၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အသိပေးကြေညာချက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အသိပေးကြေညာချက်
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်
၁။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများ ကို ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထား ကြေညာသွားမည်ဖြစ် ပါသည်။
၂။ မဲဆန္ဒရှင်များသည် မဲစာရင်းတွင် မိမိ၏အမည် ပါဝင်ခြင်း ရှိ/ မရှိ၊ မဲစာရင်းတွင် မပါ ဝင်သင့်သူများ ပါဝင်ခြင်း ရှိ/ မရှိနှင့် မဲစာရင်းပါ အချက် အလက်များ မှန်ကန်မှု ရှိ/ မရှိ သွား ရောက်ကြည့်ရှုကြရန်ဖြစ်ပါသည်။
၃။ အမည်ပါဝင်ခြင်းမရှိသေးပါက အမည်ထည့်သွင်းပေးရန် ပုံစံ(၃) ဖြင့် လည်းကောင်း၊ မဲစာရင်းတွင် မပါဝင် သင့်သူများ ပါဝင်နေပါက ကန့်ကွက်ရန် ပုံစံ (၄) ဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက် အလက်များ မှန်ကန်မှု မရှိပါက ပြင်ဆင်ပေးရန် ပုံစံ (၄-ဂ) ဖြင့်လည်းကောင်း ၁၄-၉-၂၀၁၅ ရက်နေ့မှ ၂၇-၉-၂၀၁၅ ရက်နေ့အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု
ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲသို့ အချိန်မီတင်သွင်းကြရန် ဖြစ်ပါသည်။
ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲသို့ အချိန်မီတင်သွင်းကြရန် ဖြစ်ပါသည်။
၎။ ရေဘေးသင့်ဒေသများတွင်လည်း မဲစာရင်းများကို ၁၄-၉-၂၀၁၅ ရက်နေ့တွင် ကပ်ထားကြေညာမည် ဖြစ်ပါသည်။ သို့ရာ တွင် ရေဘေးသင့် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအချို့၌ ပုံစံ (၃)၊ ပုံစံ (၄) နှင့် ပုံစံ (၄-ဂ) တင်သွင်းခြင်းတို့ကို ၂၇-၉-၂၀၁၅ ရက် ထက်ကျော်လွန်၍ ဆောင်ရွက်ရန် လိုအပ်ပါက အချိန်တိုးမြှင့်နိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ က သင့်လျော်သောကာလကိုသတ်မှတ်၍ မဲစာရင်းနှင့် စပ်လျဉ်းသော ပုံစံ(၂)နှင့် ပုံစံ(၂-က)တို့တွင် ထည့်သွင်း ထုတ်ပြန် သွားမည်ဖြစ်ကြောင်း
ကြေညာ အပ်ပါသည်။
ကြေညာ အပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။