ယမန်နေ့က ပီ အက်စ်ဗီနှင့် ချန်ပီယံလိဂ်အုပ်စုပွဲ တွင် ညာဘက်ခြေထောက် ကျိုး သွားသော နောက်တန်းကစားသ မား လုခ်ရှောသည် ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး နယ်သာလန်နိုင်ငံမှာပင် ဆက်လက်အနားယူနေဦးမည်ဟု မန်ယူအသင်းက ပြောသည်။
ယင်းပွဲပထမပိုင်းတွင် ပီ အက်စ်ဗီနောက်တန်းလူ ဟက် ကာမိုရီနို၏ ဖျက်ထုတ်မှုကြောင့် လုခ်ရှော၏ ညာဘက်ခြေထောက် ရိုးနှစ်နေရာ၌ ကျိုးသွားခဲ့သည်။
အချိန်မည်မျှကြာမြင့်စွာ အ နားယူရမည်ကို မန်ယူအသင်းက မဖော်ပြဘဲ အင်္ဂလန်ဘယ် နောက် တန်း လက်ရွေးစင် ခွဲစိတ်ကုသမှု ခံယူခဲ့သည်ဟုသာ ကြေညာချက် ထုတ်ခဲ့သည်။
ဆောက်သမ်တန်မှ ပြောင်း ရွှေ့လာသော လုခ်ရှောသည် မန် ယူနှင့် ပထမရာသီတွင်လည်း ဒဏ်ရာကြောင့် ကောင်းစွာ ခြေ စွမ်းမပြနိုင်ခဲ့ဘဲ ယခုနှစ်တွင်မှ အ ကောင်းဆုံးခြေစွမ်းရနေသူ ဖြစ် သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။