တစ်နိုင်ငံလုံးအပစ်ရပ်ကြောင်း အစိုးရက တစ်ဖက်သတ် ကြေညာပေးရန် တောင်းဆို

ပြည်တွင်းငြိမ်းချမ်းရေးအမြင်သဘောထားဖလှယ်ပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ − ဇေနွေထွန်း)
 အစိုးရက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို တစ် ဖက်သတ်ရပ်စဲကြောင်း ဦးစွာ ကြေညာပေးရန် တောင်းဆို ကြောင်း စက်တင်ဘာ ၇ ရက်က ပြည်တွင်းငြိမ်းချမ်းရေးအမြင် သ ဘောထားဖလှယ်ပွဲ သဘောထား ထုတ်ပြန်ချက်အဖြစ် ကြေညာ သည်။

ဆရာကြီးသခင်ကိုယ်တော် မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊အရပ် ဘက်လူမှုအဖွဲ့အစည်းများနှင့်ဒီ မိုကရေစီအင်အားစုများအပါအ ၀င် စုစုပေါင်း ၃၄ ဖွဲ့က အထက် ပါအတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆွေးနွေးနေစဉ် ကာလ အတွင်း တိုင်းရင်းသားဒေသများ တွင် စစ်တပ်အင်အားများ ထပ်မံ ချထားခြင်း၊ တိုးချဲ့နေရာယူခြင်း၊ ထိုးစစ်ဆင်ခြင်းများကို ရပ်ဆိုင်း ပေးရန် ပြည်တွင်းငြိမ်းချမ်းရေးအ မြင်သဘောထားဖလှယ်ပွဲ သ ဘောထားထုတ်ပြန်ချက်၌ ဖော် ပြထားသည်။
စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ထိခိုက်စေ သော အမိန့်ကြေညာချက်များ၊ ငြိမ်းစုစီဥပဒေနှင့် မတရားသင်း အက်ဥပဒေများကို ပယ်ဖျက်ပေး ရန်နှင့် တစ်နိုင်ငံလုံး၌ တရားမျှ တမှု၊လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ ရေးတို့အတွက် တိုက်ပွဲဝင်လျက်ရှိ သော အလုပ်သမား၊ လယ်သမား၊ ဆရာတော် သံဃာတော်များ၊ ကျောင်းသားများ၊ စာနယ်ဇင်းသ မားများနှင့် ၀န်းရံပြည်သူများကို ပုဒ်မအမျိုးမျိုးတပ်၊ တရားစွဲဖမ်း ဆီးထောင်ချနေခြင်းများနှင့် တစ် နိုင်ငံလုံးရှိ အကျဉ်းထောင်အသီး သီးတွင် ဖမ်းဆီးထိန်းသိမ်းခံနေရ သော နိုင်ငံရေးအကျဉ်းသားများ ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ် ပေးရန် တောင်းဆိုထားသည်။
‘‘သမ္မတနဲ့ ကာကွယ်ရေးဦး စီးချုပ်ဆီ မနက်ဖြန်ပို့မယ်။ တိုင်း ရင်းသား လက်နက်ကိုင်အင်အား စုများ အဖွဲ့ကိုလည်းပို့မယ်’’ဟု ယင်းထုတ်ပြန်ချက်အဖွဲ့တွင် ပါ ၀င်သည့် ၁၉၉၀ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်များအဖွဲ့မှ ဦးဒေးဗစ်လှမြင့်ကပြောသည်။
အစိုးရကတစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် တိုင်း ရင်းသား လက်နက်ကိုင်တော် လှန်ရေးအဖွဲ့အချို့ကို မပါဝင်စေ ခြင်းမှာ လုံးဝမဖြစ်သင့်ကြောင်း ၎င်းကဆက်လက်ပြောသည်။
ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ် သိမ်ဖြူလမ်း မင်္ဂလာရာ မ ပါဠိတက္ကသိုလ်၊ စိန်ရတုခန်းမ တွင် ပြည်တွင်းငြိမ်းချမ်းရေး အ ခြေအနေအပေါ် အမြင်သဘော ထားဖလှယ်ပွဲ၌ ဗုဒ္ဓဘာသာမှ ဘဒ္ဒန္တရဋ္ဌသာရ အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်နှင့် ဟိန္ဒူဘုန်းတော် ကြီးများ ဗဟိုအဖွဲ့ချုပ်ဆရာတော် နှစ်ပါးနှင့် ခရစ်ယာန်သာသနာမှ ဆရာတော်တစ်ပါးနှင့် အစ္စလာမ် ဘာသာမှ ဆရာတော်တစ်ပါးတို့ က ငြိမ်းချမ်းရေးအမြင်များကို လည်း တက်ရောက်ဆွေးနွေးခဲ့ ကြသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။