေ့ရှိရ ပြီး အချို့ပစ္စည်းများသည် ဒေသခံများမသိသော ပစ္စည်းများပင် ပါဝင်ကြောင်း အဆိုပါဒေသခံများက ပြောသည်။
http://www.7daydaily.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။