ရေပူဆရာတော် ရုံးထုတ်လာစဉ် (ဓာတ်ပုံ - ချမ်းဇော်အောင်)
ရေပူဆရာတော်ကို သာသနာတော်ညှိုးနွမ်းစေမှု ၂၉၅ (က)ဖြင့် အမှုဖွင့်ခံထားရသည့် အထောက်အထားမခိုင်လုံသည့် အတွက် ပြစ်မှုဆိုင်ရာပုဒ်မ ၅၆၁ (ဃ)အရ အမှုချေဖျက်ရန် မန္တ လေးတိုင်းဒေသကြီးတရားလွှတ် တော်သို့ လျှောက်ထားမည်ဖြစ် ကြောင်း ရေပူဆရာတော်၏ တ ရားလွှတ်တော်ရှေ့နေက ပြော သည်။
မိုးကုတ်မြို့တွင် သီတင်းသုံး နေသော ရေပူဆရာတော်သည် သစ်တောဥပဒေပုဒ်မ ၄၂(ခ)၊ မြန်မာနိုင်ငံကျောက်မျက်ဥပဒေ ပုဒ်မ ၄၁(က)(ခ) နှင့် သာသနာ တော်ညှိုးနွမ်းစေမှု ၂၉၅(က)တို့ ဖြင့် ဇွန်လတွင် လူဝတ်လဲဖမ်းဆီး ခံခဲ့ရသည်။
ယခုအခါ ပြင်ဦးလွင်မြို့နယ် တရားရုံးက ရေပူဆရာတော်ကို တရားမဝင်ကျောက်မျက်တူးဖော် မှုဖြင့် စွဲချက်တင်လိုက်ပြီး တရား မဝင်သစ် သိမ်းဆည်းထားမှုနှင့် သာသနာတော်ညှိုးနွမ်းစေမှုတို့အ တွက် စစ်ဆေးနေဆဲဖြစ်သည်။
‘‘တရားလိုလုပ်တိုင်တဲ့သူက စေတီကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀ ကျော်က တည်ခဲ့တဲ့သူတွေက သူ့ အဘိုးအဘွားတွေလို့ပြောတယ်။ အဘိုးအဘွားတွေဆို နာမည်လည်းမပြောနိုင်ဘူး။ ဘာအထောက်အ ထားရှိလည်းဆိုတော့လည်း ဘာ အထောက်အထားမှ မရှိဘူး။ ကမ္ပည်းလည်း မရှိဘူး။ မော်ကွန်း လည်း မရှိဘူး။ ကျောက်စာလည်း မရှိဘူး။ မှတ်တမ်းလည်းမရှိဘူး။ ဒါကြီးနဲ့ပတ်သက်လို့ သူဘာလုပ် လဲဆိုတော့ မြက်ပဲ နှုတ်ဖူးတဲ့သူ။ နောက်ကျန်တဲ့ သက်သေတွေရဲ့ ထွက်ချက်အရ မိုးကုတ်မြို့မှာ ဒီ စေတီပြင်တဲ့အတွက်ကြောင့်မို့ ကန့်ကွက်တဲ့သူမရှိဘူး။ အဲ့ဒီတော့ သူတစ်ယောက်တည်းက ပြော တာ။ အဲ့ဒီတော့ ကျွန်တော်တို့က ဒီအမှုကို ချေဖျက်ပေးဖို့တင်မယ်’’ ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
ကျောင်းဆောင်သစ် ဆောက်လုပ်ရန် သစ်သားများစု ဆောင်းထားခြင်းနှင့် ဓာတ်ပေါင်း စုစေတီတည်ရန် စေတီအချို့ ဖြို ဖျက်ခြင်းတို့အတွက် လူဝတ်လဲ ကာ အမှုဖွင့်ဖမ်းဆီးခံထားရသည့် မိုးကုတ်မြို့ ရေပူဆရာတော်အမှု ကို စက်တင်ဘာ ၁၆ ရက်က(၁၅)ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။ တရားလိုဘက် မြို့နယ်အုပ် ချုပ်ရေးပိုင်းက သက်သေနှစ်ဦးကို စစ်ဆေးရာတွင် ၎င်းတို့သည် မည် သည့်အရာကိုမှ မသိရှိရဘဲ အုပ် ချုပ်ရေးအာဏာပိုင်များက လာ ရောက်ခေါ်ဆောင်ခြင်းကြောင့် ရေပူဆရာတော်ကျောင်းတိုက်သို့ လိုက်သွားခဲ့ခြင်းဖြစ်ပြီး ကျောင်း တိုက်တွင် ရေပူဆရာတော်နှင့် မြို့နယ်သံဃနာယကဆရာတော် တို့ စကားပြောနေသည်မှ လွဲ၍ အခြားအရာများ မသိမမြင်ခဲ့ရ ကြောင်း ထွက်ဆိုခဲ့သည်။
စက်တင်ဘာ ၁၄ ရက်က (၁၄)ကြိမ်မြောက်ရုံးထုတ်ရာတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆရာတော် အား သေနတ်ဖြင့် ချိန်ရွယ်ခဲ့သော ကြောင့် တရားရုံးတွင် ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခဲ့သည်။ ရဲမှူးမြင့်ကျော်က ၎င်းရဲတပ်သားကိုစုံစမ်း ပြီး အပြစ်ရှိလျှင် အရေးယူသွား ပါမည်ဟု ပြောဆိုသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။