အာဏာရပါတီအကြီးအကဲကို ဖယ်ရှားခြင်းသည် စစ်အာဏာရှင်လက်ထက်နေ့ရက်များကို အမှတ်ရစေ

အာဏာရပါတီအကြီးအကဲကိုနေရာမှ ဖယ်ထုတ်ပစ်လိုက်ခြင်းသည် မြန်မာနိုင်ငံ၏နိုင်ငံရေးအခင်းအကျင်းအပေါ် ခြောက်လှန့်မှုတစ်ခုဖြစ်ပြီး စစ်အာဏာရှင်အုပ်ချုပ်ခဲ့သော အတိတ်ဆိုးကာလနေ့ရက်များကို ပြန်လည်အမှတ်ရစေမှုတစ်ခုဖြစ်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ်ရပ်ဆဲလ်က သောကြာနေ့တွင် ပြောသည်။
 ဒန်နီရယ်ရပ်ဆဲလ်သည် ပြီးခဲ့သည့်တစ်ပတ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ပြည်ခိုင်ဖြိုး ပါတီခေါင်းဆောင် သူရဦးရွှေမန်း အားထုတ်ပယ်မှု၊ လာမည့်ရွေး ကောက်ပွဲတို့နှင့်  ပတ်သက်၍ မြန်မာအစိုးရအဆင့်မြင့်  အရာရှိ များနှင့် ဆွေးနွေးခဲ့သည်။
‘‘USDP (ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)ပါတီတွင်း ခေါင်းဆောင်မှုသဘောထားကွဲလွဲတာက နိုင်ငံရေးရာသီဥတုအခင်းအကျင်းအပေါ် လှန့်လိုက်တဲ့သက်ရောက်မှုတစ်ခုဖြစ်ခဲ့ပါတယ်’’ဟု ၀ါရှင်တန်အတွေးအခေါ်ဉာဏ်ကြီးရှင်အဖွဲ့တစ်ခုဖြစ်သော ကာနေဂျီစင်တာတွင် မစ္စတာရပ် ဆဲလ်ကပြောသည်။

‘‘အစိုးရနဲ့ အာဏာရပါတီ အနေနဲ့ ဒီမိုကရေစီဆိုင်ရာ လုပ် ငန်းစဉ်တွေမှာ အစိုးရရဲ့ ကတိပြု လုပ်ဆောင်ချက်တွေကို အများ ပြည်သူယုံကြည်မှုမြင့်တက်အား ကောင်းစေတဲ့ပုံစံမျိုးလုပ်ဆောင်ရမှာပါ။ အားနည်းပျက်စီးအောင် လုပ်ရမှာ မဟုတ်ပါဘူး’’ဟု ၎င်း က ထပ်လောင်းပြောကြားသည်။
အထွေထွေရွေးကောက်ပွဲ မကျင်းပမီ သုံးလခန့်သာလိုတော့ သည့်အချိန် သြဂုတ်က နေပြည် တော်ရှိ ပါတီဌာနချုပ်ကို စစ်သား များနှင့် ရဲလုံခြုံရေးများ ၀ိုင်းပြီး နောက် သူရဦးရွှေမန်းကို အာဏာ ရပါတီခေါင်းဆောင်အဖြစ်မှ ဖယ် ရှားပစ်ခဲ့သည်။
ထိုအပြောင်းအလဲလှုပ်ရှား မှုကို ၀ါရှင်တန်က စိတ်မသက်မ သာဖြစ်စွာ တုံ့ပြန်ကြိုဆိုခဲ့သော် လည်း မြန်မာနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၏ မူဝါ ဒ အပြောင်းအလဲ မဖြစ်စေခဲ့ပေ။
‘‘ဘာအကြောင်းတွေပဲရှိရှိ ...အတိတ်ဆိုးကာလဟာ တ ကယ်ပြီးဆုံးသွားပြီဆိုတာနဲ့ ဆယ် စုနှစ်များစွာ မြန်မာနိုင်ငံကို အရုပ် ဆိုးစေခဲ့တဲ့ ဖိနှိပ်တဲ့နည်းတွေနဲ့ သူတို့ကိုယ်သူတို့ အမြတ်ထုတ်မှာ မဟုတ်ဘူးဆိုတာကို ပြသဖို့အ တွက် အစိုးရနဲ့ပါတီဟာ အတတ် နိုင်ဆုံးကြိုးစားဖို့ တကယ်လိုအပ် တယ်လို့ အင်မတန်မှ ရှင်းရှင်းလင်းလင်းဖြစ်အောင် ကျွန်တော်ကြိုးစားခဲ့ပါတယ်’’ဟု ၎င်းက ဆိုသည်။
မြန်မာခရီးစဉ်အတွင်း အစိုး ရ အရာရှိများနှင့် ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ၊အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများနှင့် လာမည့် နိုဝင်ဘာ ၈ ရက် ရွေး ကောက်ပွဲနှင့်ပတ်သက်၍ တွေ့ ဆုံဆွေးနွေးခဲ့သေးကြောင်း ရပ် ဆဲလ်က ပြောသည်။
  ကိုယ်စားလှယ်လောင်း ဒါဇင်နှင့်ချီ၍ တားမြစ်ခံရမှုနှင့်အ တူ ရွေးကောက်ပွဲဆိုင်ရာ ဖွဲ့စည်း တည်ဆောက်ပုံမပြည့်စုံမှုများ၊ အပြစ်အနာအဆာများရှိသော် လည်း လာမည့်ရွေးကောက်ပွဲ သည် အပြည့်အ၀အရည်အသွေး မီ ဒီမိုကရေစီတည်ဆောက်ရေးဆီ ဦးတည်သော ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း ကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက လက်ခံခဲ့ သည်။
နောက်အစိုးရအနေဖြင့် ပြု ပြင်ပြောင်းလဲမှု  အစီအစဉ်ကို ဆက်လက်ဖော်ဆောင်ပြီး လူ့အ ခွင့်အရေးဖော်ထုတ်ခြင်း၊ နိုင်ငံ ရေးအကျဉ်းသားများလွှတ်ပေး ခြင်း၊ နိုင်ငံရေးတွင် စစ်တပ်ပါဝင် နေမှု အခန်းကဏ္ဍကို လျှော့ချခြင်း တို့ဖြင့် တည်ငြိမ်မှုတည်ဆောက် ခြင်းသည် မြန်မာအပေါ် အမေရိ ကန်ပြည်ထောင်စု၏ ဆက်လက် ထောက်ပံ့ရေးအတွက် အရေးပါ မည်ဟု ၎င်းက ပြောသည်။
 ‘‘ဒီအနာအဆာတွေရှိပေ မယ့်လည်းပဲ ရွေးကောက်ပွဲဟာ မြန်မာ့ပြုပြင်ပြောင်းလဲမှုလုပ်ငန်း အပေါ် အများလက်ခံယုံကြည်နိုင် မှုနဲ့ ရေရှည်တည်တံ့မှုအတွက် သိ သာထင်ရှားတဲ့ ရှေ့ခြေတစ်လှမ်း တိုးမှုဖြစ်နိုင်ပါတယ်။’’ဟု မစ္စတာရပ်ဆဲလ် က ပြောသည်။
ကိုးကား-ရိုက်တာ
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။