ဝေသာလီခေတ်က ရခိုင်တေးဂီတ

ဓညစံ
ရခိုင်ရိုးရာ စည်တော် (ဓာတ်ပုံ - စိုးသိန့်အောင်)

ယဉ်ကျေးမှု အထွတ်အထိပ်ကိုရောက်ခဲ့သည့် ဝေသာလီ၌ တေးဂီတအနေဖြင့် မည်မျှထွန်းကားခဲ့သည်ကို ခန့်မှန်းရန် ခက်ခဲမည် မဟုတ်ပါပေ။ နှောင်းခေတ်များ၌တွေ့ရသည့်ရခိုင်တေးဂီတတို့သည် ဝေသာလီမှ ဆင်းသက်လာခဲ့သည့်အတွက် ဤလက်လှမ်းမီသောတေးဂီတများကို လေ့လာလိုက်လျှင်ပင် ဝေသာလီကိုခန့်မှန်းနိုင်ပေလိမ့်မည်။ ၎င်းပြင် ကဝိဂန္ဓကျမ်း၊ တူရိယာကျမ်းတို့နှင့် ရာဇဝင်မှတ်တမ်းများ၌တွေ့ရသည့် ပဉ္စင်္ဂတူရိယာ တီးမှုတ်ကခုန်ခြင်းများနှင့် ပွဲလမ်းသဘင်ခင်းကျင်းမှုများသည်လည်း ဝေသာလီ၏တေးဂီတကိုပေါ်လွင်စေပါလိမ့်မည်။ သို့သော် သုတေသနလုပ်ရန်ကား များစွာလိုနေပေသေးသည်။

နှောင်းခေတ်၌ သီဆိုကြသည့် ဘွဲ့၊ ရွှဲ့၊ ဧချင်း၊ သာချင်း၊ ဇမ်း၊ စကားယင့်၊ ဗျာ၊ကပ္ပျာ၊ ပင့်ကူ၊ သံချပ်ကြီး၊ ငစည်၊ ဒုံး၊ သာစွလေ၊ ဟန်စွလေအစရှိသော ရခိုင်တေးသံတို့သည် လည်းကောင်း၊ ဒုံးအက၊ ငစည်အက၊ ပင့်ကူအက၊ နဂါးအက၊ ဗိုင်းတောင်းအက၊တိုးနရားအက၊ ရှေးသူရုပ်ကြီးများအက၊ ဆံတောက်ပိုးအက၊ ရှိန်ဒိုင်းအက၊ ဗုဒ္ဓပူဇနိယအက အစရှိသော အကများသည်လည်းကောင်း၊ ]]သာကြေညှင်းညှင်း၊ အေးသီချင်းနှင့်ညံ့နုသာချင်း၊ စောင်းနှင့်ညှင်းလျှင်၊ သံချင်းနှောငြား၊ ပတ္တလားနှင့်၊ မခြားတူထ၊ တယောစသည်၊ ခေါ်ထနာမ၊ သုသိရနှင့်၊ ပဉ္စမည်သာ၊ တူရိယာက၊ ခရာတန်ကောက်၊ နှဲပြွီ မြောက်၍၊အစောက်ရှည်ငြား၊ ပန်းတလျားနှင့်၊ ပန်းတျားပတ်ဝန်း၊ ပတ်ဆိုင်းထမ်းဖြင့်၊ ကြိုးတန်းလျှောက်လား၊ ကခြီများနှင့်၊ တီးငြားရိုက်မည်၊ စည်ငါးမည်တည့်}}ဟု ရာဇဝင်လင်္ကာ၌ပါရှိသည့်ရခိုင်တူရိယာမျိုးစုံတို့သည်လည်းကောင်း ဝေသာလီတေးဂီတကို ပေါ်လွင်စေမည် ဖြစ်ပါသည်။

ဝေသာလီ၏ ကဝိဂန္ဓကျမ်း၌ ဖော်ပြအပ်သော ပျို့၊ ကဗျာ၊ လင်္ကာ၊ ရတုစသည့်
စပ်ဆိုနည်းတို့မှာ---
(၁) အသံကွဲလိုက်နည်း၊ (၂) အစငင်ဆိုနည်း၊ (၃) ပြန်ဂဟတ်စပ်ဆိုနည်း၊ (၄) အစဖြုတ်နည်း၊ (၅) ကိုယ်တွင်းပြည့်စပ်ဆိုနည်း၊ (၆) စပ္ပါယ်ချီ၊ စပ္ပါယ်ချဆိုနည်း၊ (၇) မြင်းဇက်ခွဆိုနည်း၊ (၈) ကန့်လန့်ထွေလာဆိုနည်း၊ (၉) ဇော်တခိုင်လုံးချဆိုနည်း၊ (၁၀) မိဿကဆိုနည်း၊(၁၁) ဓမ္မတာဘွဲ့ဆိုနည်း၊ (၁၂) သဘောထမ်းဆိုနည်း၊ (၁၃) သဝေမပါဆိုနည်း၊ (၁၄)ခိုင်ညွန့်ခက်ဖြာဆိုနည်း၊ (၁၅) တပြန်ညှိဆိုနည်း၊ (၁၆)အာသာဝတီဝတ် ဆံချဆိုနည်းများဖြစ်ကြသည်။ ဤကဲ့သို့သော စပ်ဆိုနည်းမှ ပေါ်ထွန်းလာသည့် ရခိုင်တေးသံတို့ကို စေ့စုံစွာသုတေသန လုပ်ရပေဦးမည်။

ရခိုင်ဒေသမှ ရှေးအကျဆုံးသော ရွှန်းလိုက်ရတု၊ ဘွဲ့၊ သာချင်း၊ စည်ခြင်းတို့၏စပ်ပုံစပ်နည်းနှင့် သီဆိုပုံ သီဆိုနည်းတို့မှာ တစ်မူထူးခြားလျက်ရှိနေပေသည်။ မုတ်သုံလေရိုက်သံ၊ ရေလှိုင်းသံစသော အသံတို့သည်သဘာဝအလျောက် ရခိုင်တေးသံများကိုဖြစ်ပေါ်လာခဲ့လေသည်ဟူ၍ သိရသည်။ ယင်းတေးသံများကိုလည်း လေ့လာရန်များစွာလိုပေသည်။

ဝေသာလီခေတ်က တကောင်းသင်းတွဲပြည်သို့ ခရီးထွက်ခဲ့သော ဝေသာလီ စူလစန္ဒြားမင်းအား ကိုယ့်ပြည်ကိုယ့်ဒေသကို ပြန်လွယ်စိမ့်သောငှာ တူရိယာအစုံတီးမှုတ်ပြီး စန္ဒရားဘွဲ့ကိုသီဆိုကြသည်ဟု ရာဇဝင်မှတ်တမ်းများ၌ တွေ့ရသည်။ စန္ဒရားဘွဲ့မှာ ဘုန်းတော်ဘွဲ့ဖြစ်၏။ စန္ဒရားမင်းများနှင့် ဝေသာလီကို အမွှမ်းတင်ထားသော အဖွဲ့အနွဲ့ဖြစ်သည်။ ဝေသာလီနှင့်စန္ဒရားမင်းများ အကြောင်းကို ရေးသားပြောဆိုလျှင် ဤစန္ဒရားဘွဲ့ကိုချန်ခဲ့၍ မဖြစ်ပေ။ ထို့ကြောင့် လေ့လာနိုင်ရန် အနည်းငယ် ကောက်နုတ်၍တင်ပြလိုက်ပါသည်။

(၁) ထွန်းလင်းကြက်သရေ၊
လူ့ပြည်ကျော်သောင်း၊
မင်းကောင်းရာဇာ၊
ဝေသာလီမှာ၊ မင်းဖြစ်လာရေ။ ။

(၂) စကြာအမွန်၊ လှံပျံလည်းရ၊
ဘုန်းတော်သံလေ၊ ဝေသာလီမှာ၊
စန္ဒရားလေ။ ။

(၃) ဘုန်းအားတက်တိုး၊
အာဏာမိုးကေ၊
နန်းရိုးစိုင်လာ၊
ကျောက်လှေကားမှာ၊ ကိုးဆက်ပေါ်ရေ။ ။

ဘွဲ့ဆိုသံ၊ တူရိယာမျိုးစုံ တီးမှုတ်သံတို့ဖြင့် လွှမ်းနေခဲ့သော ဝေသာလီခေတ်ကာလကိုဤသို့လျှင် အစွန်းအစတွေ့နေရပြီ မဟုတ်ပါလော။

တူရိယာမျိုးစုံ၊ အဆိုမျိုးစုံ၊ အဖွဲ့အနွဲ့မျိုးစုံဖြင့် ဝေသာလီတေးဂီတသည် တစ်ခေတ်ဆန်းခဲ့သော်လည်း၊ ထိုခေတ်ကို ပြန်လည်တွေ့ရှိနိုင်ရန် အတော်ပင်သုတေသနလုပ်ရဦးမည်ဖြစ်သည်။ ယခု ဤစာအုပ်၌ ရှေးအကျဆုံးဖြစ်ပြီး ဝေသာလီတွင် အသုံးများခဲ့သောရခိုင်တူရိယာအနေဖြင့် ရခိုင်စည်နှင့်ပြွီခေါ်သည့် ပြွေ-ပလွေအကြောင်းကို အနည်းငယ်တင်ပြသွားလိုပါသည်။ သို့သော် ဤတူရိယာနှစ်မျိုးကိုသာ ဝေသာလီ၌ အများအသုံးပြုခဲ့သည်ဟု ဆိုလိုခြင်း မဟုတ်ပါပေ။

ရခိုင်စည်

"ကိုးစိတ်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တက်ပြီး၊ စည်ကိုတီး" ဟု ဆိုလေ့ရှိခဲ့ကြသည်။စူလစန္ဒြမင်း ဝေသာလီမှ ပင်လယ်ရပ်ခြားသို့ လှေတော်များနှင့် ခရီးထွက်သောအခါ ကိုးစိတ်ကိုးလံရှိသော လှေလောင်းကြီးများပေါ်၌ ကျင်သန်ခေါ် လူသန်များတက်ပြီး လှော်ခတ်ရာတွင်ရခိုင်စည်ကို တီးလေသည်။ လှေတော်သံ-ဟန်စွလေကိုလည်း တက်ခတ်သား လူသန်တို့သီဆိုကြသည်ဟု သိရသည်။ ရခိုင်စည်ကို စန္ဒြားမင်းများလက်ထက်များစွာ အသုံးပြုခဲ့ကြသည်ဟု သိရသည်။ စည်တော်ရွန်းခဲ့သည့်တောင်ကို စည်ကြီးတောင်ဟု ယနေ့တိုင် ခေါ်ဝေါ်
လျက် ရှိကြသည်။

ရာဇဝင်မှတ်တမ်းတို့၌ ဒွါရာဝတီမြို့က ဒသဘာတီက ညီနောင်တို့ ပင်လယ်ကမ်းနားရေကစားရာသို့ မျောပါလာသော ကက္ကဋပုစွန်လက်မကို ဗဟိုစည်ကြက်လုပ်၍ မြှောက်စည်ပြုထားခဲ့သည်ဟု ဆိုသည်။ ထိုအခါမှစ၍ စည်တူရိယာပေါ်လာသည့် သဘောပင် ဖြစ်သည်။အဓိပ္ပာယ်မှာ စည်တူရိယာကို ဒွါရာဝတီ-ဝေသာလီတို့၌ စတင်အသုံးပြုခဲ့သည်ဟု ဆိုလိုသည်။

စည်တိုရိယာကို များသောအားဖြင့် ပိတောက်သားနှင့်လုပ်သည်။ တစ်ဖက်တွင်နွားသားရေ၊ တစ်ဖက်တွင် ဆိတ်သားရေကို ကြက်ရပေသည်။ ဆိတ်သားရေကြက်သည့်ဘက်ကို "စောင်"ဘက်လို့ခေါ်ပြီး နွားသားရေ ကြက်သည့်ဘက်ကို "ဗြိန်း" ဘက်လို့ ခေါ်သည်။အချို့နေရာများတွင် "ဗြိန်း"ဘက်လို့မခေါ်ဘဲ }ဂြွမ်း}လို့ ခေါ်သည်။ စောင်ဘက်ကို အခြင်းဖော်သည့်ဘက်ဟုခေါ်ပြီး ဗြိန်းဘက်ကို အသံလိုက်သောဘက်လို့ ခေါ်သည်။ စည်တီးသည့်အခါ ရခိုင်အသံ ]စောင်-ဗြိန်း}ဆိုသော အသံမျိုးထွက်လာလေသည်။ တစ်စုံတစ်ခု ကောင်းမှုကုသိုလ်ပြုသည့်အခါ ယင်းကောင်းမှုနှင့်ပတ်သက်သည့် တီးလုံးတီးကွက်မျိုးများကို တီးရသည်။စောင်ဘက်ကို လက်နှင့်အခြင်းဖော်ပြီးလျှင် ဗြိန်းဘက်ကို ဆင်စွယ်ခေါ်သည့် တုတ်နှင့်တီးရသည်။ မင်္ဂလာရှိသော အမှုကိစ္စတို့မှာ တီးမည်ဆိုလျှင် စည်တို့၏ထုံးစံအတိုင်း အဝတ်ဝတ်ပေးရသည်။ ဤသို့ ဝတ်စားဆင်ယင်မှုတွင် အမျိုးအစားအားဖြင့် နှစ်မျိုး သုံးမျိုးရှိသည်။စည်ဝတ်ခါးပုံကြိုး၊ ရင်သိုင်း၊ သဘင်တွဲအစရှိသည့် အဝတ်အစားများကို ဝတ်ဆင်ရသည်။

ရာဇဝင်မှတ်တမ်းတို့၌ ရခိုင်အမျိုးသားတို့သည် အောက်ပါစည်များကို အသုံးပြု ခဲ့ကြသည်ဟု တွေ့ရသည်။

၁။ မြောက်စည် (ဗဟိုစည်)
၂။ သံလွင်စည်
၃။ မုရိုးစည် (စည်ဗြော)
၎။ စည်ပုတ်
၅။ စည်ကြီး (ရွန်းစည်)
၆။ ဒုံမင်း
၇။ စည်ပန်းတောင်း
၈။ စည်ဝမ်း
၉။ ပတ်သာ (ပတ်မ)
၁၀။ တစ်ဖက်စည်
၁၁။ ပန်းတျား (ပန်းတျင်း)
၁၂။ ပတ်စည် (ကျင်စည်)
၁၃။ စည်ချေ

စည်ခြင်း

စည်ခြင်းကို အောက်ပါအတိုင်း ဖော်၍တီးရသည်။

ပဏာမစည်သံ

အစရှိသဖြင့် တီးရသည်။


ရခိုင္ပေလြ(ႃပြီ)တူရိယာ

သုသိရခေါ် အခေါင်းရှိသော တူရိယာ (၈)မျိုးကို ရခိုင်မဟာရာဇဝင်ကြီး၌အောက်ပါအတိုင်း ဖော်ပြထားသည်။

၁။ ဒူလောင်း
၂။ ခရာကောက်
၃။ ခရာမြွာ၊
၎။ လက်တံရှည်
၅။ နှဲး
၆။ ပြွီ ဆိုသော ပလွီ
၇။ ခရုသင်း
၈။ ဖက်လိပ်ဆိုသော ခြီခေါင်း။

အစရှိသဖြင့် ဖြစ်သည်။ "ဘော" ဟူသော မှုတ်ရသည့် တူရိယာအကြောင်းကိုလည်းရာဇဝင်မှတ်တမ်းတို့၌ တွေ့ရသည်။

ယခုအခါ အသုံးပြုလျက် ရှိနေသေးသော ရခိုင်ရိုးရာပြွီများကို သုတေသီတစ်ဦး ကအောက်ပါအတိုင်း ဖော်ပြထားသည်။

၁။ တောင်ပြွီ
အလျားတစ်တောင်ခန့်ရှိ၍ ဖယောင်းအဆို့နှင့် ပလွေရှည်ကို တောင်ပြွီဟု ခေါ်သည်။

၂။ ပြွီခေါင်း
ဖယောင်းအဆို့ မပါဘဲ နှုတ်ခမ်းနှင့် လေချိန်၍ မှုတ်ရသော ပလွေကို ပြွီခေါင်းဟု ခေါ်သည်။

၃။ ပြွီပြား
သစ်သားအဆို့နှင့် ကုလားပလွေကဲ့သို့ မှုတ်ရာမှ ပြားနေသော ပလွေကို ပြွီပြားဟု ခေါ်သည်။

၎။ သံညှင်းပြွီ
သံညှင်းပြွီ (ခေါ်) စညှင်းပြွီ (ခေါ်) အသီးပြွီမှာ ငွေပြား၊ လျှာနှင့် မှုတ်ရာမှအဆစ်အပိတ်ဖြစ်၍ ဘေးမှ မှုတ်ရသော ပလွေဖြစ်သည်။ (တချို့မှာ အပေါက် (၅)ပေါက်ဖောက်သည်။)

၅။ ထြာၿပြီ
အရှည်ဆုံး တစ်ထွာ ပလွေတိုမျိုးဖြစ်၍ အပေါက် (၃)ပေါက် ရှိသည်။ စသည်များကို အချိန်အခါကာလ၊ နေရာ၊ ပွဲလမ်းသဘင်၊ အခင်းအကျင်း၊ အဖြစ်အပျက်၊ အကြောင်းအရာများကို လိုက်၍ တီးရသကဲ့သို့ ပလွေကိုလည်း သူ့နေရာနှင့်လိုက်အောင် မှုတ်ရ သည်။စည်ခြင်းဖော်သကဲ့သို့ ပလွေကိုလည်း အခြင်းဖော်၍ မှုတ်ရသည်။

ဓညစံ

(အထက်ပ်ပါ ဝေသာလီကီက ရခိုငုင်တေးဂီတီတ ဆောင်းပါးကို ရခိုင်ယဉ်ကျေးမှုဝေသာ လီခေတ်၊ အမှတ် ၁၊ ၁၉၆၆ထုတုတ် စာအုပုပ်တ်တွင် ဖော်ပြဖူးပါသည်)
(စာတည်း)
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။