ကော့သောင်းမှ လှေစီးသွားလာသူများ ၁၀၅ ဦးအား မောင်တောသို့ လာရောက်လွှဲပြောင်းပေးအပ်

ရခိုင်ပြည်နယ်သတင်းဂျာနယ်
စက်တင်ဘာလ ၈ ရက်

တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် လှေစီးသွားလာသူများ ၁၀၅ ဦးအား မောင်တောမြို့နယ်သို့ လွှဲပြောင်း ပေးအပ်ခြင်းကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် မောင်တောမြို့ ကညင်ချောင်း ဆိပ်ကမ်းတွင် လွှဲပြောင်းပေးအပ်ကြောင်း သတင်းရရှိသည်။

လှေစီးသွားလာသူများ ၁၀၅ ဦးကို ကော့သောင်းပင်လယ်ထဲမှ ကယ်ဆယ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် အနီးစပ်ဆုံး မောင်တောမြို့သို့ ပို့ဆောင် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန တို့ ဦးဆောင်ပြီး နှစ်ဖက်တာဝန်ရှိသူများ လွှဲပြောင်းလက်ခံခဲ့ကြကြောင်းသိရသည်။

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်းရှိ စောင်းကောက်ကျွန်း(ဒေသအခေါ် ဒယ်အိုးကျွန်း) အနောက်မြောက်ဘက် နှစ်မိုင်ခန့်အကွာ ပင်လယ်ရေပြင်တွင် ယခုနှစ်ဇွန်လ ၃၀ ရက် ည ၁၀ နာရီခန့်က ဘင်္ဂါလီ တစ်ဦးကို ကယ်ဆယ်ရမိခဲ့ပြီး စစ်ဆေးမေးမြန်းချက်အရ စောင်းကောက်ကျွန်းဟု ယူဆရသော ကျွန်းပေါ်၌ ဘင်္ဂါလီ များ ရောက်ရှိနေကြောင်း သိရှိရသဖြင့် တပ်မတော်ရေ မှ စစ်ရေယာဉ်များဖြင့် ဇူလိုင်လ ၂ ရက်နေ့မှ စတင်၍ စောင်းကောက်ကျွန်းပတ်လည်ကမ်းခြေနှင့် အနီးပတ်ဝန်းကျင်ရှိ ကျွန်းများအား ရှင်းလင်းရှာဖွေခဲ့ရာ ဇူလိုင်လ ၉ ရက် နေ့တွင် ဘင်္ဂါလီအမျိုးသား ၄၅ ဦး၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် ၄၉ ဦး၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် ၈ ဦးကို ထိန်းသိမ်း ရမိခဲ့ကြောင်း သိရသည်။ ထိန်းသိမ်းရရှိသော ဘင်္ဂါလီများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ပြန်လည်ပို့ဆောင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးထိန်းသိမ်းရမိသူများအား စစ်ဆေးရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် ကျပန်း နှင့် အလုပ်ကြမ်း လုပ်ကိုင်သူများဖြစ်ပြီး လူ ၃ ဦးက မလေးရှားနိုင်ငံတွင် အလုပ်နှင့် လစာကောင်းကောင်းရမည်ဟုဆိုကာ ပြောဆို စည်းရုံးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောမြို့သို့ ရောက်ရှိလာသော လှေစီးသွားလာသူများ ၁၀၅ ဦးကို မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ် မီးတိုက်ကျေးရွာသို့ နေ့ချင်းကားများဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

____ရခိုင်ပြည်နယ်သတင်းဂျာနယ် 
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။