ထိုင်းကို ရှုံးနိမ့်ခဲ့သော်လည်း ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်ချက်ရှိဆဲဟု မြန်မာအမျိုးသမီးအသင်းနည်းပြပြော

၂၀၁၆ အိုလံပစ် အမျိုး သမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုဒုတိယပွဲတွင် ထိုင်းအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်နိုင်သေးကြောင်း မြန်မာအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းက  ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

‘‘ရှုံးခဲ့တဲ့အတွက် စိတ်မ ကောင်းပါဘူး။ ပြိုင်ပွဲက မပြီး သေးပါဘူး။ နောက်နှစ်ပွဲ ကျန်ပါသေးတယ်။ လက်ကျန်နှစ်ပွဲစလုံးကို အနိုင်ရရှိအောင် ကြိုးစားသွားမှာပါ။ ကမ္ဘာ့ဖလားခြေစစ်ပွဲကန်ထားတဲ့ ထိုင်းလိုအသင်းမျိုးကို ဒီ လောက်ထိ ယှဉ်ကစားနိုင်ခဲ့တာ ကစားသမားတွေကို ချီးကျူးချင် ပါတယ်’’ဟု ဒေါ်သက်သက်ဝင်း ကပြောသည်။
 မြန်မာအမျိုးသမီးအသင်း သည် စက်တင်ဘာ ၁၄ ရက်က ဂျော်ဒန်အသင်းနှင့် အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားထားမှုကြောင့် က စားသမားများ ပွဲပန်းနေပြီး ထိုင်း အသင်းက အုပ်စုပထမဆုံး ယှဉ် ပြိုင်ရခြင်းကြောင့် ပွဲချိန်ပြည့်တိုက်စစ်ဆင်ကစားနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။