လေးမြို့မြစ်ရေတိုက် စားမှုကြောင့် မင်းပြားမြို့နယ် ပန်း မြောင်းတိုက်နယ်ရှိ မြစ်ကမ်း အနီးရှိ လူနေအိမ်နှင့် ဈေးဆိုင်ခန်း များ ဘေးလွတ်ရာသို့ နေရာ ပြောင်းရွှေ့နေရကြောင်း သတင်း ရရှိသည်။
‘‘ကမ်းပြိုတာ နှစ်စဉ်ဖြစ်ပေါ် နေပေမယ့် ဒီနှစ်မှာ ပိုပြီးတော့ များပါတယ်။ ကုန်ခဲ့တဲ့နှစ်က ဒီ လောက်မပြိုခဲ့ပါဘူး။ ဒီနှစ်တော့ ရေကြီးနစ်မြုပ်မှုကြောင့် မြစ်ရေ စီးဆင်းမှုကြမ်းပြီး ပြိုကျမှုများလာ တာ ဖြစ်ပါတယ်’’ဟု ပန်းမြောင်း တိုက်နယ်မှ ဒေသခံ ဦးခိုင်မျိုး လင်းက ပြောသည်။
လေးမြို့မြစ်ရေတိုက်စားမှု ကြောင့် ယခုလအတွင်း လူနေ အိမ်နှင့် ဈေးဆိုင်ခန်း ၃၀ ကျော် ပြိုကျပျက်စီးခဲ့ပြီး လူအများသည် နီးစပ်ရာဘုန်းတော်ကြီးကျောင်း သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိ ကြောင်း သတင်းရရှိသည်။
နှစ်စဉ်ကမ်းပြိုကျမှုမှ ကာ ကွယ်ရန် ပန်းမြောင်းတိုက်နယ်ရှိ လေးမြို့မြစ်ကမ်းတွင် ပေခြောက် ရာရှိ ကမ်းထိန်းနံရံတစ်ခု လွန်ခဲ့ သည့်နှစ်က တည်ဆောက်ခဲ့သော် လည်း အဆိုပါ ကမ်းထိန်းနံရံမှာ ယခုကမ်းပြိုခြင်းနှင့်အတူ ပြိုကျ သွားခဲ့ကြောင်း ကမ်းပြိုရာ၌ နေအိမ်ပြိုကျခဲ့သူ ပန်းမြောင်း ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ပန်းမြောင်းတိုက် နယ်တစ်ဖက်ကမ်းရှိ မြောက်ဦး မြို့နယ် ဆင်အိုးကျေးရွာအနီးတွင် လည်း လေးမြို့မြစ်ရေတိုက်စားမှု ကြောင့် နေအိမ်ပြောင်းရွှေ့ရမှု များရှိနေကြောင်း ဆင်အိုးကျေး ရွာမှ ဒေသခံတစ်ဦးကပြောသည်။
http://www.7daydaily.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။