မျက်နှာပေါင်းတင်ဆေး ၈၀ ရာခိုင်နှုန်းကျော်သည် အတုများဖြစ်



နာမည်ကြီး အမှတ်တံ ဆိပ် မျက်နှာပေါင်းတင်ဆေးများ မှအပ ၈၀ ရာခိုင်နှုန်းကျော်မှာ အတုများဖြစ်ပြီး သုံးစွဲပါက အန္တရာယ်ရှိကြောင်း အစားအ သောက်နှင့် ဆေးဝါးကြီးကြပ်မှုဦး စီးဌာန(FDA)နှင့် ဆက်စပ်အဖွဲ့ အစည်းများထံမှ သတင်းရရှိ သည်။

ဈေးကွက်အတွင်း ပျံ့နှံ့နေ သော မျက်နှာပေါင်းတင်ဆေး များတွင် အချို့နာမည်ကြီးတံဆိပ် များမှအပ ၈၀ ရာခိုင်နှုန်းကျော် သည် အိမ်နီးချင်း တရုတ်၊ ထိုင်း နိုင်ငံနယ်စပ်တို့မှတစ်ဆင့် တင် သွင်းလာသော အလှကုန်အတု များဖြစ်ကြောင်း မြန်မာနိုင်ငံ အလှ ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းက ပြော သည်။

ပေါင်းတင်ဆေး အတုများ သည် တံဆိပ်မျိုးစုံ၊ ပုံစံမျိုးစုံဖြင့် နယ်စပ်မှဝင်ရောက်လာပြီး မူရင်း ဈေးနှုန်းမှာ မြန်မာငွေကျပ် ၂၀၀ ခန့်သာရှိသော်လည်း ပြည်တွင်း ဈေးကွက်တွင် ကျပ် ၁,၀၀၀ ခန့် ဖြင့် ရောင်းချကြောင်း ၎င်းက ဆို သည်။

‘‘ဘယ်လို သတိထားရမလဲ ဆိုတော့ လှချင်လွန်းပြီး ဈေးပေါ တာတွေ ၀ယ်မသုံးကြပါနဲ့ပေါ့။ အတုတော်တော်များများကတော့ ပါကင်လှအောင်ထုပ်ကြတယ်။ နိုင်ငံတကာမှာဆို အလှကုန်က ဈေးကြီးတယ်။ ဒီမှာသုံးနေကြတဲ့ ၁,၀၀၀ ကျော်တန်တွေဟာ အန္တ ရာယ်တွေပဲ’’ဟု ဦးကျော်မင်းက ဆိုသည်။

ဈေးကွက်အတွင်း အန္တရာယ် ရှိသော အလှကုန်များမှာ တံဆိပ် ပေါင်းများစွာရှိနေပြီး ပါဝင်သော ဓာတုပစ္စည်းများကြောင့် အရေ ပြားရောဂါအငယ်စားများမှ ကင် ဆာရောဂါအထိဖြစ်နိုင်ကြောင်း FDA အလှကုန်ဌာနခွဲ ညွှန်ကြား ရေးမှူး ဒေါက်တာ သဇင်ရီလှိုင်က ပြောသည်။

‘‘စစ်ဆေးတဲ့နေရာမှာ နမူ နာယူပြီး ဓာတ်ခွဲတာတွေ၊ ဈေး ကွက်ထဲဆင်းပြီး လိုက်စစ်တာ တွေ လုပ်ပါတယ်။ မကြာခင် လည်း ဒီလိုအလှကုန်အတုတွေ အန္တရာယ်ရှိတာတွေကို ကြပ်မတ် ဖို့ ပြန်လည်ဖွဲ့စည်းထားတဲ့ အမျိုး သားအဆင့်အဖွဲ့ကို ဖွဲ့စည်းထား ပါပြီ’’ဟု ၎င်းက ပြောသည်။

စားသောက်ကုန်၊ ရေသန့် နှင့်ဆေးဝါးများတွင် ထုတ်လုပ်ခွင့် လိုင်စင်များပါရှိသည့် တံဆိပ်များ ကို ရွေးချယ်၍ ၀ယ်ယူနိုင်သော် လည်း အလှကုန်များကိုမူ FDA အနေဖြင့် အသိအမှတ်ပြုလိုင်စင် ချပေးနိုင်သေးခြင်းမရှိသေးပေ။ ထို့ပြင် မြန်မာနိုင်ငံတွင် အလှကုန် အတုများကို ထိန်းချုပ်အရေးယူ ရန် ဥပဒေလည်းအတိအကျမရှိ သေးပေ။ ထို့ကြောင့် လက်ရှိတွင် ဥပဒေနည်းလမ်းများဖြင့် ထိန်း ချုပ်ထားပြီး အသုံးပြုရန်မသင့် သည်များကို နိုင်ငံပိုင်သတင်းစာ များတွင် ထည့်သွင်းကြေညာကာ အချို့ကို စည်ပင်ဥပဒေဖြင့် အရေးယူသည်ဟု ဒေါက်တာ သဇင်ရီ လှိုင်က ပြောသည်။

‘‘ရပ်ကွက်တွေ မှာတော့ ပေါင်းတင်တဲ့ ရေညှိအထုပ်လေး တွေ သုံးရာနဲ့ဝယ်လို့ရတယ်။ ဆားဝက်ခြံထွက်တယ်ဆိုပြီး တစ် ရာ့ငါးဆယ်နဲ့ ပေါင်းတင်ထုပ်လေး တွေ သုံးဖြစ်ပါတယ်။ အန္တရာယ် ရှိ၊ မရှိတော့ တစ်ခါမှလည်း မသိ ဘူး။ တံဆိပ်ကလည်း ဂျပန်လိုလို၊ ကိုရီးယားလိုလိုဆိုတော့ သုံးဖြစ် တယ်’’ဟု မရမ်းကုန်းမြို့နယ်နေ တက္ကသိုလ်ကျောင်းသူ မအေးပွင့် ဝေက ပြောသည်။

ကုန်ပစ္စည်းအမှတ်တံဆိပ် များ၏အောက်တွင် FDA မှ ခွင့် ပြုပေးထားသော ထုတ်လုပ်ခွင့် လိုင်စင်နှင့် GMP လက်မှတ်များ ပါရှိမှသာ ၀ယ်ယူစားသုံးသင့် ကြောင်း FDA က အကြံပြုထား ပြီး ဈေးကွက်တွင်းမှ လက်လီ၊ လက်ကား ထုတ်လုပ်ရောင်းချ သည့် အသေးစား စားသောက် ကုန်များကိုလည်း ရွေ့လျားစနစ် ဖြင့် စစ်ဆေးမှုများရှိသည်။

လာမည့် အောက်တိုဘာမှ စ၍ FDA က ဦးဆောင်ကာ အမျိုး သားအဆင့် ကွန်ရက်နှင့် အစား အသောက်၊ ဆေးဝါး၊ အလှကုန် များကို စစ်ဆေးကြပ်မတ်မည်ဖြစ် ပြီး ထိုကဲ့သို့ အလှကုန်အတုများကို လည်း ဈေးကွက်ထိန်းချုပ်မည် ဖြစ်ကြောင်း ပြောကြားထား သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။