Miss Myanmar International 2015 ပြိုင်ပွဲတွင် ပါဝင်ဖျော်ဖြေနေသည့် အမွန်း (ဓာတ်ပုံ−နစ်ကီ)
ဖျော်ဖြေတင်ဆက်မှု အချို့တွင် ၀တ်စားဆင်ယင်မှုပိုင်း နှင့် ဝေဖန်ခံခဲ့ရသည့်အဆိုတော် အမွန်းက ၎င်းဝတ်ဆင်သည့် ဖက် ရှင်များကို သီဆိုသည့်သီချင်း၊ အကနှင့် ပါဖောမန့်တို့အပေါ် မူ တည်၍ ရွေးချယ်ခြင်းဖြစ်ပြီး မည် သူ့ကိုမှ ထိခိုက်နစ်နာစေသည့် စိတ်သဘောထားမရှိကြောင်း ပြောကြားသည်။
‘‘ညီမရဲ့ ပါဖောမန့်၊ ညီမရဲ့ Music နဲ့လိုက်ဖက်တဲ့ အကနဲ့ လိုက်ဖက်တဲ့ ၀တ်စားဆင်ယင်မှု မျိုးကိုပဲ ၀တ်ဆင်သွားမှာပါ။ အဲဒီ အတွက် ဘယ်သူ့ကိုမှလည်း စော် ကားလိုစိတ်မရှိပါဘူး။ ဘယ်သူ တစ်ယောက်ကိုမှလည်း ထိခိုက် နစ်နာစေတဲ့စိတ်မျိုးနဲ့ အ၀တ်အ စားရွေးတာမရှိပါဘူး။ ညီမရဲ့ ပါ ဖော့မန့်အတွက် ညီမနဲ့လိုက်မယ့် အ၀တ်အစား၊ ညီမနဲ့ လိုက်တဲ့ ဖက်ရှင်၊ ခန္ဓာကိုယ်နဲ့ လိုက်မယ့် ဖက်ရှင်ကိုပဲ ရွေးချယ်ဖြစ်ပါ တယ်’’ဟု ၎င်းက ပြောသည်။
ဖျော်ဖြေပွဲများတွင် ၀တ် ဆင်မည့် ဖက်ရှင်ကို ကြိုတင်စဉ်း စားလေ့မရှိဘဲ ပွဲနီးမှသာ ဒီဇိုင်နာ နှင့်တိုင်ပင်၍ စီစဉ်ဖြစ်ပြီး အဆို နှင့်အကကိုသာ အဓိကထားလေ့ ကျင့်ဖြစ်သည်ဟု ၎င်းကဆိုသည်။
‘‘တစ်ခုခုဆို အ၀တ်အစား ကိုပဲ ဝေဖန်ခံနေရတော့ အမှန်အ တိုင်းပြောရရင် စိတ်မကောင်းပါ ဘူး။ ညီမတကယ်ဆို၊ တကယ်က ပြီး တကယ်ဖျော်ဖြေနေတာကို ပွဲမှာလာကြည့်တဲ့သူတွေသိပါ တယ်။ အဲဒီအတွက် ယုံကြည်မှုရှိ ပါတယ်။ အကောင်းဆုံးတင်ဆက် နိုင်ဖို့ကိုပဲ စဉ်းစားပြီးတော့ အဆို တွေ၊ အကတွေကိုပဲ အဓိကလေ့ ကျင့်ဖြစ်ပါတယ်’’ဟု အမွန်းက ပြောသည်။
အမွန်းသည် အောက်တိုဘာ ၄ ရက်တွင် ပြုလုပ်မည့် Yangon Runway Girls Collection ပွဲ၌ ပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး အောက် တိုဘာ တတိယပတ်တွင် ထွက်ရှိ မည့် တစ်ကိုယ်တော်စီးရီးသစ်မှ သီချင်းအချို့ကို သီဆိုပေးမည်ဟု ၎င်းက ပြောသည်။ ယင်းအခွေတွင် ၎င်းကိုယ်တိုင်ရေးထားသည့် ကိုယ်ပိုင်သံစဉ်သီချင်းခုနစ်ပုဒ်ပါဝင် မည်ဖြစ်ပြီး အမေရိကန်တေးရေး ဆရာသုံးဦး၏ သီချင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
‘‘ရာခိုင်နှုန်းတော်တော်များ များက ကိုယ်ကြုံရဆုံရတာလေး တွေပါပါတယ်။ အချစ်ကတော့ အဓိကပါပဲ။ အမွန်းတို့လူငယ်တွေ ဖြတ်သန်းနေရတဲ့နိစ္စဓူဝ ဖြစ်စဉ် လေးတွေကို အမွန်းခံစားချက်နဲ့ ပြန်ပြီးရေးထားတာ’’ဟု ၎င်းရေး စပ်ထားသည့် သီချင်းများအ ကြောင်းကို ပြောသည်။
ယင်းအခွေကို အမေရိကန် နိုင်ငံတွင် အသံသွင်းခဲ့ခြင်းဖြစ်ပြီး အခွေခေါင်းစဉ်ကို ရွေးချယ်နေဆဲ ဖြစ်ကြောင်း ၎င်းကပြောသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။