ရန်ကုန်ဘတ်စ်ကား ယာဉ်စီးခ ကျပ်တစ်ရာမှ လေးရာအတွင်း ကောက်ခံတော့မည်

ရန်ကုန်မြို့တွင်းပြေးဆွဲ နေသည့် ခရီးသည်တင်ယာဉ်များ ၏ ယာဉ်စီးခကို အနည်းဆုံးကျပ် တစ်ရာမှ အများဆုံးကျပ်လေးရာ အထိ တစ်ပြေးညီကောက်ခံရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သဘောတူညီမှုရရှိပြီး မကြာမီ စတင်အကောင်အထည်ဖော်မည် ဟု မထသ(ဗဟို)မှ သတင်းရရှိ သည်။
မထသ လက်အောက်ရှိ ယာဉ်လိုင်းများအားလုံးကို အထူး ကား၊ ရိုးရိုးကား မခွဲခြားတော့ဘဲ ယာဉ်လိုင်းများအားလုံး တစ်မိုင် လျှင် ကျပ်နှစ်ဆယ်နှုန်းဖြင့် ယာဉ်စီးခတစ်ပြေးညီစနစ် ကောက်ခံရန် မထသ(ဗဟို)က စီစဉ်ခဲ့သည်။
အဆိုပါ အစီအစဉ်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားရာမူအားဖြင့် သဘောတူညီမှုရရှိပြီး ခရီးစဉ်မိုင်နှုန်းများနှင့် ခရီးစဉ်ပိုင်းဖြတ်မှုများကို စစ်ဆေးနေကြောင်း မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် က ပြောသည်။
‘‘တစ်မိုင်ကို နှစ်ဆယ်ကျပ် နှုန်းပိုင်းဖြတ်တာနဲ့ ကျွန်တော်တို့ မထသဘက်က တွက်ချက်ထား တဲ့ ခရီးစဉ်မိုင်နှုန်းတွေမှန်ကန်မှု ရှိ၊ မရှိကို လက်ရှိမှာ တိုင်းဒေသ ကြီးက စစ်ဆေးနေပါတယ်။ မူ အားဖြင့်တော့ သဘောတူလိုက်ပါ ပြီ’’ဟု ဦးလှအောင်ကပြောသည်။
သို့သော် တစ်မိုင်လျှင် နှစ် ဆယ်ကျပ်နှုန်းဖြင့် ကောက်ခံမည် ဖြစ်သော်လည်း ခရီးမိုင်များသည့် တိုက်ကြီးမှ ဆူးလေလမ်းကြောင်း ကဲ့သို့ ယာဉ်လိုင်းများတွင် တစ် မိုင်လျှင် နှစ်ဆယ်ကျပ်နှုန်းဖြင့် ကောက်ခံမည်မဟုတ်ဘဲ ယာဉ်စီး ခနှုန်းထားများကို ပြန်လည်လျှော့ ပေါ့ ကောက်ခံပေးမည်ဟုမထသမှ သိရသည်။
‘‘ထောက်ကြန့်ကနေ ၀ါယာ လက်မှတ်တိုင်ထိဆိုရင် ငါးမိုင်အ တိမဟုတ်ပေမယ့် ငါးမိုင်ကျော် ရင်ကျော်မယ် လိုရင်လိုမယ်။ ဒါပေမဲ့လည်း ကားမှတ်တိုင်တွေ အရ ငါးမိုင် ပိုင်းဖြတ်ထားပြီး တစ်ရာပဲ ကောက်ခံပေးမယ်။ ယာဉ်လုပ်သားတွေလည်း ယာဉ် စီးခတွေ ပိုမကောက်ဖို့ကို ကား တိုင်းမှာ ယာဉ်စီးခနှုန်းထားစာ ရွက်တွေကပ်ထားပေးဖို့ လုပ်ထား ပါတယ်’’ ဟု မထသ(ဗဟို) အ တွင်းရေးမှူးက ပြောသည်။
လိုင်းကားများ အားလုံးကို ယာဉ်စီးခတစ်ပြေးညီ ကောက်ခံ မည်ဆိုလျှင် လက်ရှိတွင် တစ်ရာ ခရီးမိုင်နှုန်းကို နှစ်ရာကျပ်ပေးစီး နေရမှု ပျောက်ကွယ်မည်ဖြစ်၍ ကြိုက်နှစ်သက်သော်လည်း နေ့ စဉ်စီးနင်းလျက်ရှိသည့် မြို့ပြင် တွင် နေထိုင်သော ခရီးသွားများ အတွက် ခရီးစဉ်မိုင်နှုန်းဖြင့် သတ် မှတ်လျှင် အနည်းဆုံးကျပ်ခြောက် ရာ ကုန်ကျနိုင်သဖြင့် ပိုမိုဒုက္ခ ရောက်နိုင်ကြောင်း လှိုင်သာယာ မြို့နယ်မှ ဦးစိုးညွန့်က ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်း များမှာ ရိုးရိုးကား ၅၀ ကျပ်မှ ၂၅၀ ကျပ်နှင့် အထူးကား ၂၀၀ မှ ၃၀၀ ကျပ်အထိ ကောက်ခံပြေး ဆွဲနေပြီး အချို့ယာဉ်လိုင်းများမှာ ည၇နာရီကျော်လျှင် ငါးရာကျပ် ထိ ယာဉ်စီးခပိုမိုကောက်ခံခြင်း များရှိနေသည်ကို မထသက စစ် ဆေးအရေးယူကာ ထပ်မံကောက် ခံမည့် ယာဉ်စီးခနှုန်းကို ခရီးသွား ပြည်သူများ လက်ခံသိရှိရန်ထုတ် ပြန်မည်ဟုဆိုသည်။
‘‘မိုင်နှုန်းနဲ့ ခရီးစဉ်တွေကို ကောက်ခံမယ်ဆိုရင်တော့ ပုံမှန် စီးနေကျအထူးကား ဘယ်စီးစီး နှစ်ရာကို အခုမိုင်နဲ့ တွက်လိုက်ရင် ပိုများသွားတယ်။ နေရာဒေသအ လိုက် ခရီးစဉ်နီးပြီး အထူးကားပဲ ပြေးတဲ့ နေရာတွေဆိုရင်တော့ ကိုက်တယ်။ အဓိကကတော့ ရိုး ရိုးကားတွေ၊ အထူးကားတွေမ ထားဘူးဆိုရင်တောင် ယာဉ်စီးခ တွေကို ပုံမှန်ထက် ပိုမကောက်ဖို့ ကိုပဲ မထသက သေချာကြီးကြပ် ပေးသင့်ပါတယ်’’ ဟု မင်္ဂလာဒုံ မြို့နယ်နေ ကျောင်းဆရာမတစ်ဦး ကပြောသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။