ပါတီကို တိုက်ခိုက်ခြင်းမဟုတ်သော်လည်း ပါတီက မဘသ၏ သာသနာပြုလုပ်ငန်း ကို အန္တရာယ်ပြုလာမည့် လုပ်ငန်း မှန်သမျှကို ရပ်တန့်အောင် ဆောင်ရွက်သွားမည်ဟု မဘသ ဗဟို ဦး ဆောင်ဆရာတော် ဒေါက်တာ အရှင်သောပါကက မျိုးစောင့်ဥပဒေ အောင်မြင်သည့် အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲတွင် မိန့်ကြား သည်။
မျိုးစောင့်ဥပဒေဂုဏ်ပြု ကြိုဆိုပွဲကို နေပြည်တော်တိုင်း မဘသအဖွဲ့ ဦးဆောင်၍ စက် တင်ဘာ ၂၄ ရက်က နေပြည် တော်ဥပ္ပာတသန္တိကွင်းတွင် ကျင်း ပခဲ့ပြီး ရဟန်းရှင် လူ ၆၀၀၀ ကျော် တက်ရောက်ခဲ့သည်။
‘‘ပါတီကို တိုက်ခိုက်တာ မဟုတ်ပေမယ့် ပါတီက မဘသ ရဲ့ သာသနာပြုလုပ်ငန်းတွေကို သာသနာအတွက် အန္တရာယ်ပြု မယ့်လုပ်ငန်းမှန်သမျှ ရပ်တန့် အောင် မဘသအနေနဲ့ ဆောင် ရွက်သင့်ရင် ဆောင်ရွက်ရမှာဖြစ် ပါတယ်’’ဟု ဆရာတော်ဒေါက် တာအရှင်သောပါက မိန့်ကြားသည်။
မဘသအဖွဲ့သည် ပါတီ ကောင်းစာရေးအတွက် လုပ်နေ ခြင်းမဟုတ်သည့်အပြင် လက်ရှိ အစိုးရ၏ အာဏာတည်မြဲရေး အတွက် လုပ်ဆောင်နေခြင်း လည်းမဟုတ်ကြောင်းနှင့် မည်သည့် ပုဂ္ဂိုလ်နိုင်ငံခေါင်းဆောင် ဖြစ်ဖြစ်အမျိုးဘာသာ၊ သာသနာကို စော်ကားလာမည်ဆိုပါက ငြိမ်ခံနေ မည်မဟုတ်ကြောင်း ဆရာတော် က မိန့်သည်။
‘‘ဘယ်သူပဲ တိုက်ခိုက်တိုက် ခိုက်၊ ဘယ်သူပဲ အပြစ်ပြောနေပါ စေ မဘသသည် အမျိုးဘာသာ၊ သာသနာနဲ့ ပတ်သက်လာရင် ဆက်လက်ပြီးတော့ လုပ်ဆောင် နေပါမယ်ဆိုတာကိုလည်း နေ ပြည်တော်ဥပ္ပာတသန္တိခြေတော် ရင်းကနေ တစ်ကမ္ဘာလုံးကြားသိ အောင် ဒီနေ့မဘသရဲ့ ဆောင် ရွက်မှုကို ပြောကြားလိုပါတယ်’’ ဟု ဆရာတော်က မိန့်ကြားသည်။
နိုင်ငံခေါင်းဆောင်များကို ရွေးချယ်ကြရာတွင်လည်း ဘာ သာသနာအတွက် တန်ဖိုးရှိသည့် ပုဂ္ဂိုလ်များကို အထူးသတိထား ရွေးချယ်ကြရန် ဂုဏ်ပြုကြိုဆိုပွဲ တက်ရောက်လာသည့် နေပြည် တော်မှ ပြည်သူများအား တိုက်တွန်း မိန့်ဆိုခဲ့သည်။ ထို့အပြင် မဘသ ဗဟိုဦးဆောင်ဆရာတော် တစ်ပါး ဖြစ်သည့် မြနန်းဆရာတော် ဦးသဒ္ဓမ္မကလည်း မဘသ၏ မျိုး စောင့်ဥပဒေကို ဖျက်ဆီးမည်ဆိုပါ က တိုင်းဖျက်၊ ပြည်ဖျက်ရန်သူ ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
‘‘တိုင်းပြုပြည်ပြုအမျိုးဘာ သာသာသနာစောင့်ရှောက်ရေး က ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ သာသနာသန္ဓေ တည်မြဲအောင် မျိုးစောင့်ဥပဒေ ကို မွေးဖွားပေးလိုက်တယ်။ မဘ သရဲ့ မျိုးစောင့်ဥပဒေကို ဖျက်ဆီး မယ်ဆိုရင် အားလုံးရဲ့ တိုင်းဖျက်၊ ပြည်ဖျက်ရန်သူဖြစ်ပါတယ်’’ဟု ဆရာတော် ဦးသဒ္ဓမ္မက မိန့်ကြား သည်။
မဘသအဖွဲ့က ဦးဆောင်၍ မြို့ကြီးများတွင် မျိုးစောင့်ဥပဒေ အောင်ပွဲကို ကျင်းပပြုလုပ်နေ ခြင်းဖြစ်ပြီး ယင်းဥပဒေသည် လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်း နိုင်ငံတကာနှင့် ပြည်တွင်း၌ ဝေဖန်ပြောဆိုမှုများ လည်းရှိနေသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။