၁။ ဥက္ကဋ္ဌ- ဦးငိုင်ဆော့ခ်။
၂။ ပါတီဝင်အရေအတွက်- သုံးသောင်းကျော်။
၃။ မဲဆန္ဒနယ်- မြို့နယ် ၁၂ မြို့နယ်၊ မဲဆန္ဒနယ် ၂၅ နေရာ။
၎။ ပါတီမူဝါဒ- တန်းတူညီမျှသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေး။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး။
၅။ ပါတီဆောင်ပုဒ်- ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးကြ။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - အသက် (၅၅)နှစ်ကျော် သက်ကြီးပိုင်း သုံးပုံတစ်ပုံ၊ သက်လတ်ပိုင်း သုံးပုံတစ်ပုံ၊ အမျိုးသမီးနှင့်လူငယ်ကို သုံးပုံတစ်ပုံ စသည်ဖြင့် သတ်မှတ်ရွေးချယ်ထားသည်။
၇။ ပါတီရန်ပုံငွေ− ပါတီစတင်တည်ထောင်စဉ်မှစ၍ ပါတီအမှုဆောင်များ၏ ဝိုင်းဝန်းထည့်ဝင်မှုဖြင့် ရပ်တည်နေသည်။ ပါတီရန်ပုံငွေအတွက် အခက်အခဲရှိသည်။
၈။ ပါတီနောက်ခံသမိုင်း- ၂၀၁၄ ဇူလိုင် ၁၄ ရက်တွင် ပါတီမှတ်ပုံတင်ခဲ့သည်။ ပါတီသက်တမ်းအားဖြင့် တစ်နှစ်သာရှိသေးသည်။
ဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်းဆောင်နိုင်မလဲ။
ကျွန်တော်တို့မြင်တာကတော့ ၂၀၁၅ ရွေးကောက်ပွဲဟာ အဓိက။ လွှတ်တော်အမတ်အားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပဲ ဦးတည်ရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါက နိုင်ငံအတွက် အရေးကြီး တဲ့ကဏ္ဍဖြစ်တယ်။ ဒီအခြေခံဥပဒေမကောင်းသေးသရွေ့က ဘယ် လောက်ပဲကြိုးစားကြိုးစား ဒီဥပဒေတွင်းမှာတော့ ကြီးကြီးမားမားတိုး တက်ပြောင်းလဲမှုရှိလိမ့်မယ်လို့မထင်ဘူး။ ဒါကြောင့်မို့ လွှတ်တော်ကိုယ် စားလှယ်တိုင်းဟာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပြုလုပ်ရ လိမ့်မယ်။ အဲဒီလိုပြုလုပ်တဲ့အခါမှာ အခုကျွန်တော်တို့ ဖက်ဒရယ်ပြည် ထောင်စုစနစ်တည်ဆောက်ရေး၊ တိုင်းရင်းသားလူမျိုးတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးဆိုတဲ့ကိစ္စဖြစ်ဖို့ရာ ပြည်သူကရွေးတဲ့ လွှတ် တော်ကိုယ်စားလှယ်မျိုးဖြစ်ဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကောင်း ကောင်းပြင်ဆင်နိုင်ဖို့လိုအပ်လာပါလိမ့်မယ်။ အဲဒီအတွက်က တပ် မတော်အခန်းကဏ္ဍအရေးကြီးတယ်။ တပ်မတော်က အခုလောလော ဆယ်မှာ လေးပုံတစ်ပုံက ရထားတဲ့အခါကျတော့ တပ်မတော်သားတွေ ဟာ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံအသီးသီးမှာ ကာကွယ်ရေးတာဝန်ကိုပဲထမ်း ဆောင်ရတယ်ဆိုတဲ့ ခံယူချက်တွေရှိလာအောင် နိုင်ငံတကာရဲ့ ကျင့်သုံး မှုကို သူတို့ကို အသိပေးဖို့လိုအပ်တယ်။ သူတို့ကိုလည်း ဒါကိုလက်တွဲ ဆောင်ရွက်နိုင်အောင် စည်းရုံးဖို့လိုအပ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့က တပ် မတော်နဲ့ အတိုက်အခံလုပ်လို့လည်းမဖြစ်ပါဘူး။ အပြန်အလှန်နားလည် မှုနဲ့ အမှန်ယုံကြည်မှုတည်ဆောက်ပြီးတော့ လက်တွဲဆောင်ရွက်မှဖြစ်မှာ ပါ။ ဒါကတော့ လွှတ်တော်နည်းလမ်းကို ပြောတာပါ။

လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ကျွန်တော်ကိုယ်တိုင်ကလည်း တိုင်းရင်းသားလူမျိုးစုတစ်စုဖြစ် တယ်။ လက်နက်ကိုင်အဖွဲ့တွေကိုလည်း အပြစ်ပြောလို့မရသလို အစိုးရ ကိုပဲ အပြစ်ပြောလို့မရဘူး။ သို့သော် သမိုင်းကြောင်းအရ မြန်မာ့နိုင်ငံ ရေးအဆက်ဆက်ဟာ အများအားဖြင့် တိုင်းရင်းသားလူမျိုးတွေအပေါ်မှာ စာနာနားလည်မှုအင်မတန်ပဲ နည်းခဲ့တယ်။ အဲဒါကို ခါးခါးသီးသီးနဲ့ နာ ကြည်းရတဲ့ တိုင်းရင်းသားလူမျိုးလက်နက်ကိုင်တွေဟာ အခုထိကို အထူးသဖြင့် ဗမာခေါင်းဆောင်တွေကို အယုံအကြည်တစ်စက်မှကိုမရှိ ဘူး။ တိုင်းရင်းသားလူမျိုးဘက်ကလည်း အမြင်ပြောင်းရမယ်။ အစိုးရ ဘက်ကလည်း ဒီဗမာခေါင်းဆောင်တွေကလည်း ဖက်ဒရယ်စနစ်မှ မတည်ဆောက်ရင် တိုင်းပြည်က ဘယ်တော့မှ လက်နက်ကိုင်မပျောက် ဘူးဆိုတာ သေချာနေတယ်။ ဒါကြောင့် အခုလွှတ်တော်ထဲရောက်လာပြီ ဆိုရင်တော့ ကျွန်တော်တို့က လွှတ်တော်တွင်းရော၊ လွှတ်တော်ပြင်ပ ရော အရမ်းကိုခံယူချက်ပြင်းထန်ပြီးတော့ ဒီဗမာအစိုးရပေါ်မှာ လုံးဝ အယုံအကြည်မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့ရဲ့အမြင်တွေ ပပျောက်အောင် တစ်ဖက်ကကြိုးစားပေးရမှာဖြစ်သလို တစ်ဖက်က လည်း ဗမာအစိုးရခေါင်းဆောင်အဆင့်ဆင့် လွှတ်တော်ထဲမှာ ဦးဆောင် မယ့်ပုဂ္ဂိုလ်တွေကလည်းပဲ တိုင်းရင်းသားလူမျိုးတွေ တန်းတူညီမျှမှုရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်မတည်ဆောက်ရင်တော့ ပြည်တွင်းငြိမ်း ချမ်းရေးမရနိုင်ဘူး။ တိုင်းပြည်မတိုးတက်နိုင်ဘူးဆိုတဲ့အမြင်ကိုရအောင်လွှတ်တော်ထဲကရော လွှတ်တော်ပြင်ပကရော ပြောရမှာဖြစ်တယ်။

ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
လက်ရှိအစိုးရက အသုံးစရိတ်ကများနေတယ်။ အဝင်ကမရှိဘူး။ စက်မှုထုတ်ကုန်ကမရှိတော့ ဝင်ငွေကမရှိဘူး။ နိုင်ငံတွင်းမှာ ထုတ်လုပ် မှုပိုင်းမှမရှိတာ။ အစိုးရအဆက်ဆက် နာမည်ကောင်းရရုံပဲ ဆေးမြီးတို ဖြေရှင်းတဲ့ နည်းလမ်းတွေနဲ့ပဲလုပ်ကြတာကိုး။ အထူးသဖြင့် ထုတ်ကုန် ပိုင်းတွေကို မလုပ်ခင်မှာ အပြည်ပြည်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုတွေကို လက် ခံလာအောင် ကျွန်တော်တို့လုပ်ရမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့မှ ကျွန် တော်တို့ရဲ့လုပ်အားရယ်၊ နိုင်ငံခြားနည်းပညာရယ် ပူးပေါင်းပြီးလုပ်ရ မယ်။ သူတို့ဆီက လက်တွေ့သင်ယူလို့ရမယ့် အင်ဂျင်နီယာတွေ ပေါ် ပေါက်အောင်မွေးထုတ်ပေးရမယ်။ အခုကိုယ့်လူတွေက စာတွေ့ပဲရလာ ပြီးတော့ နိုင်ငံခြားမှာ ပညာသွားသင်ပြီး မြန်မာပြည်ပြန်လာတဲ့အခါ ဘာမှမလုပ်တတ်တဲ့သူအများကြီးပဲ။ ဒါတွေကို ကျွန်တော်တို့ ဖန်တီးပေး ရလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေက သန်း ၅၀ ကျော်ပဲရှိတာပါ။ ဒီ လောက်လူအရေအတွက်က ထွက်ငွေ၊ ဝင်ငွေမျှတအောင်လုပ်ဖို့တော့ မခက်ပါဘူး။ တကယ်တော့ ပေါ်လစီကောင်းဖို့ပဲလိုပါတယ်။

ပြည်သူတွေက ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ဘာကြောင့် မဲပေးသင့်သလဲ။
တန်းတူညီမျှရေး၊ ဖက်ဒရယ်စနစ်တည်ဆောက်ရေးပဲ။ အထူး သဖြင့်တော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပဲ။ ကျွန်တော်တို့ပါတီကိုမဲပေးကြမယ့် ပြည်သူတွေကလည်း ကျွန်တော်တို့ပါတီရဲ့ ဆောင်ပုဒ်အတိုင်းပဲ ပေးကြ မှာပါ။

သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
အပြောနှင့်အလုပ်ညီတဲ့သူကိုပဲရွေးမှာပါ။ ချိုသာနေအောင်ပြော ပြီးတော့ လက်တွေ့မှာ ဘာမှမလုပ်ဘဲ ကိုယ့်ရဲ့ဝန်ကြီးဌာနတွေကိုတောင် နိုင်အောင်ကိုင်တွယ်နိုင်မှုမရှိတဲ့သမ္မတတော့ မလိုချင်ပါဘူး။ ပြည်သူ တွေရဲ့ အကျိုးစီးပွားတွေကို လက်တွေ့ဆောင်ရွက်တဲ့သူကိုပဲလိုချင်ပါတယ်။

ဥက္ကဋ္ဌ ကိုယ်ရေးအကျဉ်း
အသက်- (၅၀) နှစ်။
ပညာအရည်အချင်း- L.L.B.LL.M (Q.II)PGDPM.
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ၁၉၈၈ တွင် စတင်ဖွဲ့စည်းခဲ့သည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ပါတီတည်ထောင်သူ အထွေထွေ အတွင်းရေးမှူး၊ ချင်းအမျိုးသားညီလာခံ (ဒုတိယအကြိမ်)သဘာပတိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့။
လက်ရှိအလုပ်အကိုင်- တရားလွှတ်တော်ရှေ့နေ။
စံပြပုဂ္ဂိုလ်- အမေရိကန်သမ္မတ ဂျော့ခ်ျဝါရှင်တန်နှင့် အေဗရာဟင်လင် ကွန်း၊ မာတင်လူသာကင်း။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- အမှတ် (၁)၊ ၀၉၇၊ ပြည်ထောင်စု လမ်းမ၊ (၄၅)ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်။
ဖုန်း- ၀၉-၈၆၁၈၉၆။
http://www.7daydaily.com/election-2015/party
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။