ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း စေတီတည်တဲ့ပေါ် ဆရာတော် ဦးစန္ဒ၀ရနဲ့ မေးမြန်းချက်

ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ
မြိုင်ကြီးငူဆရာတော်က ကရင်ပြည်နယ် ဘားအံ့မြို့နယ် မီးဇိုင်းကျေးရွာရှိ မယ်စိထာ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း ၀င်းအတွင်းမှာ စေတီတည်ပြီး သိမ်ဆောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး  ကရင်အမျိုးသားစည်းလုံး ရေးနှင့်ငြိမ်းချမ်းရေး ကောင်စီ (KUPC) ဥက္ကဋ္ဌလည်းဖြစ်  ဘားအံမြို့ သုမေဓာရာမ ကြားတောရကျောင်းတိုက်က ဆရာတော် ဦးစန္ဒ၀ရကို ဆက်သွယ်မေးမြန်းထားပါတယ်။
မိဇိုင်းဒေသက ခရစ်ယာန်ဘုရားကျောင်းဝင်းထဲမှာ ဘုရားစေတီတည်တဲ့ကိစ္စနဲ့ပတ် သက်ပြီးတော့ ဆရာတော်တို့က ကူညီဖြေရှင်းပေးနေတယ်ဆိုတော့ ဘယ်လိုလုပ် ဆောင်ပေးနေပါသလဲဘုရား။
“ဆရာတော်ကိုယ်တိုင်နဲ့ ဦးဇင်းတို့ သွားတွေ့တယ်လေ။ ဆရာတော်ကတော့ အဓိက စကား ၃ ခွန်းပြောလိုက်တယ်။ အဲဒါ နားလည်ပေးလို့ မပြီးဘူးလား။ သူထိုင်းနိုင်ငံမှာလည်း ကျမ်းမာရေး မကောင်းတဲ့အထဲကလာရတယ်။ ကိစ္စများတဲ့ အထဲကလည်း ဖဲ့ပြီးတော့ကို လာလုပ်နေရတယ် တဲ့။ ဘာဖြစ်လို့အဲဒီနေရာကို လာလုပ်ရလဲဆိုလို့ရှိရင် ဟိုသီရိဓမ္မာအာသောကမင်း လက်ထဲတုန်းက မိဇိုင်းဒေသမှာ ထင်ရှားတဲ့နေရာ ၃ ခုတဲ့။ မိဇိုင်းတခု၊ အုန်းတောတခု၊ ပုဇွန်ညောင်တခု။ နှစ်ခုကတော့ မရှိတော့ဘူးပေါ့နော်။ မိဇိုင်းတခုပဲ ကျန်တယ်တဲ့။ အဲဒါကြောင့်မို့လို့ သမိုင်းအစဉ်အလာကို သူက ထိန်းသိမ်းချင်တာနဲ့ အဲဒီတခုဝင့်ပြီးတော့ ဘုရားတည်တာပေါ့။
ဒါဆို အခုဆောက်တဲ့ဟာကို ဆက်ပြီးဆောက်မှာလား ဘုရား။
“အခုကျတော့ သူက ဆက်ဆောက်မှာပါတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ထီးတင်တဲ့အထိ သိမ်လည်း သူဆောက်မယ်လို့ ပြောတယ်။ အဲဒါကိုတော့ ဦးဇင်းတို့ ဆွေတော်မျိုးတော် တောဆပ်တဲ့ ခရစ်ယာန်ဘာသာဝင် ကရင်တွေကိုတော့ သူက နားလည်ပေးဖို့ ဆရာတော်က ပြောဆိုလာ တယ်ကော။”
မိဇိုင်းမှာနေရာများကြီးမှာ ဘာကြောင့်ဘုရားကျောင်းဝင်းထဲ ဆောက်ရတာလဲဘုရား။
“ဆောက်နေတာကတော့ သူအခုနက ပြောတဲ့ သမိုင်းဆက်ပေါ့နော်။ ဗုဒ္ဓဘာသာဝင်တွေ တချိန်တခါတုန်းက သိရိဓမ္မာ အာသောကမင်း လက်ထက်တုန်းက အဲဒီ အောက်မှာ စေတီဘုရားဟောင်းရှိပုံရတယ်။ သူပြောတာက မိဇိုင်းဒေသမှာ ၃ နေရာရှိတဲ့အထဲကတဲ့ တခြားနေရာကိုတော့ ဟို..မရှိတော့ဘူး။ မတွေ့တော့ဘူးလား အဲဒီအဓိပ္ပါယ်လားမသိဘူး။ အဲဒီဒေသကို သူက ပြန်ပြီးတော့ ဖော်ထုတ်တာပေါ့ နော်။”
ဒါဆို အာသောကမင်းလက်ထဲက ဘုရားရှိတယ်ဆိုတော ဘယ်လိုသက်သေနဲ့ သူက ပြောတာလဲ ဘုရား။
“အဲဒါက သူက စကားနည်းတဲ့လူတဲ့။ စကားများများမပြောချင်ဘူးတဲ့။ ပြောချင်ရင် ပေါက်ကွဲတတ်တယ်တဲ့။ အဲဒါ ဦးဇင်းတို့အနေနဲ့ကတော့ သူက နားလည်ပေးစေချင်တယ်။ နားမလည်ပေးဘူးဆိုလို့ရှိရင် ပေါက်ကွဲတတ်တယ်လို့ သူက အဲလို ပြောလိုက်တယ်ကော။”
ဆိုတော့ ဗုဒ္ဓဘာသာဝင်တွေကအနေနဲ့က ခရစ်ဘုရားကျောင်းဝင်းတဲ့မှာ ဘုရားတည်တာ ဆောက်လုပ်ခြင်းလုပ်လို့ရလားဘုရား
“လောက အမြင်နဲ့တော့ မရဘူး။ သူကတော့ အရင်တုန်းက ဒီခရစ်ယာန် ဘုရား ကျောင်း မဖြစ်ခင်တုန်းက ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့တယ်။ အဲဒါ အင်္ဂလိပ်အုပ်စိုးတုန်းက အဲဒီနေရာကို အင်္ဂလိပ်က သိမ်းပိုက်သွားတာ။ ဆရာတော်က အဲဒီအဓိပ္ပါယ်မျိုးနဲ့ ပြောတာ။ ”
ခရစ်ယာန်ကျောင်းက လူတွေကလည်း သူတို့က ၁၉၁၉ ခုနှစ်ကတည်းက ခရစ်ယာန်ဘုရားကျောင်း လုပ်ခဲ့တာလို့ ပြောတယ်။
“အဲဒါ အင်္ဂလိပ်လာအုပ်စိုးတုန်းကတော့ ခရစ်ယာန်ဖြစ်သွားမှာပေါ့။ အင်္ဂလိပ်မလာ အုပ်စိုးခင်က ဗုဒ္ဓဘာသာဖြစ်ခဲ့တဲ့ပုံရှိတယ်လို့ သူပြောတာ။ ”
ဆရာတော် ဦစန္ဒ၀ရ အနေနဲ့ကကော့ ဘုန်းကြီးတပါဖြစ်တယ်ဆိုတော့ ဒီကိစ္စပေါ် ဘယ်လိုမြင်ပါသလဲ။ ဘယ်လိုပြောချင်လဲဘုရား။
“ဦးဇင်းတို့ကတော့ ဘုန်းကြီးတပါးအနေနဲ့ကတော့ အဆင်ပြေအောင် လုပ်စေချင် တယ်လေ။ ဦးဇင်းတို့ ကုစားနည်းဆိုတာရှိပါတယ်။ ခရစ်ယာန်ဘုရားဝင်းထဲမှာ သူယူထားတာ ပေဘယ်လောက်လဲ။ ပေ ၂၀ လား၊  ၃၀ လား အဲဒီ ပေ ၂၀။ ၃၀ ကို တခြား ပေး ၂၀ ၃၀ နဲ့ အစားထိုး ဖလှယ်ပေးရင်တော့ တမျိုးအဆင်ပြေတာပေါ့။ ”
အခု အဲလိုမျိုးအစားထိုးပေးတာတွေကောရှိလား။
“အဲဒါကျတော့ ဘုန်းကြီး တနေ့ကျရင်တော့ ထိုးပေးလိမ့်မယ်ထင်တယ်။ ဆရာတော် ကတော့ သူကတော့ လျှော့မှာမဟုတ်ဘူးလို့ ပြောတယ်။ အဲတော့ ဦးဇင်းတို့ နည်း နည်းအမြင်နားလည်အောင် ပြောရမယ်ဆိုလို့ရှိရင် ပြသနာက ၃ မျိုးရှိပါတယ်။ ဆက်ပြီးတော့ ထိပ်တိုက်ရင်ဆိုင်မလား။ နားလည်ပေးပြီးတော့ကြေအေးမလား။ ဒါမှမဟုတ် မပြီးမပြတ် စမျောနဲ့ ပလပ်မလားပေါ့။ အဲဒါ ဘုန်းကြီးကလည်း ချိန်ပါ တယ်။ ”
 မြိုင်ကြီးငူဆရာတော်က ဒီကိစ္စကို မလျော့ပေးနိုင်ဘူးပြောတယ်။ ဘုန်းဘုန်းတို့ KUPC အနေနဲ့ကကော ဘာတွေ လုပ်ဆောင်ပေးမှာလဲ။
“KUPC အနေနဲ့ကတော့ KUPC အဖွဲ့ဝင် ကရင်ပြည်နယ်က ပုဂ္ဂိုလ်တွေကို ဦးဇင်းတို့ ညှိနိုင်းပြီးတော့ ဘယ်လိုအဖြေထုတ်မလဲပေါ့။ နားလည်ပေးပြီးတော့ ကြေအေးမယ် ဆိုရင်တော့ ပိုပြီးတော့ လွယ်ကူတယ်။ ဒါမှမဟုတ် မပြီးမပြတ်ဘဲနဲ့ ပလပ်ထားရင် တော့ နောင်တချိန်ကျရင် အဖြေတမျိုးထွက်နိုင်တယ်။ ထိပ်တိုက်ရင်ဆိုင်တဲ့ကိစ္စမျိုး ကတော့ ဦးဇင်းတို့ကတော့ မလုပ်စေချင်ပါဘူး။ ”
ခရစ်ယာန်ဘုရားကျောင်းက အကြီးအကဲတွေကတော့ ဒီစေတီလာ တည်တာ က အသင်းတော်က လူကြီးတွေကို အသိပေးတာမရှိဘူး။ ခွင့်တောင်းတာ လည်းမရှိ ဘူးပေါ့နော်။ အဲတော့ဒီလိုမျိုးဖြစ်တဲ့အခါကျတော့ အခုနက ပြောသလို ကြေအေး တဲ့ နည်း ဒီမြေနေရာကို ပြန်ပေးဖို့လုပ်ဆောင်တာတွေကောရှိလား။
“ အဲဒါကတော့ ဦးဇင်းတို့ နည်းလမ်းရှာရမှာပေါ့။ အကယ်၍ ဆရာတော်က အတည် ယူမယ်ဆိုလို့ရှိရင်တော့ ဦးဇင်းတို့က အဆင်ပြေအောင်တော့ အဲဒီအစားထိုးမျိုး က တော့ လုပ်ပေးရမှာဖြစ်တာပေါ့။ တဖက်လူ မနစ်နာအောင် မျှတအောင်တော့ လုပ်ပေးရမှာပေါ့။ ”
  မြိုင်ကြီးငူဆရာတော်အနေနဲ့ကကော အဲလိုလုပ်ပေးမယ်လို့ ပြောထားတာမျိုးရှိလား။
“ဆရာတော်ကတော့ ပြောထားတာမရှိပါဘူး။ ဒါပေမယ့်နည်းလမ်းအရကို ဦးဇင်းတို့ ပြောတာပါ။”
ဒီဖြစ်စဉ်ပေါ်မှာလည်း တချို့က ဘာသာရေး အဓိကရုန်းဖြစ်လာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေတယ်ပေါ့လေ။
“ဟုတ်တယ်။ အဲဒါသူလည်း သိပါတယ်။ ဆရာတော်လည်းသိပါတယ်။ ဆရာ တော်က သူ့အမိန့်ထဲမှာလည်း ဆရာတော်လုပ်တာ ကမ္ဘာသိပါတယ်တဲ့။ သစ္စာနဲ့ လုပ်တာပါတဲ့။ သူပြောချင်တဲ့ အဓိပ္ပါယ်က သူလုပ်တာ သစ္စာနဲ့လုပ်တယ်။ ကမ္ဘာကိုလည်း အသိပေးရဲတယ်ပေါ့။”
ဒါဆို ဆရာတော်က သူတပည့်တွေကို သွားဆောက်ဖို့ ခိုင်းလိုက်တာ ပေါ့အဲ လိုလား။
“သူကတော့ သူ့အလိုက်ပဲ။ သူက လုပ်ဆိုရင် ဟိုလူတွေက လုပ်တာပဲ။ ခေါင်းဆောင် ဘယ်မှာလဲ သွားမေးတော့ ခေါင်းဆောင်မရှိဘူးလို့ ပြောလိုက်တယ်။ ”
အစိုးရဖက်ကကော ဘယ်လိုလုပ်ဆောင်ပေးမယ်လို့ ပြောလဲ။
“နှစ်ခြင်းခရစ်ယာန်အဖွဲ့ဝင်တွေကတော့ သူတို့ သွားမေတ္တာရပ်ခံတဲ့အခါကျတော့ တာဝန်ရှိတဲ့ ၀န်ကြီးတွေကတော့ လောလောဆယ် စကားတခွန်းနဲ့ တုံ့ပြန်ပေးလိုက်တယ်။ သက်ဆိုင်တဲ့ ၀န်ကြီးက မြိုင်ကြီးငူဆရာတော်ကို သွားတွေ့ဆုံပြီးတော့ ကြောင်းကျိုးပြောပြမယ်။ နောက်တခုကတော့ အကောင်းဆုံးဖြစ်အောင် ဆောင်ကြဉ်းပေးမယ်လို့ ပြောတယ်။ ”
ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာတော် ဦးစန္ဒ၀ရအနေနဲ့ တခြားဘာမိန့်ချင်တာ ရှိဦးမလဲ။
“အားလုံးကတော့ နားလည်ပေးလိုက်ရင်တော့ ပိုပြီးတော့ လွယ်ကူတာပေါ့လေ။ အခုန နားလည်ပေးနိုင်တဲ့အဆင့်ကလည်း ညှိနှိုင်းရမှာပေါ့။ ပြဿ  နာတခုဖြစ် လာပြီဆိုတော့လည်း အဆင်ပြေဆုံးဖြစ်အောင်တော့ ကိုင်တွယ်ရမှာပေါ့။”
http://burmese.dvb.no/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။