အာကာသထဲ ဒုံးကျည်လွှတ်တင်ရန် အစီအစဉ် ရှိနေကြောင်း မြောက်ကိုရီးယား ကြေညာ

Photo - WSJ
တာဝေးပစ် ဒုံးကျည်အသစ်တစ်စင်း လွှတ်တင်နိုင်ရန် အသင့်အနေအထား ရှိနေပြီဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရက ကြေညာခဲ့သည်။

လာမည့်လတွင် ကျရောက်မည့် အာဏာရပါတီ ထူထောင်မှု နှစ်ပတ်လည် အခမ်းအနားကို ဂုဏ်ပြုသည့် အနေဖြင့် ကမ္ဘာပတ်လမ်းအတွင်းသို့ ဂြိုဟ်တုတစ်လုံးနှင့် တာဝေးပစ် ဒုံးကျည်တို့ လွှတ်တင်ရန် အစီအစဉ် ရှိနေကြောင်း ပါတီက ကြေညာသည်။
တောင်ကိုရီးယား၊ အမေရိကန်တို့၏ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်သည့် အနေဖြင့် မြောက်ကိုရီးယားက ၎င်းတို့၏ ဒုံးကျည်နည်းပညာကို သွယ်ဝိုက်သည့် နည်းလမ်းမျိုးဖြင့် ပြသခြင်းဟုလည်း ယုံကြည်ရသည်။ အလုပ်သမားပါတီ ထူထောင်မှု နှစ်ပေါင်း ၇၀ ပြည့် အခမ်းအနားကို ဂုဏ်ပြုသည့် အနေဖြင့် မိမိတို့၏ ခမ်းနားတောက်ပသော သိပ္ပံပညာ အောင်မြင်မှုများကို ပြသသွားဖွယ် ရှိနေကြောင်း အမျိုးသား လေကြောင်း ဖွံ့ဖြိုးမှု စီမံကွပ်ကဲရေးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် တာဝေးပစ် ဒုံးကျည်နှင့် ပူးတွဲလွှတ်တင်မည့် ဂြိုဟ်တုကို ရာသီဥတု လေ့လာစောင့်ကြည့်ရေး ရည်ရွယ်ချက်ဖြင့် အသုံးပြုသွားမည်ဟုလည်း ကြေညာခဲ့သည်။ “အာကာသ စူးစမ်းလေ့လာရေး နည်းပညာ ကဏ္ဍကို တိုးမြှင့်ခြင်းဟာ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပါတယ်။ ပြီးတော့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင် အခွင့်အရေး တစ်ရပ်လည်း ဖြစ်ပါတယ်။ ပြင်ပက ဘာတွေပဲ ပြောနေနေ မြောက်ကိုရီးယားဟာ ကိုယ့်ရည်ရွယ်ချက်အပေါ် အပြည့်အဝ အာရုံစိုက် အကောင်အထည် ဖော်သွားပါမယ်”ဟု ဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
တောင်ကိုရီးယားကမူ ဂြိုဟ်တုလွှတ်တင်ခြင်းကို အကြောင်းပြုပြီး မြောက်ကိုရီးယား၏ တာဝေးပစ်ဒုံးကျည် နည်းပညာ လက်တွေ့ စမ်းသပ်မှု ပြုလုပ်နေခြင်းဟု စွပ်စွဲထားပြီး ယင်းအတွက် စိုးရိမ်ကြောင်းလည်း ဆိုသည်။ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက မြောက်ကိုရီးယား အနေဖြင့် တာဝေးပစ် ဒုံးကျည် လွှတ်တင်ခြင်းသည် ကုလသမဂ္ဂ၏ သတ်မှတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ သို့သော်လည်း လတ်တလော ထောက်လှမ်းမှုများအရ အဆိုပါ လွှတ်တင်မှုအတွက် မြောက်ကိုရီးယားဘက်မှ မည်သည့် ကြိုတင်ပြင်ဆင်မှု အထောက်အထားမျှ မတွေ့ရသေးကြောင်းလည်း တောင်ကိုရီးယားက ကြေညာသွားသည်။ 
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။