အမျိုးသမီးပါတီ (မွန်)

၁။ ဥက္ကဋ္ဌ- ဒေါ်မိသန်းရှင်။
၂။ ပါတီဝင်အရေအတွက်- ထုတ်ဖော်ပြောကြားခြင်းမရှိ။
၃။ မဲဆန္ဒနယ်- လေးနေရာ (မွန်ပြည်နယ်သုံးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး တစ်မြို့နယ်)။
၎။ ပါတီမူဝါဒ- လူသားတိုင်း ရသင့်ရထိုက်သည့် အခွင့်အရေးရရှိရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အမျိုးသမီးများနှင့် အမျိုးသားများ တန်းတူပါဝင်ခွင့်ရရှိရေး၊ လူမျိုးစုများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး။
၅။ ပါတီဆောင်ပုဒ်- အမျိုးသမီးထုကို တန်းတူအခွင့်အရေးရရှိရေး။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက်- ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များအတွက် ဗဟိုမှ တာဝန်ပေးအပ်လိုက်သည့် ပါတီဝင်အမျိုးသမီးများကို ရွေးချယ်ထား သည်။
၇။ ပါတီရန်ပုံငွေ− ပါတီဝင်များ၏ ထည့်ဝင်ငွေများဖြင့် ရပ်တည်သည်။
၈။ ပါတီနောက်ခံသမိုင်း- ၂၀၁၃ တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း မွန်လူဦးရေစာရင်းကောက်ယူခဲ့ပြီးနောက် အမျိုးသမီးကဏ္ဍကို မြှင့်တင်နိုင်ရန် ၂၀၁၄  အောက်တိုဘာတွင် ပါတီတည်ထောင်သည်။ ၂၀၁၅ ဇူလိုင် ၁၆ ရက်တွင် ပါတီမှတ်ပုံတင်ရရှိခဲ့သည်။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေကိုပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်းဆောင်နိုင်မလဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့က လိုအပ်တဲ့အချက်တစ်ခုပါ။ ဒီအခြေခံဥပဒေကို အားလုံးကပါဝင်ပြီး ပြင်ဆင်သွားရမှာပါ။ ပြင်ဆင်ဖို့ လည်း တာဝန်ရှိကြပါတယ်။ ကျွန်မတို့က အမျိုးသမီးကဏ္ဍပါဝင်မှုအနေနဲ့ ဦးစားပေးဆောင်ရွက်သွားမှာပါ။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ဘယ်လောက်ထိ ကူညီနိုင်မယ်လို့ ယုံကြည်သလဲ။
အတတ်နိုင်ဆုံးပါဝင်သွားဖို့ မျှော်မှန်းထားပါတယ်။ စစ်ပွဲတွေဖြစ် လာရင် အမျိုးသမီးတွေလည်း ဒုက္ခဖြစ်ကြတယ်ဆိုတော့ ဖြစ်ခဲ့ဖူးတဲ့ဒေသ က အမျိုးသမီးတွေရဲ့ ခံစားချက်တွေနဲ့ မဖြစ်သေးတဲ့ဒေသက အမျိုးသမီး တွေရဲ့ ခံစားချက်တွေပူးပေါင်းပြီး နောက်ထပ် စစ်ထပ်မဖြစ်အောင် ကြိုးစားပြီးတင်ပြသွားမှာပါ။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
မဖွံ့ဖြိုးသေးတဲ့ဒေသတွေ၊ ဒုက္ခရောက်နေကြတဲ့ဒေသတွေမှာ ကျွန်မတို့ ကြိုးစားပြီးလုပ်ဆောင်သွားမှာပါ။ ပါတီအနေနဲ့လည်း ဒုက္ခ ရောက်နေတဲ့ မဲဆန္ဒနယ်ဒေသတွေကို ဦးစားပေးဆောင်ရွက်သွားမှာပါ။
ပြည်သူတွေက အမျိုးသမီးပါတီ (မွန်)ကို ဘာကြောင့် မဲပေးသင့်သလဲ။
အမျိုးသမီးပါတီ (မွန်)ကို မဲပေးလိုက်ခြင်းဖြင့် အမျိုးသမီးကဏ္ဍကို မြှင့်တင်ပေးဖို့ ကူညီလိုက်သလိုဖြစ်သွားလို့ ပြည်သူတွေအနေနဲ့ ကျွန်မတို့ ပါတီကို မဲပေးစေချင်ပါတယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
မဖွံ့ဖြိုးသေးတဲ့ ဒေသတွေကို ဖွံ့ဖြိုးအောင်လုပ်ဆောင်ပေးနိုင် မယ့်သူ၊ အမျိုးသမီးနဲ့ ကလေးသူငယ်ကဏ္ဍတွေကို မြှင့်တင်ပေးနိုင်မယ့် သူ၊ သက်ကြီးရွယ်အိုတွေအရေး ဦးစားပေးလုပ်ဆောင်မယ့်သူ၊ မှန်ကန် တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်မယ့်သူ၊ ကိုယ်ချင်းစာတရားကြီး မားတဲ့သူကို ရွေးချယ်သွားမှာပါ။
ဥက္ကဋ္ဌ ကိုယ်ရေးအကျဉ်း
အသက်- (၅၃) နှစ်။
ပညာအရည်အချင်း- B.Sc (Physics)။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ၁၉၈၇ မှစ၍ မွန် ပြည်သစ်ပါတီတွင် အမျိုးသမီးတပ်ဖွဲ့အား ဦးဆောင်ခဲ့။ မွန်ပြည်နယ်အတွင်း အမျိုးသမီး အဖွဲ့ ဖွဲ့စည်းနိုင်ခဲ့သည်။
လက်ရှိအလုပ်အကိုင်- ဥယျာဉ်။
စံပြပုဂ္ဂိုလ်- ကိုယ်ကျိုးမကြည့်ဘဲ နိုင်ငံ့အကျိုးပြုလုပ်ခဲ့သူများ၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများကို လေးစားသည်။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- အမှတ် (၁၇)၊ ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ မြိုင်သာယာရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။