သံတွဲမြို့နယ်မှ သားသတ်ကုန်ကြမ်းဝယ်ယူရန် ခွင့်ပြုမှု ပြည်နယ် စည်ပင်ဝန်ကြီးကို သံဃာ ၄၇၀ ကန့်ကွက်


နေဇော်
သံတွဲ၊ စက်တင်ဘာ ၁

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အတွက် သံတွဲမြို့နယ်မှ သားသတ် ကုန်ကြမ်း ၀ယ်ယူရန် ပြည်နယ်စည်ပင်၏ ခွင့်ပြုချက်ကို သံဃာတော် ၄၇၀ မှ လက်မှတ်ရေးထိုးပြီး ပြည်နယ် စည်ပင် ဝန်ကြီး ကန့်ကွက်စာ ပေးပို့ သွားမည်ဖြစ်ကြောင်း သံတွဲမြို့မဘသ ဥက္ကဋ္ဌ သိမ်ကုန်းဆရာတော် ဥူးတေဇိန္ဒမှ မိန့်ကြားသည်။
“ ရခိုင်ပြည်နယ်မှာ အဓိက စိုက်ပျိုးရေးကိုပဲ ဦးစားပေးလုပ်ကြတယ်။ စိုက်ပျိုးရေးမှာနွားကို အဓိကအားပြုလုပ်ရတယ်။ အခုလိုနွားတွေကို သားသတ်လိုင်စင်ထုတ်ပေးခြင်းဟာ ရခိုင်လူထုကို ကူညီရာ မရောက် ဘဲ ပြည်နယ်ရဲ့ အသက် သွေးကြောကို ဖြတ်တောက်ရာ ရောက်တယ်။ ဒီကိစ္စကိုရခိုင်လူမျိုးတိုင်း ရှုတ်ချရမယ်။ သြဂုတ်လ ၃၀ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတော်ဘာသာနေ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲမှာ ကြွရောက်တော်မူလာကြတဲ့သံဃာအပါး ၄၇၀က ဒီကိစ္စကို လက်မှတ်ရေးထိုးပြီး တက်ရောက်လာသူ တစ်သောင်းခွဲကျော်ကထောက်ခံထားပြီးဖြစ်တယ်။ သားသတ် ကုန်ကြမ်း အဖြစ် နွားဝယ်ယူခွင့်ထုတ်မပေးဖို့ ပြည်နယ် စည်ပင်ဝန်ကြီးကို အဲဒီစာကို ပေးပို့ ကန့်ကွက်သွားမယ်” ဟု သံတွဲမြို့နယ် မဘသဥက္ကဋ္ဌ သိမ်ကုန်းဆရာတော်ဥူးတေဇိန္ဒကနိရဉ္စရာကိုမိန့်ကြားသည်။
သားသတ်ကုန်ကြမ်း ၀ယ်ယူခွင့်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ စည်ပင် ဝန်ကြီး မောင်စံရွှေမှ လက်မှတ်ရေးထိုးထားပြီး သြဂုတ်လ၂၀ ရက်နေ့က စာအမှတ်(၅၁၄)/၄-၆(စည်ပင်)/ အဖရ (ရခိုင်)ဖြင့် ခွင့်ပြုခဲ့သည်ဟု သိရသည်။
သံတွဲမြို့နယ်မဘသ အတွင်းရေးမှုးဦးကျော်ကျော်မှ “ နွားတွေကို သတ်ရောင်းဖို့ ဘူးသီးတောင်မြို့နယ် အမဲသားလိုင်စင်စီ ဦးမာမတ်ရော်ဖိတ် အတွက် သံတွဲမြို့နယ်က ဝယ်ခွင့်ပေးတယ်ဆိုတာ လုံးဝမလုပ်သင့်ဘူး။ သူတို့ကဒေသ ပေါက်ဈေးထက် ဈေးအများကြီး ပိုပေးဝယ်ယူတယ်။ ဒီတော့ဒေသခံတွေ လယ်ထွန်ဖို့နွားဝယ်ရင် ဈေးနှုန်း အရမ်းများ လာတယ်။ ဒီတော့လယ်သမားတွေ ဒုတ္ခရောက်ကြရတယ်။ ဒီကိစ္စကို မဘသ အတွင်းရေးမှုး တစ်ယောက် အနေနဲ့ရော ဒေသခံ တစ်ယောက်အနေနဲ့ပါ လုံးဝမလိုလားဘူး။ အပြင်းအထန် တားမြစ်ရမယ်” ဟု နိရဉ္စရာကိုပြောသည်။
၂၀၁၅ ရွေးကောက်ပွဲဝင်မည့် တသီးပုဂ္ဂလ လွှတ်တော် အမတ်လောင်း ဦးသိန်းဇံကလည်း “ ဒေသခံ တစ်ယောက်အနေနဲ့ ဒီကိစ္စအပေါ်မှာ လုံးဝ ကန့်ကွက်ပါတယ်။ ကျွန်တော် မင်းပြားကို ရောက်တော့ သဘာဝဘေးအန္တရာယ်ကြောင့် မင်းပြား ကျောက်တော် မြောက်ဦး ဒေသတွေမှာနွားအကောင်ရေရှစ်ထောင်သေတယ်လို့ အကြမ်းဖျင်း သိခဲ့ရတယ်။ ဒီလို ကာလတွေမှာ သားသတ်သမားတွေနွားသတ်ဖြတ်နေတာ လုံးဝ ခွင့်မပြုနိုင်ဘူး။ ခိုင်းနွားကို သတ်ဖြတ်ခွင့်မရှိကြောင်း မဘသ ရှေ့နေချုပ် ဦးအေးပိုင်ပြောတာကို ကျွန်တော်မှတ်သားဘူးတယ်။ အခုဝယ်ယူနေတာမှာ ခိုင်းနွားတွေလည်း ပါနေတယ်။ လုံးဝကန့်ကွက်တယ်” ဟု ပြောဆိုသည်။
သားသတ်ကုန်ကြမ်းအဖြစ်ကုန်းလမ်းရေလမ်းမှဝယ်ယူခွင့် သယ်ယူခွင့်ပြုရက်မှာသြဂုတ်လ၂၅ရက်မှ စက်တင်ဘာ၂၅ရက် အထိ ခွင့်ပြုကြောင်း သိရသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီး မောင်စန်ရွှေလက်မှတ်ရေးထိုးခွင့်ပြုခဲ့သည့်အပေါ် နိရဉ္စရာက အသေးစိတ် သိရှိနိုင်ရန် ၀န်ကြီးထံသို့ ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။
( ကျောက်ဖြူမြို့နယ်မှ ဇူလိုင်လ အတွင်းက ၀ယ်ယူရန် ခွင့်ပြုစာ။ သံတွဲမြို့နယ်အတွင်း ၀ယ်ယူရန် ခွင့်ပြုစာကို နိရဉ္စရာမှ လက်ခံ ရရှိခြင်းမရှိသေးပါ။ ဤစာမှာ Rakhine News Group မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)

____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။