စီးကရက်နှင့်ကွမ်းစားဆေးဘူးများ၏ ၇၅ ရာခိုင်နှုန်းတွင် သတိပေးရုပ်ပုံများ ထည့်သွင်းဖော်ပြရန် ဆောင်ရွက်မည်


ကင်ဆာဖြစ်ပွားမှုများတွင် ကွမ်းယာတွင် ထည့်စားသည့် ဆေးအမျိုးမျိုးကြောင့်လည်း ပါဝင်နေသည်။/ဓာတ်ပုံ − ကျော်ဇင်သန်း

လက်ရှိဖြန့်ဖြူးနေသည့် စီးကရက်နှင့် ကွမ်းစားဆေးဘူးများ၏ ၇၅ ရာခိုင်နှုန်းတွင် ကျန်းမာရေးဆိုင်ရာ သတိပေးရုပ်ပုံများ ထည့်သွင်းခြင်းကို ၇၅ ရခိုင်နှုန်းထိ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

အာဆီယံနိုင်ငံများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ယခု နှစ်မှ စတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဆင့်မြှင့်တင်ရေးညွှန်ကြားရေးမှူး ဒေါက်တာ သူဇာချစ်တင်ကပြောသည်။

‘‘သူများနိုင်ငံတွေဆို ၉၀ ရာ ခိုင်နှုန်းလောက်အထိ လုပ်နိုင်တယ်။ အဲဒါကြောင့် ၇၅ ရာခိုင်နှုန်း လောက်အထိ ကျန်းမာရေးဝန်ကြီး ဌာနကလုပ်မယ်။ အဲဒါထွက်ဖို့ ပထမဦးဆုံးအဆိုပြုတယ်။ ပြီးတဲ့ အခါ ဥပဒေအကျိုးအကြောင်း ညီညွတ်ရဲ့လားဆိုတာဥပဒေရုံးကို တင်ပြထားတယ်။ ရှေ့နေချုပ်ရုံးက အပြီးသတ်ပြီးလို့ အခုအတည် ပြုချက်ရယူဖို့အတွက် သက်ဆိုင်ရာကို ဆက်ပြီးတင်ပြထားပါ တယ်’’ ဟု ၎င်းကပြောသည်။

ဆေးရုံများမှ ကင်ဆာဆောင်များရှိ လူနာများ၏ ခံတွင်းကင်ဆာ၊ အဆုတ်ကင်ဆာဖြစ်ပွားပုံများနှင့် မိခင်မှ ဆေးလိပ်ဆေးရွက် ကြီးသုံးစွဲ၍ ကလေးငယ်တွင်ပေါင် မပြည့်ခြင်း စသည့်ကျန်းမာရေးဆိုး ကျိုးများဖြစ်ပွားရပုံစသော ရုပ်ပုံ များကို ရိုက်ယူ၍အဆိုပါစီးကရက် ဘူးနှင့် ဆေးပေါ့လိပ်ထုပ်များ၊ ကွမ်းစားဆေးထုပ်နှင့် ကွမ်းစားဆေးဘူးများတွင် ထည့်သွင်းမည် ဖြစ်သည်။

‘‘ဒါကိုအတည်ပြုပြီးရင် ဆေးလိပ်ထုတ်တဲ့လုပ်ငန်းရှင်တွေကို အဲဒီတံဆိပ်တွေပေးလိုက်မယ်။ ဒါ ကိုဘူးတွေမှာ ကပ်ရမယ်ဆိုတော့ အချိန်နည်းနည်းတော့ ပေးရမှာ ပေါ့။ ဒါပေမဲ့ နောက် ခြောက်လ ထက်မပိုတော့ဘူး။ ခြောက်လ အတွင်းမှာ ဒီပုံတွေထည့်ဖို့ဆိုပြီး သူတို့ကိုပေးမယ်’’ဟု ဒေါက်တာ သူဇာချစ်တင်ကပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနက ၂၀၁၄ တွင်‘‘ ဆေးလိပ်၊ဆေးရွက်ကြီးသုံးစွဲမှု လျော့နည်းဖို့ အခွန်တိုးမြှင့် ကောက်ခံစို့’’ဟူသည့် ကမ္ဘာ့ဆေး လိပ်မသောက်ရေးနေ့ ဆောင်ပုဒ် အတိုင်း ၂၀၁၅ အခွန်အကောက် ဥပဒေတွင် ဆေးရွက်ကြီးထွက် ပစ္စည်းများကို ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံ ခဲ့သည်။

မြန်မာနိုင်ငံတွင် ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသုံး စွဲသူဦးရေ ၁၀၀ လျှင် ၄၆ ဦးမှာ ဆေးရွက်ကြီးပါရှိသော ကွမ်းယာ ကို စားသုံးကြပြီး ကျန် ၅၄ ဦးမှာ ဆေးလိပ်သောက်သုံးကြကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ လေ့လာမှုစစ်တမ်းများ၌ ဖော်ပြထားသည်။‘‘အခုတလော အသက်ငယ် ရွယ်တဲ့ လူငယ်တွေပါ ဆေးလိပ်တို့ ကွမ်းတို့ သုံးစွဲနေတာတွေ တွေ့ နေရတယ်။ တကယ်လို့ အဲဒီလို ဆေးလိပ်တွေ၊ ကွမ်းတွေမှာ ပညာပေးရုပ်ပုံတွေကပ်မယ်ဆိုရင်တော့ အနည်းနဲ့အများ ရှောင်ကြဉ်လာ ကြမယ်လို့ ထင်တယ်’’ဟုအသက် (၃၅) နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း တစ်ဦးကပြောသည်။

ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းများသုံးစွဲခြင်းဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရော ဂါ၊ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများအပြင် အဆုတ်ကင်ဆာများဖြစ်ပွားနိုင်ပြီး ၎င်းတို့ကြောင့် ကုသစရိတ်ဝန်ထုပ်ဝန်ပိုးမြင့်မားစေမှုနှင့်အတူ ကုန်ထုတ်စွမ်းအား ကျဆင်းခြင်းနှင့် နိုင်ငံ့စီးပွားရေး ထိခိုက်ခြင်း စသည့် နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ပွားစေခြင်း ကြောင့် ဆင်ခြင်သောက်သုံးကြရန် ဆရာဝန်အချို့က ပြောသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။