၂၀၁၈ ဆောင်းရာသီအိုလံပစ် အားကစားပွဲတော် သံတမန်အဖြစ် ခန့်အပ်ခံရတဲ့ လီမင်ဟို



 တောင်ကိုရီးယားသရုပ် ဆောင်မင်းသား လီမင်ဟိုသည် ၂၀၁၈ ဆောင်းရာသီအိုလံပစ် အားကစားပွဲတော်အတွက် သံတမန်တစ်ဦးအဖြစ် ခန့်အပ် ခံရသည်ဟု ကိုရီးယား Hankooki သတင်းကဖော်ပြသည်။

ကေဒရာမာစတားလီမင်ဟို အား ၂၀၁၈ တောင်ကိုရီးယားနိုင်ငံ ဖြောင်းချန်မြို့၌ကျင်းပပြု လုပ်မည့် ဆောင်းရာသီအိုလံပစ်အားကစားပွဲတော်အတွက် သံတမန်တစ်ဦးအဖြစ် ခန့်အပ် ကြောင်းကြေညာမှုကို စက်တင် ဘာ ၂၅ ရက်တွင် ဆိုးလ်မြို့ DDP ပလာဇာ၌ ပြုလုပ်ခဲ့ခြင်းဖြစ် သည်။

၂၀၁၈ ဖြောင်းချန်ဆောင်း ရာသီအိုလံပစ်အားကစားပွဲတော် ၂၀၂၀ တိုကျိုနွေရာသီ အိုလံပစ်အားကစားပွဲတော်နှင့် ၂၀၂၂ ဘေဂျင်းဆောင်းရာသီအိုလံပစ်အားကစားပွဲတော်များကို အာရှတိုက်၌ကျင်းပစဉ် ကိုရီးယားငွေကြယ်ပွင့်လီမင်ဟိုကို ၂၀၁၈ ဖြောင်းချန်ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော် သံတမန် အဖြစ် ခန့်အပ်သည်ဟု ယင်းပွဲ တော်ဖြစ်မြောက်ရေးကော်မတီ က ကြေညာခဲ့သည်။

‘‘နှင်းလျှောစီးတာ၊ ရေလွှာ လှိုင်းစီးတာလိုမျိုး အားကစားတွေ ကို ကျွန်တော်အရမ်းသဘောကျ တယ်။ ဒါကြောင့် အိုလံပစ်အား ကစားပွဲတော်ကို ကျွန်တော် အရမ်း စိတ်ဝင်စားတယ်။ ဖြောင်း ချန်ဆောင်းရာသီအိုလံပစ် အား ကစားပွဲတော်ရဲ့ ဂုဏ်ထူးဆောင် သံတမန်အနေနဲ့ တက်ကြွစွာ တာဝန်ယူဆောင်ရွက်သွားပါ မယ်’’ဟု လီမင်ဟိုက ပြောကြား ခဲ့သည်။ ကမ္ဘာကျော်သရုပ် ဆောင်တစ်ဦးဖြစ်သော လီမင်ဟို သည် ကိုရီးယားခရီးသွားလုပ်ငန်း ၏ သံတမန်အဖြစ်လည်း များ မကြာသေးမီက ဆောင်ရွက်ခဲ့ သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။