အလံသစ်အဖြစ် အသုံးပြုမည့် နောက်ဆုံးဆန်ခါတင် ဒီဇိုင်းလေးခုကို နယူးဇီလန် ရွေးချယ်

နယူးဇီလန် အစိုးရသည် အသစ်ပြောင်းလဲ သတ်မှတ်မည့် နိုင်ငံတော်အလံသစ်အတွက် နောက်ဆုံးအဆင့် ဆန်ခါတင် ဒီဇိုင်းလေးခုကို တရားဝင် ရွေးချယ်လိုက်သည်။ 

နယူးဇီလန်သည် ဗြိတိသျှ ကိုလိုနီခေတ် လက်အောက်ခံဘဝတွင် စတင်အသုံးပြုခဲ့သည့် လက်ရှိအလံကို ပြောင်းလဲပစ်ရန် လိုလားနေသည်။ အထူးသဖြင့် အလံတွင် ပါဝင်သည့် ဗြိတိသျှ ယူနီယံဂျက် တံဆိပ်သည် နယူးဇီလန်၏ လက်ရှိ လွတ်လပ်သော ရပ်တည်မှုကို ထိပါးစေသည်ဟု နိုင်ငံသား အများစုက ယူဆလျက် ရှိသည်။
ယခုနှစ်လယ်ခန့်က နယူးဇီလန် အစိုးရသည် နိုင်ငံတော် အလံကို ဒီဇိုင်းပြောင်းလဲပစ်မည့် အစီအစဉ်အား အတည်ပြုခဲ့ပြီး အလံသစ်၏ ဒီဇိုင်းအတွက် အဆိုပြုမှုများကို ဖိတ်ခေါ်ခဲ့သည်။ ပါဝင်ယှဉ်ပြိုင်သူ အများအပြားအနက် ပြည်သူများ၏ မဲပေး အဆိုပြုမှုကို အခြေခံကာ ရွေးချယ်မှုများ ပြုလုပ်ခဲ့ပြီး ယခုအခါ နောက်ဆုံးအဆင့် ဆန်ခါတင် အလံဒီဇိုင်း လေးမျိုးကို သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးဆန်ခါတင် အလံများတွင် ဒီဇိုင်းတစ်ခုမှလွဲ၍ ကျန်အားလုံးသည် နယူးဇီလန်၏ အမျိုးသားရေး သင်္ကေတဖြစ်သည့် ငွေသားငှက်မွေး သင်္ကေတကို အခြေခံ ရေးဆွဲထားသည်။ ကျန်အလံမှာမူ ကိုရူမိုရီခေါ် နယူးဇီလန် တိုင်းဦးနယ်သားတို့၏ ကိုးကွယ်မှုဆိုင်ရာ သင်္ကေတ တစ်ခုကို ဖော်ဆောင်ထားသည်။ နောက်ဆုံးဆန်ခါတင် အဆင့်တွင် ပါဝင်နေသည့် အလံများအနက် နှစ်ခုကို ဒီဇိုင်နာ တစ်ဦးတည်းက ရေးဆွဲခြင်း ဖြစ်သည်။
အဆိုပါ အလံများနှင့် ပတ်သက်၍ ၎င်းတို့ အဘယ်ကြောင့် ရေးဆွဲကြောင်း စိတ်ကူးစိတ်သန်း အသီးသီးကိုလည်း ဒီဇိုင်နာများက ရှင်းလင်းပြောကြားထားသည်။ နယူးဇီလန်သည် ယခုနှစ်ကုန်ပိုင်းတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတစ်ရပ် ကျင်းပပြီး ယင်းတို့အနက်မှ အနိုင်ရသည့် ဒီဇိုင်းကို အပြီးသတ် ရွေးချယ်ကာ လက်ရှိ နိုင်ငံတော် အလံနေရာတွင် အစားထိုး အသုံးပြုသွားမည်ဟု သိရှိရသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။