မြောက်ဦးတွင် ဆရာတော်ပျံလွန်သည့်အမှု အဖြစ်မှန်ပေါ်ရန် မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ယူမည်ဟုဆို


ရှင်းလင်းပွဲလုပ်​​နေသည့်​ ရဲမှူးမြင့်​​သောင်း (ဓာတ်ပုံ − မောင်ကံ)

 မြောက်ဦးမြို့ ၀သဲရပ် ကွက်ရှိ တက္ကသီလာတောရဘုန်း ကြီးကျောင်းမှ ဆရာတော်တစ်ပါး စက်တင်ဘာ ၂၂ရက်က လည် ပင်းပြတ်ရှဒဏ်ရာဖြင့် ပျံလွန်နေ သည့်အမှုကို အဖြစ်မှန်ပေါ်ပေါက် ရန် မြို့နယ်ရဲတပ်ဖွဲ့က တာဝန်ယူနိုင်ကြောင်း မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မြင့်သောင်းက ပြောသည်။

‘‘ဆရာတော်ပျံလွန်တဲ့ကိစ္စ နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရဲ တပ်ဖွဲ့က အထူးစစ်ဆေးမှုတွေပြု လုပ်နေပါတယ်။ အဖြစ်မှန်ပေါ် ပေါက်ဖို့အတွက် လိုအပ်တဲ့စစ် ဆေးချက်တွေကို စီအိုင်ဒီပို့ထား ပါတယ်။ အဖြစ်မှန်ပေါ်ဖို့ အတွက် ကျွန်တော်တို့ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့က တာဝန်ယူနိုင်ပါ တယ်’’ဟု ဆရာတော်ပျံလွန်ခြင်း နှင့်ပတ်သက်၍ စက်တင်ဘာ ၂၆ ရက်က လူထုနှင့်တွေ့ဆုံရှင်းလင်း ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးကပြော ကြားခဲ့ခြင်းဖြစ်သည်။

တက္ကသီလာ တောရဘုန်း ကြီးကျောင်း ဆရာတော်ပျံလွန် တော်မူခြင်းနှင့်ပတ်သက်၍ေ မြာက်ဦးမြို့ခံများက အမှုမှန်ပေါ်ပေါက်စေရန် အရေးတကြီးလိုလားနေကြပြီး ယခုကဲ့သို့ ဖြစ်စဉ်မျိုးထပ်မံမဖြစ်စေရန် ရဟန်း သံဃာများနှင့် ဒေသခံများက တောင်းဆိုနေကြသည်။

‘‘ဆရာတော် ဆွမ်းခံမကြွ တာ တစ်ရက်နှစ်ရက် ရှိပြီမို့လို့ ကျောင်းကို သွားကြည့်တဲ့အခါ ကျောင်းခြံစည်းရိုး တံခါးကို အ တွင်းဘက်က သော့ခတ်ထားတာ တွေ့ပါတယ်။ ကျောင်းပေါ်ကို တက်တဲ့အခါလည်း ကျောင်းတံ ခါးအတွင်းက ချက်ထိုးထားတယ်။ အဲဒီလို ချက်ထိုးထားလို့ ပြတင်း ပေါက်ကို အတင်းဆွဲဖွင့်ပြီးတော့ ၀င်ကြည့်တဲ့အခါ ဆရာတော်ပျံ လွန်နေတာကိုတွေ့ရပါတယ်’’ဟု ပျံလွန်သွားသည့် ဆရာတော်၏ အစ်ကို ဦးမြသာက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန် ပေါ်ပေါက်သည်အထိ စိတ်အေးလက်အေးထား စောင့်ကြည့်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ဆရာတော် တစ်ပါးက မိန့်ကြားသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။