ဆွေးနွေးရန် ကမ်းလှမ်းရာမှ တရုတ်ကုမ္ပဏီကို ဆန္ဒပြမည့် အစီအစဉ် အမ်းဒေသခံတို့ နောက်ဆုတ်

ကျော်ဝင်း
ကျောက်ဖြူ၊ စက်တင်ဘာ၁၆

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တောင်ဖလာကျေးရွာအုပ်စုတွင် တရုတ်ကုမ္ပဏီ China National Petroleum Corporation (CNPC) အား ဒေသခံများ ကန့်ကွက် ဆန္ဒပြမည့် အစီအစဉ်ကို စက်တင်ဘာလ ၂၁ ရက်နေ့သို့ ရွှေ့ပြောင်း နောက်ဆုတ် လိုက်သည်ဟု သိရသည်။

နောက်ဆုတ်လိုက်ရသော အကြောင်းအရင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ CNPC ကုမ္ပဏီ၊ MOGE တာဝန်ရှိသူများနှင့် ရေလှောင်ပုဇွန်ကာရီပိုင်ရှင်များ စက်တင်ဘာ ၁၉ရက်နေ့မှာ ဆွေးနွေးရန် ကမ်းလှမ်းလာသောကြောင့် ဖြစ်သည်ဟု အမ်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဌ ကိုမျိုးလွင်ကပြောသည်။

ဂတ်စ်ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းကြောင့် ဒေသခံများလုပ်ကိုင်စားသောက်နေသော ပုဇွန်ကာရီများ၊ စိုက်ပျိုးမြေများ ပျက်စီးသွားသည်ကို သက်ဆိုင်ရာ ကုမ္ပဏီက ပြန်လည်ပြုပြင်ပေးခြင်း မရှိသည့် အတွက် ဒေသခံများက စက်တင်ဘာ ၁၆ရက်နေ့၌ ဆန္ဒဖော်ထုတ်ပွဲ ကန့်ကွက်ရန် စီစဉ်ခဲ့သည်။

ရေနံပိုက်လိုင်းနှင့် ဂတ်စ်ပိုက်လိုင်း ဖြတ်သန်း ဖောက်လုပ်မှုကြောင့် ဒေသခံ ရွာသား ၈၉ဦး လုပ်ကိုင်စားသောက်နေသော ပုဇွန်ကာရီသည် ပျက်စီးသွားခဲ့သည်။ ထိုသို့ ပျက်စီးသွား ကာရီခေါ် တာတမံအား ရွာသား ၁၅၀ ခန့်ဖြင့် နေ့စဉ် ပြန်လည် ဆည်ဖို့ ပြုပြင်သော်လည်း အပျက်အစီးများသဖြင့် ဒေသခံများ လုပ်အားဖြင့် မနိုင်တော့ကြောင်း သိရသည်။

၎င်းကာရီသည် ၂၀၁၁ခုနှစ် ရေနံပိုက်လိုင်းနှင့် ဂတ်စ်ပိုက်လိုင်း ဖြတ်သန်းခံရပြီးနောက်ပိုင်းမှစ၍ လုပ်ကိုင်၍ မရတော့ဘဲ ပျက်စီးသွားခဲ့သည်ဟု ကိုမျိုးလွင်ကပြောသည်။

ဒေသခံလူပေါင်း ၈၉ ဦးပိုင်ဆိုင်သော ကာရီ၅လုံးရဲ့အကျယ်အ၀န်း ၃၄၅ဧကရှိပြီး ပုဇွန်လုပ်၍မရသောအခါ ယခုနှစ်မိုးရာသီမှစ၍ စပါးစိုက်ရန် ကိုယ်ထူကိုယ်ထဖြင့် နေ့တိုင်းလူ၁၅၀ခန့်ဖြင့် ပြန်လည်ပြုပြင်နေသော်လည်း လတိုင်း၎င်းကာရီကျိုးပေါက်နေသောကြောင့် အခက်အခဲဖြစ်နေကြောင်းသိရသည်။

( ၂၀၁၃ ခုနှစ်က တရုတ်ကုမ္ပဏီကို မဒဲကျွန်း ဒေသခံများ ကန့်ကွက်နေကြစဉ်)

____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။