ရခိုင်ပြည်နယ်သတင်းဂျာနယ်
စက်တင်ဘာ ၈ ရက်
နောက်ဆုံးပတ်က ရာသီဥတုဆိုးရွားပြီး ရခိုင်ပြည်နယ် အိမ်းမြို့နယ် ဒါးလက်ချောင်းရေစီးပြင်းထန်မှုကြောင့် ပျက်စီးခဲ့သည့် ကဇုကိုင်းတံတားကိုပြန်လည်ပြုပြင်ကာ ခရီးသည်တင်ယာဉ်များကို ဖြတ်သန်းသွားလာခွင့်ပြုထားပြီ ဖြစ်ကြောင်း သိရသည်။
“အချိန်တစ်လအတွင်းမှာ ခရီးသည်တင်ယာဉ်တွေ ဖြတ်သန်းသွားလာနိုင်အောင် ပြုပြင်လိုက်တာ ဖြစ်ပါတယ်။ ကုန်တင်ယာဉ်တွေကိုတော့ တံတားပေါ်က မဖြတ်ခိုင်းသေးဘဲ ဇက်သင်္ဘောနဲကသာကူးခိုင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ခရီးသည်တင်ယာဉ်တွေကတော့ ဇက်သင်္ဘောအလှည့်ကျမှာကို စောင့်ဆိုင်းစရာမလိုတော့ပါဘူး”ဟု လမ်းအင်ဂျင်နီယာတစ်ဦးကပြောသည်။
အဆိုပါ ကဇုကိုင်းတံတားကို လာမည့်နှစ်ကျမှသာ အခိုင်အမာပြန်လည်တည်ဆောက်နိုင်မည်ဖြစ်သဖြင့် ကုန်တင်ကားများမှာ ဇက်သင်္ဘောဖြင့်သာ ကူးနေရမည်ဖြစ်ကြောင်း ယင်းလမ်းအင်ဂျင်နီယာက ဆိုသည်။
ကုန်တင်ကားကြီးများအတွက် ကဇုကိုင်းချောင်းကူးပေးနေသည့် ဇက်သင်္ဘောမှာနှစ်စင်းရှိပြီး နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိသာ ကူးတို့ကူးခွင့်ပေးကြောင့်၊ ဇက်သင်္ဘောဖြင့် ကူးတို့ပို့ဆောင်းပေးနေစဉ် ရေဘေးကယ်ဆယ်ရေယာဉ်မှအပ တခြားခြောက်ဘီးကုန်တင်ယာဉ်များကိုသာ ဖြတ်သန်းခွင့်ပြုကြောင်း သိရသည်။
____ရခိုင်ပြည်နယ်သတင်းဂျာနယ်

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။