လူ ၇၀၀ ကျော် သေဆုံးသည့် လူနင်းမှုအပြီး ဟာ့ဂ်ျခရီးစဉ် လုံခြုံရေး ပြန်လည်စစ်ဆေးရန် ဆော်ဒီဘုရင် အမိန့်ထုတ်



လူနင်းမှုများကြောင့် လူ ၇၀၀ ကျော် သေဆုံးသည့် ဖြစ်ရပ်အပြီးတွင် မက္ကာ၌ ဟာ့ဂ်ျဝတ်ပြု ခရီးသည်များအတွက် လုံခြုံရေး စံနှုန်းများကို ပြန်လည် စစ်ဆေးရန် ဆော်ဒီအာရေဗျ ဘုရင်က အမိန့်ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၂၄ ရက်တွင် မက္ကာမြို့တော် အနီး၌ ဟာ့ဂ်ျကာလ ဝတ်ပြုခရီးသည်များ စုပြုံတိုးဝှေ့ရာ လူနင်းမှုများကြောင့် ၇၁၇ ဦး သေဆုံးကာ ၈၆၃ ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့သည်။ နှစ်စဉ် ကျင်းပမြဲဖြစ်သည့် ဟာ့ဂ်ျဝတ်ပြု ပွဲတော်တွင် ယခင်ကလည်း လူနင်းမှုကြောင့် အသေအပျောက် ဖြစ်မှုများ ရှိခဲ့ဖူးသော်လည်း ယခုဖြစ်ရပ်ကမူ ၂၅ နှစ်တာ ကာလအတွင်း အဆိုးရွားဆုံး ဖြစ်လာသည်။

မက္ကာမြို့ အပြင်ဘက် မီနာတွင် ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဘုရင် ဆော်လ်မန် ဘင် အက်ဘ်ဒူလာဇစ်က လုံခြုံရေး စံနှုန်းများကို ပြန်လည် စစ်ဆေး သုံးသပ်ရန် အာဏာပိုင်များကို အမိန့်ထုတ် စေခိုင်းခဲ့ကြောင်း ဆော်ဒီ အစိုးရ အရာရှိများက ပြောကြားခဲ့သည်။ “ဝတ်ပြုသူတွေရဲ့ လှုပ်ရှား သွားလာမှုမှာ ပိုပြီး စုစည်းဖို့၊ စနစ်တကျရှိဖို့ စီမံခန့်ခွဲပေးတာမျိုးကိုလည်း ဘုရင်က လိုလားနေပါတယ်”ဟု ဆော်ဒီ အရာရှိ တစ်ဦးက မှတ်ချက်ပေးခဲ့သည်။

ဆော်ဒီ ကျန်းမာရေးဝန်ကြီး ခါလက်ဒ် အယ်လ်ဖာလီက ယခုကဲ့သို့ လူအများ စုပြုံတိုးကြိတ်ပြီး လူနင်းမှု ဖြစ်ရခြင်းသည် ဝတ်ပြုသူ အများအပြားက ကြိုတင် သတ်မှတ်ပေးထားသည့် အချိန်ဇယားအတိုင်း လေးစား လိုက်နာမှု မရှိခဲ့၍ ဖြစ်ကြောင်း ပြစ်တင် ပြောဆိုခဲ့သည်။ ယခုနှစ် ဟာ့ဂ်ျကာလတွင် မက္ကာသို့ လာရောက်ဝတ်ပြုသူ ၂ သန်းကျော် ရှိသည်။

ဟာ့ဂ်ျခရီးစဉ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် မွတ်ဆလင် ဝတ်ပြုသူများသည် မက္ကာမှ ၃ မိုင်မျှ အကွာရှိ မီနာ တောင်ကြားသို့ သွားရောက်ကာ ဂျမာရတ်ခေါ် ကျောက်တိုင်ကြီးများသို့ ကျောက်ခဲ ခုနစ်လုံးဖြင့် ပစ်ပေါက်လေ့ ရှိကြသည်။ အဆိုပါ တိုင်လုံးကြီးများသည် မကောင်းဆိုးရွားကို ကိုယ်စားပြုပြီး တမန်တော် အေဘရာဟမ်ကို နတ်ဆိုးက နှောင့်ယှက်ခဲ့သည်ဟု ယုံကြည်သည့် နေရာတွင် တိုင်လုံးကြီးများကို စိုက်ထူထားခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၄ ရက် မတော်တဆမှုတွင် ဝတ်ပြုသူများက တိုင်လုံးကြီးများကို ဝန်းရံထားသည့် ငါးထပ် အဆောက်အအုံသို့ စီတန်းလမ်းလျှောက်ရာမှ စုပြုံတိုးဝှေ့ပြီး လူနင်းခံရမှုများ ပေါ်ပေါက်ခဲ့ခြင်းဟု သိရှိရသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။