ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့လူငယ်အချစ်ကားလေးတစ်ကားအကြောင်းကို ညွှန်းပေးလိုက်ပါတယ်။
ကြွယ်ဝအောင်က ဘယ်အရာကိုပဲဖြစ်ဖြစ်သည်းခံတတ် လေ့ရှိပါတယ်။
သူက သူဌေးတစ်ယောက်ရဲ့အိမ်မှာအိမ်အကူအနေနဲ့ ဘဝကိုဖြတ်သန်းနေတာပါ။ သူနေတဲ့အိမ်ကြီးမှာလည်းလူအများကြီးတော့မရှိပါဘူး။ သားအဖနှစ်ယောက်ပဲရှိပါတယ်။ အဲဒီသားအဖက ကြွယ်ဝအောင်အပေါ်မှာ အရမ်းနိုင်ပါတယ်။
သူဌေးသမီး မြူမိုး က အနိုင်မကျင့်ပေမယ့်သူ့အဖေကတော့ ကြွယ်ဝအောင်ကို အမြဲတမ်း အပြစ်တင်လေ့ ရှိပါတယ်။ ကြွယ်ဝအောင်ကလည်း ပြောရင်လည်းပြောစရာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့သူဌေးခိုင်းလိုက်တိုင်း အမြဲတမ်း လွဲလေ့ရှိပါတယ်။
တစ်ရက်မှာတော့ အဲဒီအိမ်ကသူဌေးက နောက်အိမ်ထောင်ပြုဖို့ သူ့သမီးကိုပြောခဲ့ပါတယ်။ သူ့သမီးက အဲဒီကိစ္စကို လုံးဝသဘောမတူခဲ့ပါဘူး။
ဒါပေမဲ့လည်း မြူမိုးရဲ့ အဖေကတော့သမီးရဲ့ဆန္ဒကို မလိုက်လျောခဲ့ပါဘူး။ အဲဒီ့အပြင်သူ့ယူမယ့်မိန်းမရဲ့မွေးနေ့ကို လက်ဆောင်တောင်ပေးလိုက်ပါတယ်။ဒါပေမဲ့လက်ဆောင်ကို ရိုးရိုးမပေးဘဲ ကိတ်မုန့်ထဲမှာထည့်ပေးခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီကိတ်မုန့်ကို ကြွယ်ဝအောင်ကို ပို့ခိုင်းခဲ့ပါတယ်။
မြူမိုးကတော့ သူ့အဖေကိုရွဲ့တဲ့အနေနဲ့ ညပိုင်း အိမ်မပြန်ဘဲကလပ်ကို သွားခဲ့ပါတယ်။အဲဒီမှာပြဿနာဖြစ်ခဲ့ပါတယ်။ အဲဒါကို ကြွယ်ဝအောင် တွေ့ သွားတဲ့အချိန်မှာ ကြွယ်ဝအောင်နဲ့ အဲဒီလူနှစ်ယောက်ပြဿနာဖြစ် ခဲ့ပြီး လက်မှာ ဒဏ်ရာရသွားခဲ့ပါ တယ်။ အဲဒီ့အကြောင်းကိုသူ့သူ ဌေးသိသွားတဲ့အချိန်မှာ ဘာမှ မမေးဘဲ ကြွယ်ဝအောင်ကို အလုပ်က ထုတ်ခဲ့ပါတယ်။ ကြွယ်ဝအောင် ကတော့ သူ့ကိုငယ်ငယ်လေးက တည်းကမွေးခဲ့တဲ့ ကျေးဇူးကြောင့်ဆိုပြီး သူ့သူဌေးပြောတဲ့ အတိုင်း လိုက်နာခဲ့ပါတယ်။ မြူမိုးကတော့ ကြွယ်ဝအောင် အလုပ်ဖြုတ်လိုက်တဲ့ကိစ္စကို မကျေနပ်ခဲ့ပါဘူး။
အဖေအိမ်ထောင်ပြုမှာကို မကြိုက်တဲ့ မြူမိုး သူ့အဖေအိမ်ထောင်မပြုအောင် တားနိုင်မှာ လား။ အဲဒီအိမ်ကနေနှင်ချခဲ့ရတဲ့ ကြွယ်ဝအောင်ဘဝ ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ လာဗင်ဒါထုတ်လုပ်ရေးကနေ ဖြန့်ချိပေး ထားတဲ့ ချောကလက်ထောင် ချောက်ဆိုတဲ့ ဇာတ်ကားလေးမှာ ကြွယ်ဝအောင်အဖြစ် နေတိုး၊ မြူမိုးအဖြစ်နန်းဆုဦးတို့ကပါဝင်သရုပ်ဆောင် ထားပြီး မိုးစက်ဝိုင်ရဲ့ဇာတ်လမ်း ဇာတ်ညွှန်းကို ဒါရိုက်တာ သြရသ ကရိုက်ကူးပုံဖော်ထားပါတယ်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။