သြစတြေးလျနိုင်ငံ နယူးဆောက်ဝေလ်းမှာ ဆည်ထဲမှာ ရေနစ်နေတဲ့ အသက် ၂ နှစ်ကလေးတဦးကို အိမ်မွေးခွေးက ကယ်တင်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က ဆည်ရေထဲမှာ နစ်မြုပ်နေတဲ့ ကလေးကို ခွေးကလေးက မြင်တွေ့ပြီးတဲ့နောက်မှာတော့ ကလေးအဖေကို ခွေးကလေးက သွားခေါ်ဆောင်ခဲ့ပါတယ်။
ဒီနောက်မှာတော့ ရေထဲမှာ သတိမေ့မြောနေတဲ့ အလက်ဇန္ဒား ကင်နီကို မိသားစုတွေက တွေ့ရှိသွားပြီး ကယ်တင်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။
ကလေးကို ကယ်ဆယ်ပြီး ရှေးဦးသူနာပြုတွေနဲ့ ပြုစုကုသကာ ကလေးကို ဘစ်စဘိုင်းက ဆေးရုံကို ပို့ဆောင်နိုင်ခဲ့ပါတယ်။
ဆရာဝန်တွေက သတိထားပြီး ကလေးကို ဆေးရုံက မပေးဆင်းဘူးလို့ ပြောပေမယ့် ကလေးက ၄၈ နာရီအတွင်းမှာ အလျင်အမြန် ပြန်လည် နာလန်ထ ကောင်းမွန်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ကလေးကို အိမ်ကို ပြန်လည်ခေါ်ဆောင်လာနိုင်ပြီ ဖြစ်ပါတယ်။
http://burmese.dvb.no/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။