တစ်ချိန်က ဆယ်ကျော် သက်မိန်းကလေးတွေ အသည်းစွဲ Examplez အဖွဲ့ဟာ ၂၀၁၃ မှာ ပရိသတ်ကို နောက်ဆုံးဖျော်ဖြေ ပြီးနောက်ပိုင်း အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေခဲ့ပါတယ်။ လတ်တလော Examplez အဖွဲ့နဲ့ ဆုံတုန်းပြန်လည်လှုပ်ရှားနေတဲ့ အနုပညာလုပ်ငန်းတချို့အ ကြောင်းကို မေးမြန်းထားတာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
Examplez အဖွဲ့အနေနဲ့ အနုပညာလုပ်ငန်းတွေ ပြန်လုပ် ဖို့ အစီအစဉ်ရှိရင် ပြောပြပေးပါဦး။
ထွန်းထွန်း - ဒီနှစ်ထဲမှာတော့ ကျွန်တော်တို့အဖွဲ့ Examplez (၁၅)နှစ်ပြည့်ပွဲလုပ်ဖို့ တည်နေ တယ်။ Release လုပ်နိုင်မယ့်ရက် ကိုတော့ အသေအချာ မပြောနိုင် သေးတာပါ။
ဖြိုးမောင်မောင် - ကျွန်တော်တို့အဖွဲ့အခွေက လုပ်ပြီးသားရှိတယ်။ မထုတ်ဖြစ်ဘဲ ကြာသွားတော့ တီးလုံးတွေရော၊ စာသားရော အကုန်ပြန်လုပ်ရမှာပေါ့။ အဲဒီအ တွက် အချိန်ပြန်မပေးနိုင်သေး တော့ တန်းလန်းကြီး ဖြစ်နေကြ တာ။ သီချင်းတွေက ရယ်ဒီပဲ။ ထုတ်မယ်ဆိုရင်တော့ ပြန်တီးရမှာပေါ့။ အပုဒ်အတိုင်းကို အစအဆုံးပြန်တီးပြီး တချို့အပုဒ်လေး တွေ ပြန်နုတ်ပြန်ထည့်တော့ လုပ်ရမယ်။ (၁၅)နှစ်ပြည့် ပွဲလုပ်ပြီးသွား ရင်တော့ အခြေအနေကြည့်ပြီး လုပ်ဖြစ်မယ်။
သက်အောင်- အဖွဲ့လိုက် အခွေ သစ်အတွက် လတ်တလောမှာ မရှိသေးပေမယ့် ပရိသတ်နဲ့အ မှတ်တရ ဖြစ်အောင်တော့ ရှိုးပွဲ ကိုတော့ စီစဉ်မယ်။ အမှတ်တရ အတွက်ဆိုတော့ Free Show ပဲ ဖြစ်လောက်တယ်။ ဒီနှစ်ထဲဖြစ် အောင်တော့ ကြိုးစားနေတယ်။
ပရိသတ်တွေနဲ့ အလှမ်းကွာ ဝေးသွားတော့ Examplez အနေ နဲ့ ဘာတွေပြောင်းလဲသွားပြီလဲ။ အရင်ကလို မပြောင်းလဲသေးတာ ကကော ဘာတွေဖြစ်မလဲ။
ထွန်းထွန်း- အဖွဲ့လိုက်သာ ပရိသတ်ရှေ့ မဆုံဖြစ်တော့ပေ မယ့် ကြားထဲမှာတော့ ကျွန်တော် တို့ကြိုးကြား ကြိုးကြားတော့ ဆုံ ဖြစ်ကြပါတယ်။ အသက်တွေကြီး လာတော့လည်း ကိုယ့်အလုပ်နဲ့ ကိုယ်ဖြစ်လာတော့ အရင်က လောက်တော့ မဆုံဖြစ်တော့ဘူး။
ဖြိုးမောင်မောင်- အရင်ကနဲ့ ကွဲ ပြားသွားတာကတော့ အသက် တွေကြီးသွားပြီ။ သီချင်းစာသား တွေ မရတော့ဘူး။ ကျန်တာတွေ ထွေထွေထူးထူး ပြောင်းလဲသွား တာ မရှိပါဘူး။
ထူးကျော်- အသက်တွေကြီးလာ သလို အကုန်လုံးငြင်းတုန်း ခုံတုန်း ပဲလေ။
သက်အောင်- လေးယောက်အ ဖွဲ့ဆိုပေမယ့်လည်း သုံးယောက် က အနုပညာအလုပ်သိပ်မလုပ် ဖြစ်တော့ဘဲ ထွန်းထွန်းတစ် ယောက်ပဲ ရုပ်ရှင်ရော၊ သူ့တစ် ကိုယ်တော်အခွေရော လုပ်နေတာ လေ။ ကျန်တဲ့သူတွေကတော့ ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ သိပ်မအားကြတော့ သိပ်လည်း မဆုံဖြစ်ကြဘူး။
အချိန်အကြာကြီးနေမှ တီတီစီကျောင်းပွဲမှာ ပရိသတ် တွေရှေ့ ဖျော်ဖြေတော့ ရင်ခုန်မှု တွေကကော။ Examplez အနေနဲ့ ရှေ့ဆက်လုပ်မယ့် အနုပညာတွေ ရှိရင် ဝေမျှပေးခဲ့ပါဦး။
ထူးကျော်- အကြာကြီးနေမှ အခုပြန်ဆိုရတော့မယ်ဆိုတော့ ရင်ခုန်မှုတွေကတော့ ငယ်ငယ်တုန်းက အတိုင်းပါပဲ။ သူတို့ပြောသလိုပဲ သီချင်းစာသားတွေလည်း မေ့နေ ပြီ။ မမှတ်မိတော့ဘူးပေါ့။
ဖြိုးမောင်မောင်- ကျွန်တော်တို့ အားလုံးက သီချင်းတွေဆက်ဆို ချင်စိတ်တွေ ရှိတယ်။ ပရိသတ် တွေလည်း အားပေးပါလို့။ ကျွန်တော်တို့လေးယောက်စလုံး အချိန်ရရင် ရသလိုဆိုဖြစ်ရင် အခွေကတော့ ထုတ်ဖြစ်မှာပါလို့။ နည်းနည်း အချိန်ကြာတာနဲ့ နှေး တာလောက်ရှိနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။