ဆယ်စုနှစ် လေးခုကျော်ကြာ ကာလအတွင်း သက်တမ်းအရှည်ဆုံး ဂျပန်ဝန်ကြီးချုပ် ဖြစ်လာမည့် အာဘေး

Photo - Economictimes
ရှင်ဇို အာဘေး အနေဖြင့် ဆယ်စုနှစ် လေးခုကျော် ကာလအတွင်း ဂျပန်နိုင်ငံ၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် ဖြစ်လာတော့မည်ဟု သတင်းများက ဖော်ပြခဲ့သည်။

စက်တင်ဘာ ၈ ရက်က အာဏာရ ပါတီ၏ ခေါင်းဆောင်နေရာ ရွေးကောက်ပွဲတွင် အာဘေးပင် အနိုင်ရခဲ့သည့်နောက် ၎င်းသည် ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမည် ဖြစ်သည်။ ဂျပန်၏ စစ်လက်နက် တပ်ဆင်ရေး အရှိန်မြှင့် လုပ်ဆောင်မှုများနှင့် ပတ်သက်၍ အာဘေးအပေါ် ဝေဖန်မှုများ ထွက်ပေါ်နေသော်လည်း လစ်ဘရယ် ဒီမိုကရက်ပါတီ ဥက္ကဋ္ဌနေရာ ရွေးကောက်ပွဲတွင် ၎င်းပင် ဆက်လက် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အာဘေးသည် အာဏာရ ပါတီ၏ အကြီးအကဲ အဖြစ်ရော၊ ဂျပန်၏ ဝန်ကြီးချုပ် အနေဖြင့်ပါ အနည်းဆုံး ၂၀၁၈ ခုနှစ်ထိ ဆက်လက် တာဝန်ထမ်းဆောင်နေမည် ဖြစ်သည်။ ထို့ကြောင့် အာဘေးအနေဖြင့် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဂျပန်၏ တတိယမြောက် သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်လာတော့မည်ဟု သိရသည်။
ပါတီဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် အဓိက ပြိုင်ဘက်ဖြစ်သူ ဆိုင်ကိုနိုဒါသည် အာဘေးကို ဖြုတ်ချနိုင်လောက်အောင် လုံလောက်သည့် ထောက်ခံ ဆန္ဒပြုမှုမျိုး မရရှိခဲ့ချေ။ အာဘေးသည် ဝန်ကြီးချုပ်အဖြစ် ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလတွင် တစ်ကြိမ် တာဝန်ယူဖူးသော်လည်း ၎င်း၏ ရာထူးသက်တမ်းသည် တစ်နှစ်မျှသာ တည်မြဲခဲ့သည်။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင်မူ အာဘေး အနေဖြင့် နောက်တစ်ကြိမ် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံလာရပြီး ယခုအခါ ၎င်း၏ ရာထူးသက်တမ်း ဆက်လက် တည်မြဲနေမည် ဖြစ်သည်။
ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ဂျပန်၏ နိုင်ငံရေး ကဏ္ဍသည် အလှည့်အပြောင်းများစွာ ဖြစ်ခဲ့ပြီး အာဘေး မတိုင်မီက ဝန်ကြီးချုပ်ရာထူး ရယူခဲ့သူများသည် သက်တမ်း တိုတောင်းစွာသာ တာဝန်ထမ်းဆောင်ခဲ့ရသည်။ အာဘေးသည် ပါတီဥက္ကဋ္ဌနေရာ ရွေးကောက်ပွဲအတွက် နှစ်ကြိမ်ဆက်တိုက် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်မျိုးမှာ ကြုံတောင့်ကြုံခဲ အခြေအနေဟု ဆိုနိုင်သည်။ ၁၉၉၇ ခုနှစ် နောက်ပိုင်းတွင် မည်သည့် လစ်ဘရယ် ဒီမိုကရက်ပါတီ အကြီးအကဲမျှ ထိုကဲ့သို့ နှစ်ကြိမ်ဆက် အောင်ပွဲခံမှု မရှိခဲ့ကြောင်း ကျိုဒို သတင်းဌာနက ဖော်ပြသွားသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။