ဦးဖိုးဖြူ
တစ်လင်တစ်မယားဥပဒေဆိုတော့ လူကြားလို့ကောင်းပါတယ်။ ငယ်လင်ငယ်မယား အိမ်ထောင်ရှင် တွေက သဘောကျကြပါတယ်။ ဒီဥပဒေဟာ အိမ်ထောင်ရှင်မတွေကိုရော၊ ကိုယ့်လင်ယောကျာ်းကိုပါ ခြိမ်းခြောက် နေတဲ့ ဥပဒေဆိုတာ နားလည်ရပါမယ်။ အကြောင်းကတော့ ဥပဒေပြဋ္ဌာန်းချက်ဟာ တရားမျှတမှု မရှိလို့ပါဘဲ။
လင်ယောကျာ်းက နောက်မယားယူတာ၊ ဒါမှမဟုတ် အခြားမိန်းမတစ်ယောက်နဲ့ သွားအိပ်တာ ပြစ်မှုဆို ရင် တစ်ယောက်တည်း ကျူးလွန်လို့ ရတာမှမဟုတ်ဘဲ။ ကိုယ့်လင်ယောကျာ်းကို ယူထားတဲ့၊ ဒါမှမဟုတ် အတူ အိပ်တဲ့ နောက်မိန်းမ ဒါမှမဟုတ် အပျော်အချစ်တော်မှာလည်း အပြစ်ရှိရမှာပါဘဲ။ လောကဓမ္မအရဘဲ ကြည့်ကြည့်၊ ဥပဒေယုတ္တိဗေဒအရဘဲ ကြည့်ကြည့်၊ လင်ယောကျာ်းနဲ့အတူ အပျော်ကျူးသူလည်း အပြစ်ရှိရမှာပါ ဘဲ။
ဒါပေမယ့် တစ်လင်တစ်မယားဥပဒေက အဲဒီနောက်မိန်းမ ဒါမှမဟုတ် အပျော်အချစ်တော်ကို အပြစ် ရှိတယ်လို့ မသတ်မှတ်ပါဘူး။ သူ့ကို ပြစ်ဒဏ်လည်း ပြဋ္ဌာန်းမထားပါဘူး။ နောက်မိန်းမနဲ့ အတူနေတဲ့ လင် ယောကျာ်းကသာ အပြစ်ရှိပြီး အဲဒီလင်ယောကျာ်းနဲ့ အတူနေတဲ့ မိန်းမက အပြစ်မရပါဘူး။ လင်ခိုးတာအပြစ် မဟုတ်ပေမယ့် မယားခိုးရင်တော့ မယားခိုးမှုဖြစ်နိုင်ပါတယ်။ ဥပဒေပြဋ္ဌာန်းချက်ဟာ တရားမျှတမှု မရှိပါဘူး။
ဒီတော့ ဖြစ်လာနိုင်ချေတွေဟာ စိုးရိမ်စရာကောင်းပါတယ်။ အိမ်ထောင်သည်ယောကျာ်းတွေဟာ နောက်ကောင်မလေးတစ်ယောက်ကို ထပ်ချစ်မိလို့ ပတ်သက်မိတာဘဲဖြစ်ဖြစ်၊ ခဏတာအတွက် အိပ်ဖော်ရှာ တာဘဲဖြစ်ဖြစ်၊ အတူနေမိပြီဆိုရင်တော့ ကိုယ်နဲ့အတူနေခဲ့မိတဲ့မိန်းကလေးဟာ ကြီးကြီးငယ်ငယ် အဲဒီယောကျာ်း အတွက် အန္တရာယ်ကိုလွယ်ထားမိပြီဆိုတာ သတိပြုရပါတော့မယ်။ အကြောင်းကတော့ အဲဒီမိန်းကလေးကို အပြစ်မသတ်မှတ်ထားတဲ့အတွက် သူကတိုင်ရင် ကိုယ်ကထောင်ကျနိုင်ပါတယ်။ သူကတော့ ကိုယ်နဲ့အပြစ် အတူကျူးလွန်သူအဖြစ် ထောင်ကျမှာ မဟုတ်ပါဘူး။
ဒီဥပဒေရဲ့ အားနည်းချက်ကို သိထားတဲ့ အမျိုးသမီးငယ်တွေဟာ ထောင်ခြောက်ပြီး အမျိုးမျိုး ညှစ်လာ နိုင်ပါတယ်။ မရရင် မယားကြီးဆီလာပြီး ခြိမ်းခြောက်ဓါးပြတိုက်လာတာမျိုးထိ ဖြစ်လာနိုင်ပါတယ်။ မယားကြီးက ကိုယ့်ယောကျာ်းလည်း သောက်ရှက်ကွဲ၊ ထောင်လည်း ကျမယ့်အဖြစ်ကို မမြင်လိုတော့ ဥစ္စာဆုံးရှုံးတာမျိုး ဖြစ်လာနိုင်ပါတယ်။ ကိုယ့်လင်ကို ကွာပေးရတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒီဥပဒေအရ မယားကြီးက လက်ထက်ပွားပစ္စည်းအားလုံးကို ပိုင်ဆိုင်ဖို့ဆိုတာ ကိုယ့်လင်အိမ်ထောင်ရေးပြစ်မှုနဲ့ ထောင်ကျမှ ရမယ့်အဖြစ် ပါ။ လင်ကို ထောင်ချပြီးမှ ဥစ္စာယူရမယ့်အဖြစ်ဟာ လက်တွေ့မှာ ခဲယဉ်းပါတယ်။ ဒါကြောင့် ဒီဥပဒေဟာ အိမ်ထောင်ကြီး ငယ်လင်ငယ်မယားတွေကို အကျိုးမပြုပါဘူး။
နောက်အိမ်ထောင်က အမျိုးသမီးတွေ၊ ဒါမှမဟုတ် အပျော်နေကောင်မလေးတွေကို ကြိုက်သလိုနေ၊ အပြစ်မရှိ၊ မယားကြီးကို ကွာပေးဖို့တောင်း၊ သူ့ဥစ္စာကို လိုချင်တာတောင်း၊ မရရင်ထောင်နဲ့ခြောက် ဆိုတာမျိုး လုပ်ဖို့ အခွင့်အလမ်းပေးထားပါကြောင်း တွေ့ရပါတယ်။
မယားကြီးနဲ့ ကွာမပေးရင် မယားပြိုင်မဖြစ်ရ အတူတူ၊ ဥပဒေအရ ဘာအကျိုးခံစားခွင့်မှ မရမှာအတူတူ နောက်မယားတွေကလည်း တစ်လင်တစ်မယားဥပဒေနဲ့ ဥစ္စာညှင်းပွဲတွေကို ကြုံတွေ့ရမှာဖြစ်ပါတယ်။ မယားကြီးတွေအနေနဲ့ကလည်း ကိုယ့်ယောကျာ်းမှာ အငယ်အနှောင်း ပြဿာနာတစ်ခုခုရှိနေနိုင်တယ်လို့ ထင်ရင် အခုကတည်းက စောစောစီးစီး ကွာရှင်းစာချုပ်ကို ပြင်ဆင်ပြီး ယောကျာ်းကို ပေးထားသင့်ပါတယ်။ ခြိမ်းခြောက်ငွေညှစ်လာတဲ့ကိစ္စတွေနဲ့ အမှုအခင်းတွေကိုပါ ကြိုတင်ကာကွယ်နိုင်မှာဖြစ်ကြောင်း အကြံပြုအပ် ပါတယ်။
ဒီတစ်လင်တစ်မယားဥပဒေဟာ မြန်မာအမျိုးသမီးငယ်တွေရဲ့ အကျင့်စာရိတ္တကို မြှင့်တင်ရာ မရောက် တဲ့အပြင် ဥပဒေဘောင်ထဲမှ ဓါးပြတိုက်တတ်တဲ့ အတတ်ကိုပါ သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ခြုံငုံကြည့်ရင် ရွေးကောက်ပွဲမှာ မဲရဖို့အတွက် လူစိတ်ဝင်စားအောင် အပေါစားလူပြိန်းကြိုက် ဥပဒေပြဋ္ဌာန်းသာသာ ဖြစ်ပြီး ပြန်လည်ဖျက်သိမ်းရမည့် ဥပဒေဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ပါတယ်။
လေးစားစွာဖြင့်
ဦးဖိုးဖြူ
Credit: U Phoe Phyu

မိမတိ အလုပ်လုပ်ဖို့မလိုဗျလ်မနားယေ
ReplyDeleteမယားဟိရေယောက်ျားတယောက်ကို
ကတ်ခံထားကေ ပြီးယာယေ