စင်ကာပူရောက်မြန်မာ ၃,၀၀၀ ကျော် ပြန်လာပြီး မဲပေးရန်စီစဉ်

စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံ သားတစ်သိန်းခွဲကျော်ရှိသည့်အ နက် ၃,၀၀၀ ကျော်သည် လာ မည့်ရွေးကောက်ပွဲ၌ မြန်မာနိုင်ငံ သို့ပြန်လာ၍ မဲပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။
စင်ကာပူနိုင်ငံရောက်မြန်မာ များအနက် လေယာဉ်စင်းလုံးငှား ၍ပြန်လာပြီး မဲပေးမည့်သူများရှိ သကဲ့သို့ ကိုယ်ပိုင်အစီအစဉ်ဖြင့်ပြန်လာကာ မဲပေးမည့်သူများ လည်းရှိကြောင်း စင်ကာပူရောက် မြန်မာများက ပြောသည်။
‘‘ရှေးဦးရောက်နေတဲ့သူတွေ ရယ်၊ ကျွန်တော်တို့လို ၂၀၀၀ ပြည့်နှစ်လောက်က ဒီမှာပညာလာသင်တဲ့သူတွေရယ် အဲဒီအဖွဲ့နှစ်ဖွဲ့လောက်ကတော့ ခွင့်ယူပြီးတော့ ပြန်သွားလို့ရှိရင်ရတယ် လေ။ ၇၀ ရာခိုင်နှုန်းကတော့ သံရုံးကိုပဲအားကိုးပြီး မဲပေးရတာပေါ့။
သံရုံးကလည်း ယုံကြည်ရမလား ဆိုတာလည်း ရှိသေးတယ်။ ဖြစ်စေချင်တာကတော့ လေ ကြောင်းလိုင်းတွေအနေနဲ့လည်း အဲဒီအချိန်မှာ အထူးနှုန်းထားတစ် ခုကို သတ်မှတ်ပေးနိုင်ရင် ကောင်းတာပေါ့ဗျာ။ ဒီမှာရှိနေတာ မြန်မာတွေ သိန်းဂဏန်းကျော်တယ် လေ။ ကျွန်တော့်အထင်ပြောရရင် ၃,၀၀၀ ကျော်လောက်က ပြန်လာပြီး မဲပေးကြမှာပါ’’ဟု ကိုယ်ပိုင် အစီအစဉ်ဖြင့်ပြန်လာကာ မဲပေး မည့် ကိုလင်းထက်က ပြောသည်။
ရွေးကောက်ပွဲပြုလုပ်မည့် နိုဝင်ဘာလဆန်းရက်များတွင် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ထွက်ခွာမည့် လေကြောင်းလိုင်း များ၏ လက်မှတ်များအားလုံး ရောင်းကုန်ပြီဖြစ်ကြောင်း စင်း လုံးငှားလေယာဉ်ဖြင့် မဲပေးရန် စီစဉ်ထားသော Fly to Vote အဖွဲ့မှ မီဒီယာတာဝန်ခံ ကိုသိန်းမြင့် ဝင်းက ဆိုသည်။
‘‘လေယာဉ်နဲ့မဲပြန်ပေးဖို့က အခုစီစဉ်ထားတာက လူ ၁၀၀ ပေါ့နော်။ အဲဒါကလည်း ပြည့် သွားပါပြီ။ စရန်တွေဘာတွေ လည်း ပေးပြီးသွားပြီ။ MAI နဲ့ သွားမယ်။ အကုန်လုံးအဆင်သင့် ဖြစ်နေပြီပေါ့နော်။ ပြောရရင် တော့ လက်မှတ်ထုတ်ဖို့ပဲကျန် တော့တယ်။ ကျွန်တော်တို့ ၆ ရက်နေ့လာကြမယ်။ ကျန်တာက တော့ အမျိုးမျိုးဖြစ်လိမ့်မယ်။ ပြန် ကြတဲ့သူတွေက နှစ်သုတ်၊ သုံး သုတ်ခွဲပြီးတော့ ပြန်ကြမှာဆို တော့လေ။ ကျွန်တော်တို့ဆီမှာ လူပြည့်သွားတော့ ဈေးလျှော့ပေး တဲ့ လေကြောင်းလိုင်းတွေနဲ့တော့ ကျွန်တော်တို့က ကူညီပေးတာ ပေါ့နော်။ အဲဒီလူတွေလည်း အများကြီးရှိတယ်။ ပြန်မယ့်သူ တွေက မနည်းဘူးဗျ။ ထောင်ချီရှိ တယ်’’ဟု ကိုသိန်းမြင့်ဝင်းက ပြောသည်။
ရွေးကောက်ပွဲတွင် မဲပေးလို ၍ လေယာဉ်လက်မှတ်များမရရှိ သောကြောင့် အောက်တိုဘာ ကတည်းကစော၍ ပြန်မည့်သူ များလည်းရှိကြောင်း ကိုသိန်းမြင့် ဝင်းက ဆက်လက်ပြောသည်။
စင်ကာပူရောက် မြန်မာများ မဲပေးကြရန်နှင့် မဲပေးရန်အခွင့် အရေးဆုံးရှုံးမခံရရန် စင်ကာပူ ရောက်မြန်မာအချို့က ဇွန်လ ၂၀ ရက်မှစ၍ လူမှုကွန်ရက်ပေါ်၌ စည်းရုံးလှုံ့ဆော်မှုများပြုလုပ်နေ သည်။
‘‘စင်ကာပူမှာရှိတဲ့သူတွေက များသောအားဖြင့် အဆင်ပြေနေကြတယ်ဗျာ။ ကိုယ့်နိုင်ငံမှာရှိနေ တဲ့ဟာတွေကို ဘာသိဘာသာနေ နေကြတဲ့သူတွေရှိတယ်။ တချို့ ကျတော့လည်း အားတက်သရော ပေါ့လေ။ ပြောင်းလဲချင်နေကြ တယ်။ တချို့တွေကျလည်း ရှင်း ရှင်းပြောရရင် သံရုံးကို မဲသွားပေး ရတာ မယုံဘူးပေါ့နော်။
အဲဒီအတွက်ကြောင့် တချို့ တွေမလှုပ်ရှားချင်ဘူး။ ဒီအတိုင်း ပဲနေကြတယ်ပေါ့။ တချို့ကျ တော့လည်း ခွင့်ယူမယ့်ရက်ကို မဲပေးမယ့်လကို ယူထားကြတယ်ပေါ့။ မြန်မာပြည်ကိုပြန်ပြီးတော့ ခွင့်ယူပြီးတော့ မဲပေးကြမယ်ပေါ့။ တချို့တွေကျတော့လည်း ခွင့်ယူ မယ့်ရက်ကို ယူပြီးသွားကြပြီ။မဲကိုသက်သက်သွားပေးမယ့်သူ တွေလည်းရှိနေကြပါတယ်။ တော်တော်မျာများမဲပြန်ပေးကြမယ်’’ ဟု မြန်မာနိုင်ငံသို့ပြန်လာပြီး မဲပေးမည့် ဦးအောင်မင်းဆွေက ပြော သည်။
စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး သည် မဲစာရင်းများပေးသွင်းရန် ဖြည့်စွက်ရမည့်ပုံစံများကို စက် တင်ဘာ ၁၇ ရက်ထိ လာရောက် ပေးသွင်းကြရန် စက်တင်ဘာ ၁၀ ရက်က ကြေညာချက်ထုတ်ပြန် ထားသည်။ စင်ကာပူနိုင်ငံတွင် နေထိုင်သော မြန်မာနိုင်ငံသား တစ်သိန်းခွဲခန့်ရှိရာ လူဦးရေ ၈,၀၀၀ ကျော်က ကြိုတင်ဆန္ဒမဲ များပေးရန် စာရင်းပေးသွင်းထား သည်။
‘‘မြန်မာတွေအများစုနေကြ တဲ့ ကုန်တိုက်မှာ သဇင်ဆိုတဲ့ဆိုင် တစ်ဆိုင်က မဲပေးဖို့အတွက် အဆင်ပြေအောင်လုပ်ပေးကြ တာတော့ရှိတယ်။ တိုးလာမှာပါ’’ ဟု ဦးအောင်မင်းဆွေက ပြော သည်။
စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ကြိုတင်မဲများကို အောက်တိုဘာ ၁၆ ရက်မှစ၍ သုံးရက်ဆက်တိုက်ပေးရန် စင် ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ကိုရီးယား နိုင်ငံရောက် မြန်မာလုပ်သားအချို့ကလည်း မြန်မာနိုင်ငံသို့ပြန်လာ၍ မဲပေးရန် စီစဉ်နေကြောင်း ကိုရီးယား ရောက် မြန်မာများအား ရွေး ကောက်ပွဲတွင် မဲပေးရန် လှုံ့ဆော် နေသူ ကိုစိုးမိုးသူက ပြောသည်။
ပြည်ပရောက်မြန်မာလုပ် သား သန်းချီရှိသော်လည်း ဩဂုတ်လကုန်အထိ ပြည်ပ ရောက်ဆန္ဒမဲပေးမည့် မြန်မာနိုင်ငံ သား ၁၈,၇၄၆ ဦးစာရင်းရောက် ရှိလာသည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံး ဒုညွှန် ကြားရေးမှူး ဦးအောင်မျိုးသန့်က ပြောကြားထားသည်။
‘‘နိုဝင်ဘာလဆန်းရက်တွေ မှာ အုပ်စုလိုက် မြန်မာပြည်ကို ပြန်ဖို့ ယူထားတဲ့ မြန်မာတွေ အများကြီးပါ။ မဲပေးဖို့အတွက် လား၊ ခရီးသွားတာလားတော့ မသိဘူးပေါ့နော်။ နောက်ပြီး မဲ ပေးဖို့သက်သက်ပဲ အုပ်စုလိုက် စင်းလုံးယူထားတဲ့ အဖွဲ့လည်း ရှိ ပါတယ်။ Fly to Vote အဖွဲ့ပါ။ သူများလေကြောင်းလိုင်းတွေ တော့ မသိဘူးပေါ့နော်။ အစ်မတို့ ဆီမှာတော့ တော်တော်လေးများ နေပေမယ့် လုံးဝအပြည့်ကြီးတော့ မဟုတ်သေးပါဘူး။ ယူထားတဲ့သူ တွေကတော့ အများကြီးပါ။ အဲဒီ ရက်တွေမှာပေါ့’’ဟု MAI ဈေး ကွက်မန်နေဂျာဒေါ်အေးမရသာ က ပြောသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။