ဗဟန်းရွှေအင်ကြင်းသင်္ကန်းဆိုင် လူသတ်မှုကျူးလွန်သူကို ရက်ပိုင်းအတွင်း ဖမ်းမိ

ဗဟန်းမြို့နယ် ဗဟန်းဈေးအိမ်ရာရှိ ရွှေအင်ကြင်းသင်္ကန်းဆိုင်မှ ၀န်ထမ်းအမျိုးသမီးအား ဓားဖြင့် ထိုးခဲ့သည့် လူသတ်မှုကျူးလွန်သူကို စက်တင်ဘာ ၁၃ရက် နံနက်တွင် ဖမ်းဆီးရမိခဲ့ ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၂ ရက် ည နေတွင် ဗဟန်ဈေးအိမ်ရာအခန်းအမှတ် (၁) ရှိ ရွှေအင်ကြင်း သင်္ကန်းအရောင်းဆိုင်၌ အလုပ်လုပ်ကိုင်နေသည့် မအိအိဌေးကို ၎င်းနှင့် ယခင်က ချစ်ကြိုက်ဖူးသူ စိုးမိုးထက်က စကားပြောရန်  ခေါ်ဆောင်ရာ မလိုက်ပါ၍ အသင့်ယူဆောင်လာသည့်ဓားဖြင့် ထိုးသတ်ခဲ့သော အမှုဖြစ်ကြောင်း ဗဟန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
‘‘ကောင်မလေးက သူတို့သူ ငယ်ချင်းတွေနဲ့ အိမ်ရှေ့မှာ တီဗီ ကြည့်နေတုန်း စကားပြောဖို့လာ ခေါ်တယ်။ ကောင်မလေးက ပြော စရာမရှိဘူးဆိုပြီး အခန်းထဲဝင် သွားတော့ နောက်ကလိုက်ပြီး ပါ လာတဲ့ တုတ်နဲ့ အရင်ရိုက်တယ်။ တုတ်ကို ပြန်လုတော့ ဘောင်းဘီ ထဲက ပါလာတဲ့ ဓားနဲ့ ထိုးသတ်ခဲ့ တာပါ’’ဟု အဆိုပါရဲအရာရှိက ပြောသည်။
သေဆုံးခဲ့သည့် မအိအိဌေး ၏ ၀ဲရင်အုံ၊ ယာရင်အုံ၊ ဦးခေါင်းနှင့် ယာဘက်ခါးတို့တွင် ထိုးသွင်းဒဏ်ရာများ ရရှိခဲ့ပြီး ၀င်ရောက်ဖျန်ဖြေသူ မခင်မေစန်း၏ တံတောင် တွင်ပြတ်ရှဒဏ်ရာတစ်ချက်၊ မင်းထက်အောင်၌ ယာနားရွက်တွင် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အတွင်း လူနာ (မစိုးရိမ်ရ) အဖြစ် တင်ပို့ထားကြောင်း သိရသည်။
‘‘သူတို့အိမ်မှာက လုံခြုံရေး ကင်မရာတပ်ထားတော့ သတ် သွားတဲ့ သူရဲ့ ရုပ်ပုံကို ရလိုက် တယ်။ တရားခံသွားနိုင်တဲ့ နေရာ တွေကို လိုက်ပြီးတော့ ခရိုင်က အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဖမ်းနိုင်ခဲ့ တယ်။ သူ့ကို ပန်းဆိုးတန်းဆိပ် ကမ်းမှာ လက်ရဖမ်းဆီးနိုင်ခဲ့ပါ တယ်’’ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးခင်မောင်ကြည်က ပြော သည်။
လူသတ်မှုကျူးလွန်ခဲ့သူ စိုး မိုးထက် (၂၃) နှစ်ကို ဗဟန်းမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။