သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်နှစ်ဦးနှင့် ငလျင်ပညာရှင်တစ်ဦး ဒီချုပ်မှ ရွေးကောက်ပွဲဝင်မည်

လာမည့်ရွေးကောက်ပွဲ တွင် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးနယ်ပယ်မှ ပညာရှင်နှစ် ဦးနှင့် ငလျင်ပညာရှင်တစ်ဦး အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င် ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးနယ်ပယ်မှ ဦးစောမိုးမြင့် နှင့် ဦးတင်သစ်၊ ငလျင်ကော်မတီ မှ ဦးစိုးသူရထွန်းတို့ ဖြစ်သည်။
ဦးစောမိုးမြင့်သည် ကျောက် မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ထွက်ရှိသည့် ပတ်ဝန်းကျင်ထိခိုက်မှုများကို ပညာပေးသူ ဖြစ်ပြီး ရေကာတာဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သူ ဖြစ် သည်။ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းများကို အစိမ်းရောင် ကွန်ရက်အမည်ဖြင့် လုပ်ကိုင်နေ ပြီး သတ္တုကျွမ်းကျင်ပညာရှင်တစ် ဦးလည်း ဖြစ်သည်။ ကျောက်မီး သွေးစီမံကိန်းများ တည်ဆောက် ရေးကို ကန့်ကွက်သူ ဦးစောမိုးမြင့် က ဘားအံမြို့နယ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ဦးတင်သစ်သည် သစ်ပင် စိုက်ပျိုးခြင်း၊ ဧရာဝတီမြစ်ကာ ကွယ်စောင့်ရှောက်ရေး၊ ရွှေဂက်စ်ပိုက်လိုင်းစောင့်ကြည့်ရေးနှင့် သ ယံဇာတတူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှုဖော်ဆောင် ရေးလုပ်ငန်းများဖြင့် ထင်ရှား လာသူဖြစ်ပြီး မန္တလေးစိမ်းရောင် စိုအဖွဲ့တွင် လှုပ်ရှားနေသူတစ်ဦး ဖြစ်သည်။ ဦးတင်သစ်သည် မန္တ လေးတိုင်းဒေသကြီး ပုဗ္ဗသီရိမြို့ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး စစ်ဘက်မှ အရပ်ဘက်ပြောင်းလာသူကာ ကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ဦးစိုးသူရထွန်းသည် ငလျင် ကြောများနှင့် ပတ်သက်၍ ကျွမ်း ကျင်ပညာရှင်ဖြစ်ပြီး ဘူမိသိပ္ပံအ သင်းတွင်ပါဝင်ကာ ရန်ကုန်တိုင်း ဒေသကြီး ကွမ်းခြံကုန်းမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။‘‘တကယ်လို့ လွှတ်တော်မှာ အနိုင်ရခဲ့ရင် ကရင်ပြည်နယ်မှာ တည်ဆောက်မယ့် ဟတ်ကြီးရေ ကာတာအရေးနဲ့ ကျောက်မီးသွေး စီမံကိန်းတွေအရေး အဓိကပြော ဆိုသွားမှာပါ’’ဟု ကျောက်မီးသွေးစီမံကိန်းများ ကန့်ကွက်သူ ဦးစော မိုးမြင့်က ပြောသည်။
ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်ပယ်မှ ငါးဦးလျှောက်ထားခဲ့ရာ နှစ်ဦးယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။