ရုရှားစစ်ဘက်ကျွမ်းကျင်သူများ ဆီးရီးယားတွင် လေယာဉ်ပြေးလမ်းများ တိုးချဲ့ရန် ပြင်ဆင်

ဆီးရီးယားက တောင်း ဆိုထားသော တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို မော်စကိုက ပေးအပ်ခြင်းမရှိသေးသော်လည်း ပြီးခဲ့သည့် သီတင်းပတ်များစွာက ဆီးရီးယားနိုင်ငံသို့ ရောက်ရှိနေ သော ရုရှားစစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများက လေကြောင်းအ ခြေစိုက်စခန်းများကို လေ့လာစစ် ဆေးနေပြီး အထူးသဖြင့် နိုင်ငံ မြောက်ပိုင်းရှိ လေယာဉ်ပြေးလမ်း အချို့ကို တိုးချဲ့ဖောက်လုပ်ရန် ဆောင်ရွက်နေကြောင်း လက်ဘ နွန်သတင်းစာတစ်စောင်က ဖော် ပြသည်။

ရုရားတပ်ဖွဲ့များသည် ကျွမ်း ကျင်သူများ၊ အကြံပေးပုဂ္ဂိုလ်များ နှင့် လေ့ကျင့်သင်ကြားပေးသူများ ၏ မူဘောင်အတွင်း ဆောင်ရွက် ဆဲဖြစ်သည်ဟု ဆီးရီးယား သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ အက်စ်ဆာဖာသတင်းစာက ဖော် ပြပြီး ဆီးရီးယားရှိ မြေပြင်ရုရှား တပ်ဖွဲ့များအတွင်း အခြေခံကျ သော ပြောင်းလဲမှုများ မတွေ့ရဟုဖော်ပြသည်။
သမ္မတဘာရှားအယ်လ်အာ ဆတ်ကို အင်အားတိုးမြှင့်ပေးရန် ရည်ရွယ်ခြင်းအဖြစ် အများက ရှု မြင်ထားသော ဆီးရီးယားတွင် ကြီးမားသည့် စစ်အင်အား တည် ဆောက်ရန် မော်စကိုက လုပ် ဆောင်နေသည်ဆိုသော သတင်း နှင့် ပတ်သက်၍ များစွာစိုးရိမ် သည်ဟု ကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရုရှားနိုင်ငံခြားရေး ၀န်ကြီး ဆာဂျီလက်ဗ်ရော့ကို စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
လူပေါင်းနှစ်သိန်းခွဲခန့် သေ ဆုံးခဲ့ပြီး ဆီးရီးယားနိုင်ငံကို အိုင် အက်စ်အဖွဲ့နှင့် အစိုးရတပ်များ အပါအ၀င် ပြိုင်ဘက်လက်နက် ကိုင်အဖွဲ့များက ကိုယ်စီထိန်းချုပ် မှုဖြစ်ပေါ်စေခဲ့သည့် ပြည်တွင်းစစ်အတွင်း ရုရှားနိုင်ငံသည် အာ ဆတ်အတွက် အရေးပါသော မဟာမိတ်နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။
ဆီးရီးယားစစ်ပွဲ စတင်ပြီး နောက် ပထမဆုံးအကြိမ်အဖြစ် ရုရှားကျွမ်းကျင်ပညာရှင်များ အဖွဲ့ တစ်ဖွဲ့က ဆီးရီးယားစစ်ဘက်ဆိုင်ရာလေဆိပ်များကို ပြီးခဲ့သည့်သီတင်းပတ်များစွာက လေ့လာ စစ်ဆေးမှုစတင်ခဲ့ပြီး နိုင်ငံမြောက်ပိုင်းရှိ လေယာဉ်ပြေးလမ်း အချို့ကို တိုးချဲ့ရန် ကြိုးစားနေ ကြောင်း အက်စ်ဆာဖာသတင်း စာက ဖော်ပြသည်။
ရုရှားသည် လက်နက်တပ် ဆင်ပေးရေး ဆက်ဆံမှုအတွင်း အရည်အသွေးဆိုင်ရာ ကနဦး ဆောင်ရွက်မှုများ စတင်လုပ် ဆောင်နေသည်ဟု ယင်းသတင်း စာက ဖော်ပြသည်။
ဆီးရီးယားက Mi-28 အမျိုးအစား ရုရှားတိုက်ခိုက်ရေးရဟတ် ယာဉ်အစီး ၂၀ ကျော် ထောက်ပံ့ ပေးရန် တောင်းဆိုထားသော် လည်း ဒမတ်စကတ်စ်အစိုးရ လက်ခံရရှိနိုင်သည့် လက်နက်များသဘောသဘာဝနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် တစ်စုံတစ်ရာမရှိ သေးဟု ဒမတ်စကတ်စ်မြို့တွင် အ ဆက်အသွယ်ကောင်းစွာရှိသော ယင်းသတင်းစာက ဖော်ပြသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။