အဆိုပါ တူရကီနိုင်ငံသားကို ပေါက်ကွဲစေသည့် ပစ္စည်းများကို လက်ဝယ်ထားရှိရန် ကြိုးပမ်းမှုဖြင့် စွဲချက်တင် ထားပြီး ဧရာဝဏ်နတ်ကွန်း နှင့် ဆာထောင်းတံတား ဗုံးပေါက်ကွဲမှုတို့နှင့် လည်း ဆက်စပ်နေကြောင်း ဆိုသည်။
ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ပြောခွင့်ရ Prawut က အဆိုပါ တူရကီအမျိုးသားသည် ဗုံးပေါက်ကွဲနှင့် တနည်းအားဖြင့် ပတ်သက်နေပြီး၊ ၎င်းတို့ကို နေရာထိုင်ခင်းပေးခဲ့သူအဖြစ် ယုံကြည်ကြောင်းဆိုသည်။
ပြီးခဲ့သည့် စနေနေ့ညပိုင်းက ဖမ်းဝရမ်းအထုတ်ခံရသည့် တူရကီအမျိုးသား Emrah Davutoglu ၏ ဇနီး ၀နာဆုန်ဆန် နေထိုင်ရာ မင်ဘူရီအရပ်ရှိ Maimuna Garden အိမ်ရာကို ထိုင်းရဲတပ်ဖွဲ့ က ၀င်ရောက်စီးနင်း ရာ ဗုံးဖောက်ခွဲရာတွင် အသုံးပြုသည့် ယူရီးယား ဓာတ်မြေသြဇာများ၊ ယမ်းမှုန်များ၊ စနက်တံများ၊ ဖျူးစ်ကြိုးများ သိမ်းဆည်းရမိပြီး ထိုင်းအမျိုးသမီး ၀နာဆုန်ဆန်ကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့သည်။
အဆိုပါ ထိုင်းအမျိုးသမီးသည် လက်ရှိ တူရကီနိုင်ငံတွင် ရောက်ရှိနေပြီး၊ ဖမ်းဝရမ်းထုတ် ခံရပြီးနောက်တွင် ထိုင်း ရဲတပ်ဖွဲ့ကို ဆက်သွယ်ကာ အပြစ်မရှိကြောင်း၊ ထိုင်းနိုင်ငံ ကို ပြန်လာမည်ဖြစ်ကြောင်း ပြောသည်ဟု ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် Somyot Poompunmaung က ပြောကြောင်း Bangkok Post တွင် ရေးသားထားသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့ ဘန်ကောက်မြို့ နိုင်ငံခြား ခရီးသွားများ စည်ကားရာ ဧရာဝဏ်နတ်ကွန်းအနီး ပေါက်ကွဲမှုတွင် လူ ၂၀ သေဆုံးကာ ၁၃၀ကျော် ဒဏ်ရာရခဲ့သည်၊ ယမန်နေ့ကမူ CCTV ကင်မရာတွင် မြင်တွေ့ရ သူဟု ယူဆသူကို ထိုင်းရဲတပ်ဖွဲ့က ကမ္ဘောဒီးယားနယ်စပ်တွင် ဖမ်းဆီးမိခဲ့သလို၊ ပြီးခဲ့သည့်စနေနေ့က တူရကီနိုင်ငံကူးလက်မှတ်အတုကိုင်ဆောင်ထားသူ တဦးကိုလည်း ဖမ်းဆီးခဲ့သေးသည်။
http://burma.irrawaddy.org/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။