ရှမ်းပြည်နယ်မြောက် ပိုင်း နမ့်လန်ကျေးရွာ အနောက် တောင်ဘက်တွင် ဆေးကြောင် နေသူတစ်ဦးက မြေးအဘွား နှစ်ဦးကို ခေါင်းဖြတ်သတ်မှု ဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။
အသတ်ခံရသည့် မြေးအ ဘွားနှစ်ဦးသည် ကားလမ်းပြုပြင် သည့်အလုပ်ကို လာရောက်လုပ် ကိုင်သည့် လမ်းခင်းလုပ်သား မိသားစုမှဖြစ်ပြီး တဲစောင့်ကျန်ရစ် နေစဉ် လာရောက်သတ်ဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း နမ့်လန်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘သတ်တဲ့သူကတော့ ဆေး ကြောင်ပြီးလုပ်တာ။ သူ့ကိုလည်း လမ်းပြင်လုပ်သားတွေတွေ့တော့ ဝိုင်းရိုက်တာ ဆေးရုံတောင်တင် ထားရတယ်။ ဒီဘက်မှာက မူးယစ်ဆေးဝါးတွေကပေါတယ်။ သေသေချာချာလေး ဖမ်းဆီးနိုင်ဖို့ ကလည်းမရှိတော့ ဆိုးတာပေါ့။ ဆေးသုံးစွဲတဲ့သူတွေလည်း များ လာတယ်’’ဟု ကိုချစ်က ပြော သည်။
‘‘သတ်တဲ့သူကိုလည်း အခင်းဖြစ်ပွားတဲ့နေရာနဲ့ သိပ်ပြီး မဝေးတဲ့နေရာက ဖမ်းမိတယ်။ လမ်း ခင်းလုပ်သားတွေပဲ ဝိုင်းပြီးဖမ်း မိတယ်။ ဘာကြောင့်သတ်ရ သလဲဆိုတာတော့ စစ်ဆေးနေ တုန်းပါ။ နှစ်ယောက်စလုံးကတော့ လည်ပင်းပြတ်ပြီး သေဆုံးခဲ့ပါတယ်’’ဟု အဆိုပါရဲအရာရှိက ပြောသည်။
စက်တင်ဘာ ၂၁ ရက် နံနက်တွင် နမ့်လန်ကျေးရွာ အနောက်တောင်ဘက် ၆ မိုင် အကွာတွင် လမ်းခင်းလုပ်သား မိသားစု အလုပ်သွားစဉ် ဒေါ်ကျန် (၆၀)နှစ်နှင့် မောင်ဖိုးထင် တစ်နှစ်ကျော် အရွယ် နှစ်ဦးကို တဲအတွင်း ဝင် ရောက်သတ်ဖြတ်ကြောင်း နမ့်လန်ကျေးရွာမှ ကိုချစ်ကပြော သည်။
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ကျေးရွာတွင် မူးယစ်ဆေးသုံးစွဲသူများလာ၍ ခိုးမှုဖောက်ထွင်းမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း နမ့်လန်ကျေးရွာ၌ နေထိုင်သူအချို့က ပြောသည်။
မြေးအဘွားနှစ်ဦး လည်ပင်း ဖြတ်သတ်ခဲ့သည့် အားဖူ အသက် (၃၇)နှစ်ကို ပြစ်မှုပုဒ်မ ၃၀၂ဖြင့် နမ့်လန်ရဲစခန်းက အမှုဖွင့်အရေး ယူထားကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
http://www.7daydaily.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။