မွန်အမျိုးသားပါတီ

၁။ ဥက္ကဋ္ဌ - နိုင်ငွေသိမ်း။
၂။ ပါတီဝင်အရေအတွက် - ငါးသောင်းကျော်။
၃။ မဲဆန္ဒနယ် - မွန်ပြည်နယ်ကိုးမြို့နယ်၊ ကရင်ပြည်နယ်လေးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှစ်မြို့နယ်။
၎။ ပါတီမူဝါဒ - အမျိုးသားတန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ စစ်မှန်သည့် ဒီမိုကရက်တစ်ပြည်ထောင်စုထူထောင်ရေး၊
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေး။
၅။ ပါတီဆောင်ပုဒ် - အမျိုးသားနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ်ရပ်တည်ပြီး ပြည်သူ့အကျိုးပြုရေး။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ပါတီဝင်ဖြစ်ရမည်။ ပါတီအပေါ် သစ္စာခံရမည်။ အမျိုးသားနှင့် နိုင်ငံတော်အပေါ် သစ္စာရှိရမည်။
ပြည်သူ့အကျိုး အတွက် အနစ်နာခံရမည်။
၇။ ပါတီရန်ပုံငွေ− ပါတီဝင်များ၏ လစဉ်ထည့်ဝင်ငွေဖြင့် ရပ်တည်သည်။
၈။ ပါတီနောက်ခံသမိုင်း - မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာပါတီနှစ်ခုကိုပူးပေါင်း၍ ၂၀၁၄ ဇန်နဝါရီ ၂၆ ရက်တွင်
မွန်အမျိုးသားပါတီအဖြစ် ပူးပေါင်းဖွဲ့စည်းသည်။

ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးနိုင်စိုးမြင့်နှင့် အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုစွမ်းဆောင် နိုင်မလဲ။
မှားယွင်းနေတဲ့၊ ဒီမိုကရေစီစံနှုန်းမပြည့်တဲ့၊ တန်းတူအခွင့်အရေး မရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက အမှားတွေကို ပြင်ဆင်ဖို့ ကျွန် တော်တို့အနေနဲ့ ရွေးကောက်ပွဲဝင်တာပါ။ အဲဒီဖွဲ့စည်းပုံကို ပြင်နိုင်မှ လည်း ဒီမိုကရေစီစံနှုန်းပြည့်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည် ဆောက်နိုင်မယ်။ ဒါကြောင့် လွှတ်တော်ထဲမှာ ပြင်ဆင်သလို လွှတ်တော် ပြင်ပမှာလည်း ပြင်ဆင်ဖို့သန္နိဋ္ဌာန်ချထားပါတယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရ မယ်လို့ ယုံကြည်တယ်။ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင် နေတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး အစိုးရက ထောက်ခံ နေတဲ့ NCA မှာ လက်မှတ်ထိုးဖို့လိုတယ်။ တပ်မတော်နဲ့ လွှတ်တော်၊ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်ဖို့လိုအပ်ပါတယ်။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
မှားယွင်းနေတဲ့ ခရိုနီအခွင့်အရေးတွေ ချုပ်ငြိမ်းဖို့လုပ်ဆောင်သွား မယ်။ အခု မြန်မာပြည်စီးပွားရေးက အခွင့်ထူးခံတွေရဲ့ လက်ထဲမှာပဲရှိ နေတယ်။ တိုင်းပြည်ကထွက်တဲ့ သယံဇာတထုတ်ကုန်တွေ ပြည်သူတွေ က ခံစားခွင့်မရကြဘူး။ ဒါကြောင့် နိုင်ငံတကာက လက်ခံမယ့် စီးပွား ရေးမူဝါဒရှိမှ နိုင်ငံ့စီးပွားရေးပြဿနာကို ဖြေရှင်းနိုင်မယ်။
ပြည်သူတွေက မွန်အမျိုးသားပါတီကို ဘာကြောင့် မဲပေးသင့်သလဲ။
မွန်အမျိုးသားပါတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင် ဆင်ဖို့ တာဝန်ယူချင်တယ်။ နွံနစ်နေတဲ့ နိုင်ငံရဲ့စီးပွားရေးကို ကယ်တင် နိုင်ဖို့၊ မှန်ကန်တဲ့ပညာရေးစနစ်တစ်ခု ချမှတ်နိုင်ဖို့ ကြိုးစားနေတာကြောင့် မွန်တိုင်းရင်းသားတွေရော၊ ပြည်သူတွေကပါ မဲပေးစေချင်တယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
ပြည်သူတွေက လက်ခံတဲ့သူ၊ ပြည်သူတွေကို အနစ်နာခံမယ့်သူကို ရွေးချယ်သွားမယ်။
ဥက္ကဋ္ဌနိုင်ငွေသိမ်း၏ ကိုယ်ရေးအကျဉ်း
အသက် - (၉၃) နှစ်။
ပညာအရည်အချင်း - အင်္ဂလိပ်ခေတ် တက္ကသိုလ်ကျောင်းသား။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)ခေတ် လွတ်လပ်ရေးလှုပ်ရှားမှုတွင်ပါဝင်ခဲ့။ လွတ်လပ်ရေးခေတ် မွန်ရေးရာ ရာမညအသင်းချုပ် အတွင်းရေးမှူး။ ၁၉၉၀ တွင် မွန်အမျိုး သားဒီမိုကရေစီပါတီ (MNDF)တွင် ပါဝင်လှုပ်ရှား။ ၂၀၁၂ တွင် မွန်ဒီမို ကရေစီပါတီ၏ ခေါင်းဆောင်အဖြစ် တာဝန်ယူ။
လက်ရှိအလုပ်အကိုင်- ပါတီနိုင်ငံရေးကိုသာ ဆောင်ရွက်နေပါသည်။
စံပြပုဂ္ဂိုလ်- မရှိ။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- အမှတ် (၁၈၁)၊ ရာဇာဓိရာဇ်လမ်း၊ မြိုင်သာယာရပ်ကွက်၊ မော်လမြိုင်မြို့။
(ပါတီဥက္ကဋ္ဌကိုယ်စား ပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ပါတီအထွေထွေအတွင်းရေးမှူး ဦးနိုင်စိုးမြင့်က ဖြေကြားခြင်းဖြစ်သည်။)

http://www.7daydaily.com/election-2015/party
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။